Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကန်ပက်လက်မြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ဆေးဝါးနှင့်ရိက္ခာ အကူအညီလိုအပ်

ကန်ပက်လက်မြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ဆေးဝါးနှင့်ရိက္ခာ အကူအညီလိုအပ်

0
By Editor on March 23, 2022 Headline

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းတိုက်ပွဲဖြစ်ပွားမှုကြောင့် အနည်းဆုံး ကျေးရွာ ၁၀ ရွာက ဒေသခံ ပြည်သူ တစ်ထောင်ဝန်းကျင်လောက် တောထဲကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး အကူအညီလိုအပ်နေတယ်လို့ ကန်ပက်လက်မြို့နယ် ကြက်ခြေနီအဖွဲ့ထံကနေ သိရပါတယ်။

အင်အား ၃၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ CDF-Kanpetlet တပ်မဟာဌာနချုပ်ရှိရာဘက်ကို မတ်လ ၁၁ ရက်နေ့ကစပြီး စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာရာမှာ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကန်ပက်လက်တိုက်နယ် အမှတ် (၅) ဘက်မှာရှိတဲ့ စမ္မသား၊ စံအိမ်နူး ခီတော် မကြား စတဲ့ ကျေးရွာတွေဟာ တောထဲကို ထွက်ပြေးထွက်တိမ်းရှောင် နေကြရတာဖြစ်ပါတယ်။

“ကန်ပက်လက်မှာ တိုက်ပွဲဖြစ်ကတည်းကပဲထွက်ပြေးကြတာ တချို့ကျတော့ ကိုယ့်ရွာ အနီးအနားမှာဖြစ်တဲ့အခါကြတော့ ထွက်ပြေးတဲ့ဟာရှိတယ်။ သူတို့ ရွာတွေမှာ ရွာတလျှောက်စစ်ကြောင်းထိုးသွားတော့ တိုက်ပွဲဖြစ်တဲ့ အချိန်မှာ ပြေတဲ့သူ တွေ၊ တောထဲရှောင်တဲ့သူတွေက ထောင်ကျော်လောက်ရှိမယ်။ အဓိက သူတို့ဟာ စစ် ကြောင်းထိုးတဲ့ စစ်ကောင်စီဖက်က လမ်းကြောင်းတစ်လျှောက် ရွာထဲဖြစ်ဖြစ်၊ ရွာပတ်ဝန်းကျင်၊ လူနေအိမ် မုဦးအနီးအနားတွေမှာ လက်နက်ကြီးတောက် လျှောက်ထုတာနဲ့ မနေရဲဘူး” ကန်ပက်လက်ကြက်ခြေနီအသင်းမှ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ယခု ထွက်တောထဲကို ထွက်ပြေးတိမ်းရှောင်တဲ့ ပြည်သူတွေထဲမှာ အမျိုးသမီး၊ ကိုယ်ဝန်သည်နဲ့ ကလေးငယ်လည်းပါဝင်ပြီး ကိုယ်ဝန်သည် ၂ ဦးမှာ ထွက်ပြေးတိမ်းရှောင်ရင်း ကိုယ်ဝန်ပျက်ကျခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“အမျိုးသမီး၊ ကိုယ်ဝန်သည်၊ ကလေးငယ် အကုန်လုံးပေါင်းရင်တော့ ဒီရှောင်နေတဲ့ သူတို့ဟာ ၄၀၀ လောက်ရှိမယ်။ တချို့ဆိုရင်တော့ ပြေးရင်းနဲ့ ကိုယ်ဝန်ပျက်ကျတာ နှစ်ယောက်ရှိတယ်” လို့ သူက ပြောပါတယ်။

လက်ရှိ စစ်ဘေးရှောင်များအတွက် အားဆေး၊ ကလေးငယ်များနဲ့ လသားအရွယ် ကလေးများအတွက် ဆေးဝါးများ၊ ဓာတ်ဆားမှုန့်ထုတ်များနှင့် ဝမ်းပျက် ဝမ်းလျှော၊ ဖျားနာ၊ ချောင်းဆိုး ရင်ကြပ်ရောဂါများအတွက် ဆေးဝါးများ လိုအပ်နေပြီး စားနပ်ရိက္ခာများလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

Zawgyi

ကန္ပက္လက္ၿမိဳ႕နယ္က စစ္ေဘးေရွာင္ျပည္သူမ်ား ေဆးဝါးႏွင့္ ရိကၡာအကူအညီလိုအပ္

ခ်င္းျပည္နယ္၊ ကန္ပက္လက္ၿမိဳ့နယ္ထဲမွာ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းတိုက္ပြဲျဖစ္ပြားမႈေၾကာင့္ အနည္းဆံုး ေက်းရြာ ၁၀ ရြာက ေဒသခံ ျပည္သူ တစ္ေထာင္၀န္းက်င္ေလာက္ ေတာထဲကိုထြက္ေျပးတိမ္းေရွာင္ေနၾကရၿပီး အကူအညီလိုအပ္ေနတယ္လို႔ ကန္ပက္လက္ၿမိဳ႕နယ္ ၾကက္ေျခနီအဖြဲ႔ထံကေန သိရပါတယ္။

