Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကန်ပက်လက်နှင့် ကျင်ဒွေးရှိ အသက် ၁၈ နှစ်အထက် လူငယ်အားလုံး စစ်မှုထမ်းရန် CDF – ကန်ပက်လက် ခေါ်ယူ

ကန်ပက်လက်နှင့် ကျင်ဒွေးရှိ အသက် ၁၈ နှစ်အထက် လူငယ်အားလုံး စစ်မှုထမ်းရန် CDF – ကန်ပက်လက် ခေါ်ယူ

0
By Editor on July 8, 2025 Headline

အခြေခံစစ်သင်တန်းကို အဖက်ဖက်မှ ကူညီပေးသော ULA/AA ကို ကျေးဇူးတင်ဟု CDF – ကန်ပက်လက်ဆို

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်နှင့် ကျင်ဒွေးမြို့အတွင်းရှိ အသက် ၁၈ နှစ်အထက် လူငယ်များ အားလုံးကို စစ်မှုထမ်းရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက် ခေါ်ယူနေကြောင်း ကြေညာသည်။

အသက် ၁၈ နှစ်အထက် လူငယ်အမျိုးသား၊ အမျိုးသမီးများအားလုံးသည် အမျိုးသားရေးတာဝန်များကို ရှောင်လွှဲခြင်းမပြုရန်နှင့် CDF – ကန်ပက်လက်၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၃ တွင် အမျိုးသားရေး တာဝန်သိစိတ်ဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်တက်ရောက်ပေးရန် CDF – ကန်ပက်လက်က ဇူလိုလ ၈ ရက်မှာ ထုတ်ပြန်သည်။

၄ လကျော်ကြာမြင့်သည့် အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၂ ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး သင်တန်းဆင်း ရဲဘော်၊ ရဲမေများ၏ ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားကိုလည်း ကျင်းပပြီးစီးပြီဖြစ်သည်ဟု သိရသည်။

စစ်သင်တန်းတက်ရန် နှင့် အပတ်စဉ် သင်တန်းများအကြောင်း မေးမြန်းရန် CDF ကန်ပက်လက်ကို ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရသေးပေ။

CDF – ကန်ပက်လက်၏ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းကို အောင်မြင်စွာ ပြီးမြောက်နိုင်ရေးအတွက် အဖက်ဖက်မှ ပံ့ပိုးကူညီပေးခဲ့သော မဟာမိတ်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) ကို အထူးကျေးဇူးတင်ရှိကြောင်းလည်းဖော်ပြထားသည်။

ယင်းသင်တန်းအတွက် ပြည်တွင်း/ပြည်ပသို့ ရောက်ရှိနေသော CDF – ကန်ပက်လက်၏ ထောက်ပံ့ပြည်သူများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိသည်ဟု ဆိုသည်။

ကျင်ဒွေးမြို့နှင့် ကန်ပက်လက်မြို့နယ်က ပြည်သူများ၏ အသက်၊ အိုးအိမ်စည်းစိမ်းကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိ ရုံသာမက ချင်းပြည်အတွင်းရှိ ပြည်သူတစ်ရပ်လုံးကို အကာအကွယ်ပေးသည့် တပ်နှင့် စစ်သည်တော်များ ဖြစ်လာစေရန်နှင့် အိမ်နီးချင်း မိတ်ဖက်တပ်ဖွဲ့များနှင့်အတူ အဖိနှိပ်ခံ ပြည်သူတစ်ရပ်လုံး လွတ်မြောက်ခြင်း ရရှိသည်အထိ ချင်းညီနောင်နှင့်အတူ တိုက်ပွဲဝင်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

ချင်းပြည်အတွင်းက အခြားသော မြို့သိမ်းတိုက်ပွဲများတွင်လည်း ချင်းညီနောင်စစ်ဆင်ရေးများတွင် အစွမ်းကုန်ဆက်လက် ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိသည်ဟု ဆိုသည်။

CDF – ကန်ပက်လက်သည် ကျင်ဒွေးမြို့နှင့် ကန်ပက်လက်မြို့နယ်ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်ထားပြီး ပြည်သူ့အုပ်ချုပ်ရေးယန္တရားများ လည်ပတ်လျက်ရှိသည်ဟု သိရသည်။

CDF – ကန်ပက်လက်ထိန်းချုပ်ထားသော ကျင်ဒွေးမြို့နှင့် ကန်ပက်လက်မြို့နယ်အတွင်း လူငယ်များ စစ်မှုထမ်းရမည့် အစီအစဉ်ကို အကောင်အထည်ဖော်နေကြောင်း သိရသည်။

ယခုနှစ် မတ်လအတွင်းက ကန်ပက်လက်မြို့နယ်၊ အမှတ် ၅ ဒေသ၊ မကြားရွာအုပ်စုမှာ ကျောင်းနေအရွယ် အသက်မပြည့် သေးသည့် လူငယ် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၉ ဦးကို စစ်မှုထမ်းရန်အတွက် CDF – ကန်ပက်လက်က ဖမ်းဆီးခေါ် ဆောင်သွားခဲ့ရာ ဧပြီလ ၁၄ ရက် ရက်စွဲဖြင့် မကြားအုပ်စု ပြည်သူများ၏ ထုတ်ပြန်ချက်တစ်စောင်နှင့်အတူ ဝေဖန်မှုများ ရှိခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.