Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကန်ပက်လက်မှာ တောထဲနှင့် နေအိမ်များမှာပါ ကျင်းပရခဲ့သည့် ယခုနှစ် စာမေးပွဲကို ရာနှုန်းပြည့်နီးပါး ဖြေဆိုအောင်မြင်၊ လာမည့်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအထိ ဖွင့်လှစ်မည်ဟုဆို

ကန်ပက်လက်မှာ တောထဲနှင့် နေအိမ်များမှာပါ ကျင်းပရခဲ့သည့် ယခုနှစ် စာမေးပွဲကို ရာနှုန်းပြည့်နီးပါး ဖြေဆိုအောင်မြင်၊ လာမည့်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအထိ ဖွင့်လှစ်မည်ဟုဆို

0
By Editor on March 26, 2024 Headline

(006SV)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် တောထဲနှင့် လူနေအိမ်များမှာပါ ကျင်းပခဲ့ရသည့် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်စာမေးပွဲတွင် ရာနှုန်းပြည့်နီးပါး ဖြေဆိုအောင်မြင်ကြောင်း ကန်ပက်လက်မြို့နယ် ပညာရေးဘုတ်အဖွဲ့မှ သိရသည်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကောင်စီ၊ ကန်ပက်လက်မြို့နယ်ပညာရေးဘုတ်အဖွဲ့တွင် ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်မှာ သူငယ်တန်း KG မှ ဧကာဒသမတန် (Grade 11) အထိ ကျောင်းသူ/သား ၆၀၀၀ ကျော် ပညာသင်ကြားခဲ့ကြကြောင်း ဒု-မြို့နယ်ပညာရေးမှူးက ပြောသည်။

“အောင်ချက်ကတော့ ရာနှုန်းပြည့်နီးပါးပါပဲ။ အမှန်တော့ အကျစနစ်က မထားရဘူးပေါ့လေ။ အရင်က ပညာရေးမူဝါဒဆိုရင်လည်း အားနည်းတဲ့ ကလေးတွေကိုကုစားရတဲ့အပိုင်းပဲ ရှိတယ်။ တကယ်လို့ အားနည်းတဲ့ ကလေးတွေကဆိုရင် မိဘတွေနဲ့ တိုင်ပင်ပြီးတော့ အသက်လည်း ငယ်သေးတယ်ဆိုရင် မိဘကလည်းသဘောတူရင် အဲဒီအတန်းကို ပြန်တက်ခိုင်းတာ ရှိပါတယ်” ဟု ဒု-မြို့နယ်ပညာရေးမှူးက ပြောသည်။

ပညာရေးဘုတ်အဖွဲ့လက်အောက်တွင် ကန်ပက်လက်မြို့နယ်အတွင်း ပညာရေးနယ်မြေ ငါးခုခွဲထားပြီး နယ်မြေ ၃ ခုက ကျောင်းသူ/ကျောင်းသားများမှာ စာမေးပွဲဖြေဆိုရာတွင် အဆင်ပြေခဲ့ကြောင်း သိရသည်။

သို့သော် ကျင်ဒွေးမြို့အနီးက နယ်မြေ ၂ ခုတွင် တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်းရသောကြောင့် စာသင်ခုံများကို လုံခြုံသော တောတွင်းနေရာများသို့ ရွေ့ပြောင်း၍ ဖြေဆိုခဲ့ရကြောင်း၊ ကျောင်းသားနည်းသော ကျောင်းများတွင် အရပ်သားနေအိမ်များတွင် ဖြေဆိုခဲ့ရကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်စာမေးပွဲများကို ၂၀၂၃ ဒီဇင်ဘာလနှင့် ၂၀၂၄ ဇန်နဝါရီလတို့တွင် ကျင်းပခဲ့ပြီး စားမေးပွဲ အောင်စာရင်းများကို မတ်လ ၁၅ ရက်က ထုတ်ပြန်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် သူငယ်တန်း KG မှ ဧကာဒသမတန် (Grade 11) အထိသာ ဖွင့်လှစ်နိုင်ခဲ့ပြီး တက္ကသိုလ်ဝင်တန်း (Grade 12) အတန်းကို မဖွင့်လှစ်နိုင်ခဲ့ပေ။

သို့ရာတွင် ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း (Grade 12) အတန်းကို ဖွင့်လှစ်နိုင်ရန်အတွက် NUG အစိုးရ၊ ပညာရေးဗဟိုအဆင့်မှ နည်းပြများက ဧပြီနှင့် မေလတွင် ကန်ပက်လက်မှ ဆရာ/မ များကို သင်တန်းများ‌ ပေးမည်ဖြစ်ကြောင်း၊ လာမည့် ပညာသင်းနှစ်ကို ဇွန်လအတွင်း စတင်မည်ဖြစ်ကာ တက္ကသိုလ်ဝင်တန်း (Grade 12) အတန်းကို စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဒုမြို့နယ်ပညာရေးမှူးက ပြောသည်။

“ပညာရေးက ဘယ်လိုပဲ ဖြစ်ဖြစ်၊ ရပ်တန့်ရမယ့်ကိစ္စ မဟုတ်တော့ ကလေးတွေကို ကျနော်တို့ရဲ့ CDM ဆရာ/မတွေက တတ်နိုင်တဲ့ ခွန်အားလေးနဲ့ ဝိုင်းဝန်းလုပ်ဆောင်နေကြတယ်။ မိဘတွေကလည်း စုဆောင်းရသမျှလေးနဲ့ စာရေးကိရိယာတွေကအစ သူတို့ကလေးတွေအတွက် ကျောင်းထားပေးကြတယ်။ များတော့ အားဖြင့် စာရေးကိရိယာအခက်အခဲတွေ ရှိတယ်။ အလှူရှင်တွေအနေနဲ့ ပညာရေးအတွက် ဝိုင်းဝန်းပံ့ပိုးကြရင် အဆင်ပြေမယ်။ ကျနော်တို့ကလည်း မျှော်လင့်မိတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ချင်းပူပေါင်းတပ်ဖွဲ့များက ဖော်ဆောင်နေခဲ့ရာ ကျင်ဒွေးမြို့က ဒေသခံများအပါအဝင် အနီးအနားကျေးရွာများမှ ဒေသခံ (၃၀၀၀) ဝန်းကျင်းမှာ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.