Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကနန်ရွာ လေကြောင်းတိုက်ခိုက်မှုမှ ဒဏ်ရာရ ကလေးငယ် ၁၁ ဦးအပါအဝင် ၁၉ ဦးကို ဆေးဝါးကုသခွင့် မရရှိရန် စစ်ကောင်စီ ကန့်သတ်ပိတ်ပင်ထား

ကနန်ရွာ လေကြောင်းတိုက်ခိုက်မှုမှ ဒဏ်ရာရ ကလေးငယ် ၁၁ ဦးအပါအဝင် ၁၉ ဦးကို ဆေးဝါးကုသခွင့် မရရှိရန် စစ်ကောင်စီ ကန့်သတ်ပိတ်ပင်ထား

0
By Editor on January 12, 2024 Headline

(006SV)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကနန်ကျေးရွာမှ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသည့် ကလေးငယ် ၁၁ ဦးအပါအဝင် အရပ်သား ၁၉ ဦးကို စစ်ကောင်စီက ဆေးဝါးကုသခွင့် ပိတ်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ဇန်နဝါရီလ ၁၂ ရက် သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူများက ပြောသည်။

“စစ်ကောင်စီက ဒဏ်ရာ ရသူတွေကို မြို့ထဲကို အဝင်မခံဘူး။ ခိုးပြီးတော့ တိတ်တိတ်ဝင်မှာ ကြောက်လို့လည်း မြို့ထဲက ပုဂ္ဂလိက ဆေးရုံးဆေးခန်းတွေကို ရှောင်တခင် ဝင်စစ်တယ်။ ကနန်ရွာက လာတဲ့ လူတွေကို ဘယ်သူမှ ကုသခွင့် မပေး ရဘူး။ ပိတ်ပင်ထားတာပါ။ ကျမတို့က မဖြစ်ဖြစ်တဲ့ နည်းလမ်းနဲ့ ဒဏ်ရာ ရထားတဲ့ လူတွေကိုဆေးဝါးကုသမှု ပေးနေ ပါတယ်။ ဘယ်နေရာမှာ ဘယ်သူတွေဆိုတာ လုံခြုံရေးအရ ထုတ်ဖော်ပြောကြားလို့ မရပါဘူး” ဟု Mobile Medical Team – West Division ၏ တာဝန်ခံဆရာမ ဒေါ်ရတီအုန်းက ပြောသည်။

တမူးမြို့နယ်၊ ခမ်းပတ်မြို့အနီး ကလေး-တမူးကားလမ်းမပေါ်ရှိ ကနန်ကျေရွာ၏ အ.ထ.က ကျောင်းခွဲနှင့် St. Peter ဘုရားကျောင်းအနီးကို ဘုရားကျောင်းတက်ချိန်မှာ ဇန်နဝါရီလ ၇ ရက်က စစ်ကောင်စီက A- 5 တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် (တစ်ကြိမ်လျှင် ဗုံးနှစ်လုံး) ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယင်းတိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်မှ ၁၇ နှစ်အရွယ် ကလေးသူငယ် ၉ ဦးအပါအဝင် အရပ်သားပြည်သူ ၁၇ ဦးသည် တချို့မှာ ခန္ဓာကိုယ်အစိတ်အပိုင်းများ တစစီ ပြတ်တောက်လျက် သေဆုံးသွားသည်ဟု သိရသည်။

ထိခိုက်ဒဏ်ရာ ရရှိသူ ၁၉ ဦးအထိ ရှိခဲ့ရာမှာ အသက် ၃ နှစ်မှ ၁၆ နှစ်အရွယ် ကလေးငယ် ၁၁ ဦးအထိ ပါဝင်ခဲ့ပြီး လက်ရှိမှာ စစ်ကောင်စီက ဆေးဝါးကုသမှု မရရှိစေရန် တားဆီးကန့်သတ်ထားခြင်းများ ပြုလုပ်ထားခြင်းဖြစ်သည်။

ထိခိုက်ဒဏ်ရာ ရရှိသူများထဲတွင် မိသားစုတစ်ခုထဲက ဒဏ်ရာရရှိသူနှင့် ထိခိုက်သေဆုံးသူများရှိခဲ့သည်ဟု သိရသည်။

လွတ်မြောက်နယ်မြေတစ်နေရာတွင် ထိခိုက်ဒဏ်ရာရရှိသူများကို NUG ဆေးအဖွဲ့နှင့် ဒေသကာကွယ်ရေးဆေးအဖွဲ့များမှ ကုသမှုပေးနေပြီး ဆေးကုသနေရာကို သတင်းပေါက်ကြား၍ စစ်ကောင်စီက လေကြောင်းက ထပ်မံတိုက်ခိုက်လာမည်ကို စိုးရိမ်းနေရသည်ဟု NUG အစိုးရအဖွဲ့၊ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ မြေပြင်တာဝန်ခံ မခိုင်လေးက ပြောသည်။

စာသင်ကျောင်း (၂) ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း (၁) ကျောင်းနှင့် နေအိမ် (၁၀) လုံး ထိခိုက်ပျက်စီးခဲ့ရသည်၊

ကနန်ကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ဇန်နဝါရီလ ပထမပတ်ထဲမှာပင် နိုင်ငံတစ်ဝန်းတွင် ကလေးငယ် ၁၈ ဦးအပါအဝင် အရပ်သား ၅၇ ဦးမှာ စစ်ကောင်စီ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇောက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

စစ်အာဏာသိမ်းချိန်မှ ၂၀၂၃ ဒီဇင်ဘာလအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှု ၅၈၀ ကျော်ပြုလုပ်ခဲ့ရာ အရပ်သားသေဆုံးသူ ၈၉၇ ဦးအထိ ရှိခဲ့သည်။

ထို့သို့ ကျူးလွန်မှုများတွင် ပါဝင်သော အမိန့်ပေးစေခိုင်းသူ၊ လက်ရောက်ကျူးလွန်သူ၊ အားပေးအားမြှောက်ပြုသူနှင့် တာဝန်ရှိသူအဆင့်ဆင့်ကို ပြည်တွင်း တရားစီရင်ရေးစနစ်ဖြင့် ဖမ်းဆီးအရေးယူ ပြစ်ဒဏ်ချနိုင်ရေး ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.