Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့ Zion ဘုရားကျောင်း ဝန်ထမ်းအိမ်ယာအား စကစမှ ဝင်စီးပြီး ၇ ဦး ဖမ်စီးသည့်အပြင် ပြည်တော်သာရပ်ကွက်တွင်လည်း သေနတ်များ ပစ်ဖောက်ခဲ့

ဟားခါးမြို့ Zion ဘုရားကျောင်း ဝန်ထမ်းအိမ်ယာအား စကစမှ ဝင်စီးပြီး ၇ ဦး ဖမ်စီးသည့်အပြင် ပြည်တော်သာရပ်ကွက်တွင်လည်း သေနတ်များ ပစ်ဖောက်ခဲ့

0
By Editor on June 19, 2021 Khonumthung
ချင်းပြည်နယ် ဟားခါးမြို့ရှိ Zion နှစ်ခြင်းအသင်းတော်၏ ဝန်ထမ်းအိမ်ယာအား စစ်ကောင်စီမှ ယနေ့ညနေပိုင်း ၅နာရီဝန်းကျင်တွင် ဝင်ရောက်စီးနင်းခဲ့ပြီး လူငယ် ၇ ဦးအား ဖမ်းစီးသွားသည့်အပြင် ညပိုင်းတွင်လည်း ပြည်တော်သာရပ်ကွက်အတွင်း သေနတ်များပစ်ဖောက်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်မှ ယနေ့ညနေပိုင်းတွင် Zion နှစ်ခြင်းအသင်းတော်၏ ဝန်းထမ်းအိမ်ယာအား ဝင်ရောက်စီးနင်းခဲ့ပြီး သင်းအုပ်ဆရာ Rev. Than Thio ၏ ကလေးနှစ်ဦး မူကြိုဆရာမ Sayamah Tawk ၏ ကလေးနှစ်ဦး နှင့် အနီးအနားမှ လူ ၃ ဦး စုစုပေါင်း ၇ ဦး အား အကြောင်းအရင်း မသိရဘဲ ဖမ်းဆီးသွားကြောင်းသိရသည်။
“ညနေက ၇ ယောက်ဖမ်းခံရတယ်၊ ပြန်လွှတ်ပေးမယ်လို့တော့ ပြောတယ်တဲ့၊ ဘာအတွက်ဖမ်းတာလည်းတော့မသိရဘူး၊ စစ်သင်တန်းတက်တဲ့သူရှိတဲ့ဆိုပြီး လိုက်ရှာတာလို့လည်းကြားတယ်၊ ပြီးတော့ ညပိုင်းမှာလည်း ပြည်တော်သာ ရဲစခန်းနားလိုက်မှာ သေနတ်သံတွေလည်း ကြားရတယ်လို့ အဲနားနေတဲ့သူတွေကပြောတယ်”ဟု ဟားခါးမြို့ခံတစ်ဦးမှပြောသည်။
ဟားခါးမြို့ ညပိုင်းပစ်ခတ်မှုမှာ ပြည်တော်သာရပ်ကွက်တွင်ပစ်ခတ်ခဲ့ပြီး တစ်ခါပစ် ၆ ချက်နှုန်းဖြင့် ၄ ကြိမ်ခန့် ပစ်ခတ်သံကြားရကာ Drone ပြန်သန်းသည်ကိုလည်းတွေ့ရကြောင်း ဒေသခံများထံမှသိရသည်။
ယခုရက်ပိုင်း ဟားခါးမြို့တွင် စစ်ကောင်စီတပ်မှ လုံခြုံရေးတင်းကြပ်ပြီး လှည့်လည်မှုများရှိကာ သေနတ်များလည်း မကြာခဏဖောက်လေ့ရှိကြောင်း သိရသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.