အင္အား ၃၀၀ ၀န္းက်င္ေလာက္ရွိတဲ့ စစ္ေကာင္စီတပ္ဖြဲ႔ေတြဟာ CDF-Kanpetlet တပ္မဟာဌာနခ်ဳပ္ရွိရာဘက္ကို မတ္လ ၁၁ ရက္ေန႔ကစၿပီး စစ္ေၾကာင္း ၃ ေၾကာင္းနဲ႔ ထိုးစစ္ဆင္တိုက္ခိုက္လာရာမွာ လက္နက္ႀကီးပစ္ခတ္မႈေတြေၾကာင့္ ကန္ပက္လက္တိုက္နယ္အမွတ္ (၅) ဘက္မွာရွိတဲ့ စမၼသား၊ စံအိမ္ႏူး ခီေတာ္ မၾကား စတဲ့ေက်းရြာေတြဟာ ေတာထဲကို ထြက္ေျပးထြက္တိမ္းေရွာင္ ေနၾကရ တာျဖစ္ပါတယ္။

“ ကန္ပက္လက္မွာ တုိက္ပြဲျဖစ္ကတည္းကပဲထြက္ေျပးၾကတာ တခ်ဳိ႕က်ေတာ့ ကုိယ့္ရြာ အနီးအနားမွာျဖစ္တဲ့အခါၾကေတာ့ ထြက္ေျပးတဲ့ဟာရွိတယ္။ သူတုိ႔ ရြာေတြမွာ ရြာတေလ်ွာက္စစ္ေၾကာင္းထုိးသြားေတာ့ တုိက္ပြဲျဖစ္တဲ့ အခ်ိန္မွာ ေျပတဲ့သူ ေတြ၊ ေတာထဲေရွာင္တဲ့သူေတြက ေထာင္ေက်ာ္ေလာက္ရွိမယ္။ အဓိက သူတုိ႔ဟာ စစ္ ေၾကာင္းထုိးတဲ့ စစ္ေကာင္စီဖက္က လမ္းေၾကာင္းတစ္ေလ်ွာက္ ရြာထဲျဖစ္ျဖစ္၊ ရြာပတ္ဝန္းက်င္၊ လူေနအိမ္ မုဦးအနီးအနားေတြမွာ လက္နက္ၾကီးေတာက္ ေလွ်ာက္ထုတာနဲ႔ မေနရဲဘူး” ကန္ပက္လက္ၾကက္ေျခနီအသင္းမွ အဖြဲ႔၀င္တစ္ဦးကေျပာပါတယ္။

ယခုထြက္ေတာထဲကိုထြက္ေျပးတိမ္းေရွာင္တဲ့ျပည္သူေတြထဲမွာ အမ်ဳိးသမီး၊ ကိုယ္၀န္သည္နဲ႔ ကေလးငယ္လည္း ပါ၀င္ၿပီး ကိုယ္၀န္သည္ ၂ ဦးမွာ ထြက္ေျပးတိမ္းေရွာင္ရင္း ကိုယ္၀န္ပ်က္က်ခဲ့တယ္လို႔သူကဆက္ေျပာပါတယ္။

“ အမ်ိဳးသမီး၊ ကုိယ္ဝန္သည္၊ ကေလးငယ္ အကုန္လုံးေပါင္းရင္ေတာ့ ဒီေရွာင္ေနတဲ့ သူတုိ႔ဟာ ၄၀၀ ေလာက္ရွိမယ္။ တခ်ိဳ႕ဆုိရင္ေတာ့ေျပးရင္းနဲ႔ ကုိ္ယ္ဝန္ပ်က္က် တာ ႏွစ္ေယာက္ရွိတယ္” လို႔ သူကေျပာပါတယ္။

လက္ရွိ စစ္ေဘးေရွာင္မ်ား အတြက္ အားေဆး၊ ကေလးငယ္မ်ားနဲ႔ လသား အရြယ္ ကေလးမ်ား အတြက္ ေဆးဝါးမ်ား၊ ဓာတ္ဆားမွုန႔္ထုတ္မ်ားႏွင့္ ဝမ္းပ်က္ ဝမ္းေလၽွာ၊ ဖ်ားနာ၊ ေခ်ာင္းဆိုး ရင္ၾကပ္ ေရာဂါမ်ား အတြက္ ေဆးဝါးမ်ား လိုအပ္ေနၿပီး စားနပ္ရိကၡာမ်ားလည္း လိုအပ္ေနတယ္လို႔သိရပါတယ္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.