• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့ Zion ဘုရားကျောင်း ဝန်ထမ်းအိမ်ယာအား စကစမှ ဝင်စီးပြီး ၇ ဦး ဖမ်စီးသည့်အပြင် ပြည်တော်သာရပ်ကွက်တွင်လည်း သေနတ်များ ပစ်ဖောက်ခဲ့

ဟားခါးမြို့ Zion ဘုရားကျောင်း ဝန်ထမ်းအိမ်ယာအား စကစမှ ဝင်စီးပြီး ၇ ဦး ဖမ်စီးသည့်အပြင် ပြည်တော်သာရပ်ကွက်တွင်လည်း သေနတ်များ ပစ်ဖောက်ခဲ့

0
By Editor on June 19, 2021 Khonumthung
ချင်းပြည်နယ် ဟားခါးမြို့ရှိ Zion နှစ်ခြင်းအသင်းတော်၏ ဝန်ထမ်းအိမ်ယာအား စစ်ကောင်စီမှ ယနေ့ညနေပိုင်း ၅နာရီဝန်းကျင်တွင် ဝင်ရောက်စီးနင်းခဲ့ပြီး လူငယ် ၇ ဦးအား ဖမ်းစီးသွားသည့်အပြင် ညပိုင်းတွင်လည်း ပြည်တော်သာရပ်ကွက်အတွင်း သေနတ်များပစ်ဖောက်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်မှ ယနေ့ညနေပိုင်းတွင် Zion နှစ်ခြင်းအသင်းတော်၏ ဝန်းထမ်းအိမ်ယာအား ဝင်ရောက်စီးနင်းခဲ့ပြီး သင်းအုပ်ဆရာ Rev. Than Thio ၏ ကလေးနှစ်ဦး မူကြိုဆရာမ Sayamah Tawk ၏ ကလေးနှစ်ဦး နှင့် အနီးအနားမှ လူ ၃ ဦး စုစုပေါင်း ၇ ဦး အား အကြောင်းအရင်း မသိရဘဲ ဖမ်းဆီးသွားကြောင်းသိရသည်။
“ညနေက ၇ ယောက်ဖမ်းခံရတယ်၊ ပြန်လွှတ်ပေးမယ်လို့တော့ ပြောတယ်တဲ့၊ ဘာအတွက်ဖမ်းတာလည်းတော့မသိရဘူး၊ စစ်သင်တန်းတက်တဲ့သူရှိတဲ့ဆိုပြီး လိုက်ရှာတာလို့လည်းကြားတယ်၊ ပြီးတော့ ညပိုင်းမှာလည်း ပြည်တော်သာ ရဲစခန်းနားလိုက်မှာ သေနတ်သံတွေလည်း ကြားရတယ်လို့ အဲနားနေတဲ့သူတွေကပြောတယ်”ဟု ဟားခါးမြို့ခံတစ်ဦးမှပြောသည်။
ဟားခါးမြို့ ညပိုင်းပစ်ခတ်မှုမှာ ပြည်တော်သာရပ်ကွက်တွင်ပစ်ခတ်ခဲ့ပြီး တစ်ခါပစ် ၆ ချက်နှုန်းဖြင့် ၄ ကြိမ်ခန့် ပစ်ခတ်သံကြားရကာ Drone ပြန်သန်းသည်ကိုလည်းတွေ့ရကြောင်း ဒေသခံများထံမှသိရသည်။
ယခုရက်ပိုင်း ဟားခါးမြို့တွင် စစ်ကောင်စီတပ်မှ လုံခြုံရေးတင်းကြပ်ပြီး လှည့်လည်မှုများရှိကာ သေနတ်များလည်း မကြာခဏဖောက်လေ့ရှိကြောင်း သိရသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လက်နက်ကြီးကြောင့် ၃ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအဝင် လူ ၄ ဦးဒဏ်ရာရ

ချင်း-လူရှိုင်း-ကူကီးမျိူးနွယ်များ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်မည်ဟုဆို

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.