Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့တွင် စစ်ကောင်စီက ပြည်သူတစ်ဦးကိုတစ်လနီးပါးဖမ်းဆီးထိန်းသိမ်းပြီးနောက် သေဆုံးပြီဟု မိသားစုကို အကြောင်းကြား၊ အလောင်းပြန်မရ

ဟားခါးမြို့တွင် စစ်ကောင်စီက ပြည်သူတစ်ဦးကိုတစ်လနီးပါးဖမ်းဆီးထိန်းသိမ်းပြီးနောက် သေဆုံးပြီဟု မိသားစုကို အကြောင်းကြား၊ အလောင်းပြန်မရ

0
By Editor on November 10, 2021 Khonumthung

ချင်းပြည်နယ် ဟားခါးမြို့တွင် အာဏာသိမ်းစစ်ကောင်စီက အသက် ၂၄ နှစ်အရွယ် Pu Rual Cung ကို တစ်လနီးပါး ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် သေဆုံးသွားပြီဟု မိသားစုဝင်များထံ အကြောင်းကြားကာ အလောင်းလည်းပြန်မပေးတော့ကြောင်း သိရသည်။

ဟားခါးမြို့မှ ၃ မိုင်ခန့်အကွာ နှီယာန်လောန်ထာရ်ရွာတွင်နေထိုင်သော Pu Rual Cung သည် ပြီးခဲ့သည့် အောက်တို ဘာလ ၁၂ ရက်နေ့က စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသည့်နောက်ပိုင်း မိသားစုနှင့်လည်းအဆက်အသွယ်မရတော့ပဲ တစ်လနီးပါး အကြာ နိုဝင်ဘာလ ၉ ရက်နေ့တွင် သေဆုံးသွားပြီဟု စစ်ကောင်စီက မိသားစုထံအကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု ဟားခါးမြို့မှ ၎င်းတို့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

“သူတို့ရွာဘက်မှာ ပြီးခဲ့တဲ့လက CDF နဲ့ စစ်ကောင်စီတပ်တွေ ပစ်ခတ်တာရှိတယ် အဲဒီပစ်ခတ်မှုဖြစ်ပြီးနောက်မှာ ရွာသားတွေအဖမ်းခံရတော့ သူလည်းပါသွားတယ်၊ သူ့အဖေဆီမှာ စစ်ကောင်စီတွေက ဖုန်းလှမ်းဆက်တော့ နင့်သား သေပြီ အလောင်းလည်းပြန်မရနိုင်ဘူးဆိုပြီးအကြောင်းကြာလာတာ” ဟု ၎င်းတို့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

ကလေး ၃ ယောက်ဖခင်ဖြစ်သည့် Pu Rual Cung သည် တောင်ယာခြံစိုက်ခင်းကိုသွားရာမှ စစ်ကောင်စီတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းခံရခြင်းဖြစ်သည်ဟုသိရပြီး ဖမ်းဆီးချုပ်နှောင်ချိန်ကာလတွင်လည်း မိသားစုဝင်များနှင့် တွေ့ဆုံဆက်သွယ်ခွင့်မရရှိခဲ့ပေ။

Pu Rual Cung ၏ အသုဘအစီစဉ်ကို ယမန်နေ့ညက အလောင်းမပါပဲ ဆုတောင်းခြင်းနှင့်ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလတုန်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဟားခါးမြို့မှ ဦးတလဲရ်လိန်းနှင့် ဦးခမ်းဘွေတို့နှစ်ဦးကို ဖမ်းဆီးကာ စစ်ဆေးရိုက်နှက်ခံရမှုကြောင့် သေဆုံးသွားခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးကာ မီးသဂြိုလ်လိုက်သည်ဟု မိသားစုများထံ အကြောင်းကြားခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.