Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကန်ပက်လက်မြို့နယ်ထဲက ကျေးရွာတချို့မှာ လူငယ်များ စစ်မှုထမ်းရန် CDF – ကန်ပက်လက် စုဆောင်းနေဟုဆို

ကန်ပက်လက်မြို့နယ်ထဲက ကျေးရွာတချို့မှာ လူငယ်များ စစ်မှုထမ်းရန် CDF – ကန်ပက်လက် စုဆောင်းနေဟုဆို

0
By Editor on September 3, 2024 Headline

(006SV)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ တိုက်နယ်အမှတ် (၅) အတွင်းက ကျေးရွာများတွင် တစ်ရွာလျှင် ၅ ဦးနှုန်းဖြင့် စစ်မှုထမ်းရန် CDF – ကန်ပက်လက်က ခေါ်ယူစုဆောင်းနေကြောင်း ကန်ပက်လက်မြို့နယ်၊ အမှတ် ၅ ပြည်သူလူထုက စက်တင်ဘာလ ၁ ရက်မှာ ထုတ်ပြန်သည်။

ကန်ပက်လက်တိုက်နယ် အမှတ် (၅) က ကျေးရွာများတွင် လူငယ်၊ လူလတ်ပိုင်းများကို CDF- ကန်ပက်လက်မှ စစ်မှုထမ်းရန် အမိန့်ပေးပြီး လက်နက်ဖြင့် ခြိမ်းခြောက်အနိုင်ကျင့်ကာ စစ်မှုမထမ်းမနေရစနစ်ကို ကျင့်သုံးလျက် အဓမ္မစုဆောင်းနေသည်ကို တွေ့ရှိရသည်ဟု အမှတ် (၅) ဒေသခံများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဩဂုတ်လ ဒုတိယပတ်အတွင်း မကြားကျေးရွာမှ လူငယ် ၃ ဦး၊ တုံငယ်ကျေရွာမှ လူငယ် ၂ ဦး၊ ခါပန်းကျေးရွာမှ လူငယ် ၆ ဦးတို့ကို စစ်မှုထမ်းစေရန် အာရက္ခတပ်တော် (AA) သင်တန်းကျောင်းသို့ ခေါ်ဆောင်သွားခဲ့ကြသည်ဟု ထုတ်ပြန်သည်။

ပြည်သူလူထု၏ သဘောဆန္ဒမပါဘဲ အဓမ္မ စစ်မှုထမ်းစေခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းများ ဆက်လက်လုပ်ဆောင်ပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် ပြသနာများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ အပြည့်အဝ တာဝန်ယူရမည်ဖြစ်ကြောင်း အမှတ် ၅ ပြည်သူလူထုက ထုတ်ပြန်လာသည်။

အမှတ် (၅) ပြည်သူလူထု၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ CDF – ကန်ပက်လက် တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းနေ သော်လည်း မရရှိသေးပါ။

ထို့အပြင် ကန်ပက်လက်မြို့နယ်အတွင်း အာရက္ခတပ်တော် ULA/AA က စစ်ရေးလှုပ်ရှားခြင်း၊ တပ်စခန်းချတပ်စွဲခြင်း လုံးဝ မပြုလုပ်ရန် ကန်ပက်လက်မြို့နယ်၊ ပြည်သူလူထုမှ ကန့်ကွက်ကြောင်း စက်တင်ဘာလ ၁ ရက်က သတင်းထုတ်ပြန်ထားသည်။

ကန်ပက်လက်မြို့နယ်ရှိ CDF အဖွဲ့တချို့သည် ပြည်သူများ၏ သဘောထားဆန္ဒရယူခြင်းမရှိဘဲ ULA/AA ကို ဖိတ်ခေါ်ပြီးနောက် ကန်ပက်လက်မြို့နယ်အတွင်း CDF အဖွဲ့အချင်းချင်းကြား ပဋိပက္ခဖြစ်ပေါ်လာခြင်း၊ လက်နက်ကိုင်အဖွဲ့မှ ပြည်သူကို ခြိမ်းခြောက်လာခြင်းနှင့် ဖမ်းဆီးခြင်းတို့ ပြုလုပ်နေသောကြောင့် မလိုလားအပ်သော ပြဿနာမျိုးစုံ ဖြစ်ပေါ်နေကြောင်း ထုတ်ပြန်သည်။

တချိန်တည်းတွင် ULA/ AA ၏ ညီနောင်မဟာမိတ်ပီသစွာ ချင်းပြည်လွတ်မြောက်ရေး ဆက်လက် ပေးဆပ်မှုများအပေါ် ကျေးဇူး တင်ရှိကြောင်း ကန်ပက်လက် – ပအဖနှင့် CDF ကန်ပက်လက် က ဩဂုတ်လ ၃၀ ရက် ရက်စွဲဖြင့် စက်တင်ဘာလ ၂ ရက်က ထုတ်ပြန်ထားသည်။

မဟာမိတ်ပီသနိုင်ရေးကို အလေးထားပြီး အနာဂါတ်တွင် ယခုထက် ပိုမိုကောင်းမွန်သော ချစ်ကြည်ရေး နှင့် ဆက်ဆံရေးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း အလေးအနက်ဖော်ပြအပ်ပါသည်ဟု CDF – ကန်ပက်လက်က ထုတ်ပြန်ထားသည်။

၂၀၂၄ ဧပြီလက ချင်းညီနောင်အဖွဲ့၏ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် CDF – ကန်ပက်လက်၏ အကူအညီ တောင်းခံမှုကြောင့် စစ်ရေးအကူအညီ၊ လူအင်အား၊ လက်နက်ခဲယမ်းများနှင့် အခြားလိုအပ်သော အကူအညီများကို ULA/AA က ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။

ကျင်ဒွေးတိုက်ပွဲတွင် ULA/AA ရဲဘော်များ၏ အသက်နှင့် ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့မှုများ ရှိခဲ့ပြီး ရဲဘော်တစ်ဦးချင်းစီ၏ ကြီးမားသော ပေးဆပ်မှုတို့အတွက် CDF ကန်ပက်လက်မှ အထူးကျေးဇူးတင်ရှိပါကြောင်း ကန်ပက်လက်ပြည်သူလူထု ကိုယ်စားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း ကန်ပက်လက် ပအဖနှင့် CDF တို့က ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.