(04SS)
ချင်းပြည်နယ် ဟားခါးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က မြို့တွင်း လမ်းသွားလမ်းလာယာဉ်များအား လိုင်စင်စစ်ဆေးမှု တင်းကြပ်လာကာ ဆိုင်ကယ်များ သိမ်းဆည်းခြင်း၊ ငွေကြေးများ အဆမတန်ကောက်ခံနေသည်ဟု သိရသည်။
“အခု ဆိုင်ကယ်တွကို စစ်တယ်၊ လိုင်စင်သက်တမ်းကုန်ဆုံးတာတွေရော စစ်တယ်ပေါ့နော်၊ လိုင်စင်သက်တမ်းတိုးဖို့လိုတယ်၊ မတိုးထားရင် ဆိုင်ကယ်သိမ်းတယ် ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတယ်၊ ပိုက်ဆံကို အဆမတန်ေတာင်းတယ်လေ၊ ပြီးတော့ ပိုကောင်းတဲ့ဆိုင်ကယ်ဆို ပိုက်ဆံပိုတောင်းတယ်လို့ပြောတယ် အဲလိုမျိုးပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့၀င်များသည် လူစည်ကားသည့် လမ်းစုံလမ်းခွများတွင် အင်အားအများအပြားဖြင့် နေရာယူကာ စစ်ဆေးမှုများပြုလုပ်ပြီး လိုင်စင်သက်တန်းကုန်ဆုံးသူများ၊ ဦးထုပ်မဆောင်းသူများအား အနည်းဆုံး မြန်မာကျပ်ငွေ ၃၀,၀၀၀ မှ ၇၀၀,၀၀၀ အထိ အဆမတန် ကောက်ခံနေသည်ဟု ဒေသခံများပြောပြချက်အရ သိရသည်။
ထို့ကြောင့် ဟားခါးမြို့ရှိ ဒေသခံပြည်သူများသည် လိုင်စင်သက်တမ်းတိုးရန် ရုံးဖွင့်ရက်တိုင်း အယောက် ၃၀ မှ ၅၀ ဝန်းကျင်ရှိပြီး ကြိတ်ကြိတ်တိုးတန်းစီလျက်ေစာင့်ဆိုင်းလေ့ရှိကြောင်း ကညနရုံးဝန်ထမ်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လက်ရှိ ဟားခါးမြို့ကညနရုံးတွင် ရှိပြီးသားလိုင်စင်များသာ သက်တမ်းတိုးခွင့်ပြုထားကြောင်း သိရသည်။