Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကန်ပက်လက်ကို စစ်ကောင်စီက လေကြောင်းအပြင်းအထန်တိုက်ခိုက် ၃ နှစ်အရွယ်ကလေးအပါအဝင် ဒေသခံ ၂ ဦး သေဆုံး၊ ၆ လအရွယ်အပါအဝင် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိ

ကန်ပက်လက်ကို စစ်ကောင်စီက လေကြောင်းအပြင်းအထန်တိုက်ခိုက် ၃ နှစ်အရွယ်ကလေးအပါအဝင် ဒေသခံ ၂ ဦး သေဆုံး၊ ၆ လအရွယ်အပါအဝင် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိ

0
By Editor on August 14, 2024 Headline

(006SV)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲရှိ ဆတ်ချောက်ကျေးရွာကို ယမန်နေ့က စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ၃ နှစ်အရွယ်ကလေးငယ်အပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၆လသားကလေးငယ် အပါ အဝင် ဒေသခံပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာများ အပြင်းအထန်ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“သေဆုံးတဲ့ လူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိတဲ့ လူတွေ အားလုံးဟာ ဒေသခံပြည်သူတွေပဲ။ တိုက်ပွဲလည်း မရှိပါဘူး။ သူတို့က ပစ်ချင်လို့ကို ပစ်သွားတာပါ။ ထိခိုက်သေဆုံးမှုတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်နေပါတယ်။ ပေါင် ၅၀၀ ဗုံးတွေနဲ့ပါ ကြဲချသွားတာပါ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။

ဩဂုတ်လ ၁၃ ရက် နေ့လည် ၁ နာရီ ၄၈ မိနစ်ခန့်တွင် ကန်ပက်လက်မြို့နယ်၊ ဒါးရင်ဒူးဒေသအုပ်ချုပ်မှု နယ်မြေရှိ၊ ဆတ်ချောက်အုပ်စု၊ ဆတ်ချောက်ကျေးရွာရှိ စာသင်ကျောင်ကို ပစ်မှတ်ထားပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက် မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက် ၃ နှစ်အရွယ် မောင်ထန်းမနားနှင့် အသက် ၄၂ နှစ်အရွယ် ဒေါ်လိုင်းလှေ့တို့သည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ပွဲချင်းပြီ သေဆုံးသွားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

၆ လသားအရွယ်မိန်းကလေးငယ် ၁ ဦး၊ အသက် ၁၂ နှစ်အရွယ် ကျား ၁ ဦး၊ အသက် ၅၂ အရွယ် ကျား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၄ ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

စာသင်ကျောင်း ၁ ကျောင်းနှင့် လူနေအိမ် ၄ လုံးတို့မှာ လုံးဝ ထိခိုက်ပျက်စီးသွားကြပြီး လူနေအိမ် ၂ လုံးမှာ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားကြောင်း သိရသည်။

ဆတ်ချောက်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများကို ပေါင် ၅၀၀ ဗုံး ၂ လုံးအပါအဝင် ဗုံး ၆ လုံးခန့်ဖြင့် အရပ်သားပြည်သူများကို ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်လာမှာကို စိုးရိမ်နေကြသည့်အတွက် ဆတ်ချောက်ကျေးရွာ ဒေသခံအားလုံးသည် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.