• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»(အေအေ) တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ကင်းတလင်းရွာသား (၅၂) ဦးအတွက် မိသားစုဝင်များစိုးရိမ်၊ အမြန်ဆုံးပြန်လွှတ်ပေးဖို့ CHRO တောင်းဆို

(အေအေ) တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ကင်းတလင်းရွာသား (၅၂) ဦးအတွက် မိသားစုဝင်များစိုးရိမ်၊ အမြန်ဆုံးပြန်လွှတ်ပေးဖို့ CHRO တောင်းဆို

0
By Editor on June 4, 2019 Headline

By လားနွန် – ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ) မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ပလက်ဝမြို့နယ် ကင်းတလင်းကျေးရွာသား (၅၂) ဦးသည် ယနေ့ချိန်ထိ မိသားစုဝင်များနှင့်အဆက်အသွယ်မရရှိသည့်အတွက် စိုးရိမ်ပူပန်နေကြပြီး အမြန်ဆုံးပြန်လွှတ်ပေးရန် ချင်းလူအခွင့်အရေးအဖွဲ့ (CHRO) ကတောင်းဆိုသည်။

(အေအေ) တပ်ဖွဲ့အနေဖြင့် အဆိုပါရွာသားများကို ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ (၄) လကျော်ကြာမြင့်နေပြီဖြစ်ပြီး ၎င်းတို့ကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးသင့်သည်ဟု ချင်းလူ့အခွင့်အရေးဖွဲ့မှ Field Director ကိုတေရ (Terah) ကပြောသည်။

“သူတို့ကို ဖမ်းဆီးခေါ်ဆေင်သွားတာ အခုဆိုရင် (၄) လကျော်နေပြီ သူတို့ကအပြစ်မဲ့ပြည်သူတွေပါ ဘာဖြစ်လို့ အပြစ်မဲ့ပြည်သူတွေကို ဦးတည်ပြီး အဲလိုလုပ်သလဲ၊ အဲဒီအခုဖမ်းတဲ့အထဲမှာ ကျောင်းနေကလေးတွေက (၁၇) ယောက်ရှိတယ် သူတို့အတွက်လည်း အခုကျောင်းဖွင့်နေပြီ သူတို့အဲလိုကျောင်းမတက်နိုင်ဘူး သူတို့ဖမ်းထားလို့ရှိရင် ကလေးတွေရဲ့အနာဂတ်ကိုလည်းပဲ သူတို့ဖျက်ဆီးရာရောက်တယ် ဖြစ်နိုင်ရင်တော့ ချက်ခြင်းခြွင်းချက်မရှိလွှတ်ပေးဖို့ ကျနော်တို့အနေနဲ့တောင်းဆိုပါတယ်’’ ဟု ကိုတေရကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂) ရက်နေ့က အေအေတပ်ဖွဲ့များသည် ကင်းတလင်းရွာသို့ ရောက်လာကြပြီး ရွာသားများအား ဘုရားကျောင်းတွင်လူစုခိုင်းကာ မြန်မာ့တပ်မတော်မှ ဗုံးကျဲတိုက်ခိုက်မည့်အတွက် ၎င်းတို့နောက်သို့ လိုက်ရန်ပြောဆိုပြီး ရွာသားများက ငြင်းဆန်ကြသော်လည်း ဆယ်အိမ်မှူးကို ထိုးကြိတ်ရိုက်နှက်ကာ ရွာသား (၅၄) ဦး ဘင်္ဂလားဒေရှ့် နယ်စပ်ဘက်သို့ ခြိမ်းခြောက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု CHRO ကဆိုသည်။

မိသားစုဝင် (၆) ဦးနှင့် ခွဲခွာနေရသူ ကင်းတလင်းကျေးရွာ မူလတန်းကျောင်းမှ အထွေထွေလုပ်သား ဦးကံအောင်က “ကျွန်တော့် မိန်းမနှင့်သမီး (၆) ယောက်လည်း သူတို့ဖမ်းတဲ့ထဲမှာပါတယ်၊ AA အဖွဲ့လာဖမ်းတဲ့အခါမှာ ကျွန်တော်က အလုပ်ကိစ္စနဲ့ခရီးသွားတဲ့အခါမှာဖြစ်တယ်ဆိုတော့ ကျွန်တော်စိတ်နာတယ်၊ ကျွန်တော်က ၀မ်းနည်းလွန်းလို့ ဦးနှောက် တောင်မှ သိပ်မမှန်တော့ဘူး၊ သူတို့ဖမ်းဆီးခေါ်ဆောင်သွားဒါ (၄) လတောင်ရှိပြီ အဆက်အသွယ်လဲမရှိဘူး ဆိုတော့ ကျွန်တော့်မိသားစုအတွက် ကျွန်တော်အလွန်စိုးရိမ်ပြီး ၀မ်းနည်းနေရတယ်” ဟု ပြောဆိုကြောင်း CHRO ၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၎င်းတို့ကို ဘင်္ဂလားဒေရှ်နယ်စပ် အေအေတပ်စခန်းတစ်နေ့ရာတွင် ထိန်းသိမ်းထားဆဲဟု သိရပြီး စခန်းအပြင်ဖက်သို့ သွားလာခြင်းများလုံးဝတားမြစ်ပိတ်ပင်ခံနေရသည်ဟု CHRO ကဆိုသည်။

AA လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ကင်းတလင်းကျေးရွာ ရွာသား (၅၂) ဦးထဲတွင် အမျိုးသမီး (၃၃) ယောက်၊ ကျောင်းနေကလေးသူငယ်ပေါင်း (၁၇) ယောက်နှင့် မိန်းကလေးငယ် (၉) ယောက်ပါရှိကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.