Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကန်ပက်လက်မှာ တော်လှန်ရေး ၃ နှစ်အတွင်း အိုးအိမ်စွ့န်ခွာ စစ်ဘေးရှောင် ၁၀၀၀၀ ကျော်ရှိ၊ ထောက်ပံ့ကူညီပေးမှုများ မရရှိသလောက် နည်းပါးနေ

ကန်ပက်လက်မှာ တော်လှန်ရေး ၃ နှစ်အတွင်း အိုးအိမ်စွ့န်ခွာ စစ်ဘေးရှောင် ၁၀၀၀၀ ကျော်ရှိ၊ ထောက်ပံ့ကူညီပေးမှုများ မရရှိသလောက် နည်းပါးနေ

0
By Editor on May 14, 2024 Headline

(006SV)

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီ၏ စစ်ကြောင်းထိုးခြင်းနှင့်လေကြောင်းတိုက်ခိုက်ခြင်းကြောင့် တော်လှန်ရေး (၃)နှစ်အတွင်း ဒေသခံပြည်သူ ၁၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရပြီး ထောက်ပံ့ကူညီမှု မရရှိသလောက် နည်းပါးကြောင်း သိရသည်။

CDF ကန်ပက်လက်၏ တော်လှန်ရေး (၃) နှစ်ပြည့်သည့် မေလ ၁၃ ရက်နေ့တွင် ကန်ပက်လက်ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရ သော အခြေအနေများ ထုတ်ပြန်ရာမှာ ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။

“စားဝတ်နေရေးက ကူညီနိုင်တဲ့ အဖွဲ့အစည်း ကြီးကြီးမာမား မရှိဘူး။ ကိုယ့်ဟာနဲ့ကိုပဲ။ တခါတလေမှာတော့ NGO အဖွဲ့အစည်း အသေးတွေ ဝင်တာမျိုးတော့ ရှိတယ်။ အခက်အခဲကတော့ အများကြီးပဲ” ဟု ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး၊ လူသားစာနာဌာနမှ တာဝန်ရှိသူက ပြောသည်။

ကန်ပက်လက်စစ်ဘေးရှောင်များသည် စားဝတ်နေရေးအတွက် ဆန်ဆီဆားတို့ကို အဓိက လိုအပ်နေပြီး ဆေးဝါးအကူအညီလည်း အများအပြားလိုအပ်ကြောင်း သိရသည်။

မိုးရာသီရောက်လျှင် လမ်းပန်းဆက်သွယ်ရေး ပိုခက်ခဲလာနိုင်သာကြောင့် ဒေသခံပြည်သူများ၏ အခက်အခဲမှာ ပိုတိုးလာရန် သာရှိကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဌာနမှ သိရသည်။

“ထောက်ပံ့တဲ့အဖွဲ့ အစည်းတွေ နည်းပါးတဲ့အတွက် အဖွဲ့အစည်းတွေအနေနဲ့ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေး၊ လူသားစာနာနဲ့ ချိတ်ဆက်ပြီး အကူအညီပေးကြစေချင်ပါတယ်။ လာမယ့် ပညာသင်နှစ် ကျောင်းလည်း မကြာခင် ဖွင့်တော့မှာ ဆိုတော့ ကိုယ်ထူ ကိုယ်ထ ပညာရေးစနစ်ကို ဖော်ဆောင်မှာ၊ ခုပြည်သူတွေက ထွက်ပြေးရတာ ကြာပြီးဆိုတော့ ပညာရေးနဲ့ ပတ်သက်တဲ့ အထောက် အပံ့လုပ်နေတဲ့ အဖွဲ့တွေရှိရင် ကူညီထောက်ပံ့မှုတွေ ပေးစေချင်ပါတယ်” ဟု မြို့နယ် လူသားစာနာဌာနမှ တာဝန်ရှိသူက ပြောသည်။

အိုးအိမ်စွန့်ခွာစစ်ဘေးရှောင်ပြည်သူ ၁၀၀၀၀ ကျော်တွင် ၅၀၀၀ ခန့်မှာ ဆောမြိုု့နယ်အတွင်း စစ်ဘေးရှောင်ကြပြီး ၃၀၀၀ ခန့်မှာ ကျင်ဒွေးတိုက်ပွဲဖြစ်စဉ်ကြောင့် စစ်ဘေးရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

ကျန် ၂၀၀၀ ခန့်မှာ ဥယျာဉ်၊ တောင်ယာခင်းများနှင့် တိုက်ပွဲမဖြစ်ပွားသော ကျေးရွာငယ်လေးများတွင် စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

တော်လှန်ရေး ၃ နှစ်တာအတွင်း စစ်ကောင်စီ၏ စစ်ကြောင်းထိုးခြင်းနှင့်လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ဒေသခံပြည်သူ ၁၁ ဦးသေဆုံးခဲ့ကြောင်း၊ CDF- ကန်ပက်လက်မှ ရဲဘော် ၂၈ ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

CDF- ကန်ပက်လက် နှင့် ကန်ပက်လက်ပအဖတို့သည် ကန်ပက်လက်မြို့နယ်ကောင်စီ၏ နိုင်ငံရေး ဦးဆောင်မှုဖြင့် တော်လှန်ရေးကို လက်တွဲညီညီ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပုံစာ – ယခင်ပုံဟောင်း

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.