Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကန်ပက်လက်မြို့တွင် ခရစ်ယာန်ဓမ္မအမှုတော်ဆောင်တစ်ဦး စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်

ကန်ပက်လက်မြို့တွင် ခရစ်ယာန်ဓမ္မအမှုတော်ဆောင်တစ်ဦး စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်

0
By Editor on December 14, 2021 Headline

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့တွင် ခရစ်ယာန်ဓမ္မအမှုတော်ဆောင်ပါစတာတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်မှု ဒီဇင်ဘာလ ၁၂ ရက်နေ့ကဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ကန်ပက်လက်မြို့ မြို့ဟောင်းကျေးရွာရှိ ခရစ်တော်အသင်းတော် (Church of Christ) မှ အသက် ၃၀ ခန့်အရွယ် ပါစတာ ဦးအွမ်ကီးသည် ဒီဇင်ဘာလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြပြီး နောက်တနေ့တွင် သေနတ်ဖြင့် ပစ်သတ်ကာ ကန်ပက်လက်မြို့အထွက်ဘက် ဟိုတယ်အနီးလမ်းဘေးတွင် ပစ်ထားခဲ့ကြသည်ဟု ကန်ပက်လက်မြို့မှ အမည်မဖော်လိုသည့် အသင်းတော်ပါစတာတစ်ဦးကပြောသည်။

“ကန်ပက်လက်မြို့ဟောင်းကနေ ကန်ပက်လက်မြို့ကြားမှာပေါ့နော အုတ်ဖိုရွာဆိုတာရှိတယ်၊ အုတ်ဖိုဘက်ကို လာဖို့ ဆင်းလာတဲ့အချိန်မှာ ဖမ်းတယ်လို့ကြားတယ်၊ အဲဒီဘက်မှာလည်း တိုက်ပွဲတွေ လူငယ်တွေကလည်းပစ်ထား တာရှိတော့ သူ့ကိုပြန်ပြီးမှတိုက်ခိုက်တဲ့သဘောဖြစ်မယ်ထင်တယ်၊ ဟိုတယ်ရှေ့နားမှာဘဲအလောင်းကိုပစ်ထားကြတယ်’’ ဟု အသင်းတော်ပါစတာတစ်ဦးကပြောသည်။

ပါစတာဦးအွမ်ကီး၏ ရုပ်အလောင်းကို ကန်ပက်လက်မြို့မှ ဝိတိုရိယတောင်ဘက်သွားသည့် ပန်းလေပြည်ဟိုတယ်အနီး လမ်းဘေးတွင် စစ်ကောင်စီက စွန့်ပစ်ထားသည်ကို ဒီဇင်ဘာလ ၁၃ ရက်နေ့မှ တွေ့ရှိခဲ့ကြပြီး ကန်ပက်လက်မြို့ဟောင်း သချုႋင်းတွင် ဒေသခံပြည်သူများနှင့် လူငယ်များက သဂြိုလ်ခဲ့ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းကစ၍ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် CDF-Kanpetlet တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုများလာပြီး စစ်ကောင်စီဘက်က အကျအဆုံးများကာ အထိနာနေကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးသည့်နောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်မှုကြောင့် ချင်းပြည်နယ် တွင် ခရစ်ယာန်ဓမ္မအမှုတော်ဆောင်ပါစတာ ၃ ဦး သေဆုံးသွားပြီဖြစ်ပြီး ၎င်းတို့မှ ထန်တလန်မြို့မှ ပါစတာကျူံးဗျက်ဟုမ်း၊ မတူပီမြို့မှ ဦးငိုင်ကုန်းနှင့် ကန်ပက်လက်မြို့မှ ဦးအွမ်ကီးတို့ဖြစ်ကြသည်။

ထန်တလန်မြို့TCBC အသင်းတော်ပါစတာကျူံးဗျက်ဟုမ်းသည် စက်တင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မီးလောင်ကျွမ်းသည့်လူနေအိမ်များအားငြိမ်းသတ်ရန်သွားရောက်စဉ်တွင် စစ်ကောင်စီ တပ်သားများက ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး၊ မတူပီမြို့နယ် ငလိုင်းကျေးရွာ သတင်းကောင်းအသင်းတော်မှ ပါစတာ ဦးငိုင်ကုန်းသည်လည်း စက်တင်ဘာလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးကာ ယနေ့ချိန်ထိသတင်းအစအန မရှိပျောက်ဆုံးလျက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.