Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကန်ပက်လက်မြို့တွင်းပစ်ခတ်မှု စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

ကန်ပက်လက်မြို့တွင်းပစ်ခတ်မှု စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

0
By Editor on December 8, 2021 Headline

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၇ ရက် နံနက်ပိုင်းကဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ပြီး တစ်ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု CDF-Kanpetlet ကထုတ်ပြန်သည်။

ကန်ပက်လက်မြို့ မြို့မရဲစခန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် မြို့တွင်းစစ်ကြောင်းထိုးလာသောကြောင့် CDF-Kanpetlet နှင့် နံနက်ပိုင်း ၇ နာရီခွဲမှ ၈ နာရီခွဲအထိ တစ်နာရီခန့်ကြာပစ်ခတ်တိုက်ခိုက်မှုဖြစ်ဖွားခဲ့ခြင်းဖြစ်သည်ဟု CDF- ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူကပြောသည်။

“မနေ့က မနက်ပိုင်းမှာ မြို့တွင်းမှာ ကင်းပုန်းတွေချထားတာပေါ့။ အဲ့နေရာကို စကစတွေဖက်ကနေပြီးမှ စစ်ကြောင်းထိုးလာတော့ ကျွန်တော်တို့ထား ထားတဲ့သူ တွေနဲ့ တိုက်ပွဲဖြစ်တာ၊ နာရီ တစ်ချက်လောက်ပဲကြာပြီးတော့မှ သူတို့ဖက်ကြ ပန်ဆုတ်သွားလို့ငြိမ်သွားတယ်။ ၂ ယောက်ကတော့ ကျတယ် အတည်ပြုလို့ရတယ် တစ်ယောက်လည်း ဒဏ်ရာရတယ်။ ကျွန်တော်တို့ဖက်တော့ ဘာမှ အထိ အခိုက်ဘာမှ မရှိဘူး” ဟု CDF- ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူကပြောသည်။

ကန်ပက်လက်မြို့တွင် စစ်ကောင်စီတပ်နှင့် CDF-Kanpetlet တပ်ဖွဲ့တို့သည် နိုဝင်ဘာလကုန်ပိုင်းကစ၍ နေ့တိုင်းနီးပါး မြို့တွင်းပစ်ခတ်မှုရှိလာခဲ့သည်။

နိုဝင်ဘာလ ၂၈ ရက်နေ့မြို့တွင်းပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ပြီး ဒီဇင်ဘာ ၃ ရက်နှင့် ၄ ရက်နေ့ကလည်း ကန်ပက်လက်မြို့ အ.ထ.က ကျောင်းဝင်းအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်ကို CDF-Kanpetlet က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံးခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.