Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကန်ပက်လက်မှာ ၆၅ နှစ်ရွယ်အဖိုးအိုတစ်ဦးကို စစ်ကောင်စီက ပစ်သတ်၊ နောက်ထပ်သက်ကြီးရွယ်အို ၂ ဦး ပျောက်ဆုံးနေ
ပုံစာ - တိုက်ပွဲကြောင့် တောထဲ ထွက်ပြေးတိမ်းရှောင်ကြသော ကန်ပက်လက်ဒေသခံများ

ကန်ပက်လက်မှာ ၆၅ နှစ်ရွယ်အဖိုးအိုတစ်ဦးကို စစ်ကောင်စီက ပစ်သတ်၊ နောက်ထပ်သက်ကြီးရွယ်အို ၂ ဦး ပျောက်ဆုံးနေ

0
By Editor on April 5, 2024 Headline

(006SV)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ဖျန်ချောင်းကျေးရွာတွင် စစ်ကောင်စီက ဒေသခံ သက်ကြီးရွယ်အိုတစ်ဦးကို ပစ်သတ်လိုက်ပြီး နောက်ထပ် သက်ကြီးရွယ်အို ၂ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကန်ပက်လက်မြို့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းရရှိသည်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေရာ ရဟတ်ယာဉ်များဖြင့် လွန်ခဲ့သော တစ်ပတ်ခန့်က တောတွင်းတစ်နေရာမှာ ချခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီ ၄ ရက်တွင် ဖျန်ချောင်းကျေးရွာကို ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထို့နောက် ဖျန်ချောင်းကျေးရွာတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကျေးရွာအတွင်းကျန်ရစ်ခဲ့သော ၆၅ နှစ်အရွယ် သက်ကြီးအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ပစ်သတ်ထားကြောင်း သိရသည်။

သက်ကြီးရွယ်အိုပြည်သူ ၂ ဦးမှာလည်း ဧပြီ ၄ ရက်မှ ယနေ့ ဧပြီ ၅ ရက်အထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီမှ လေကြောင်း ပစ်ခတ်မှုများ၊ နေအိမ်များကို မီးရှို့မှုများကြောင့် ကျေးရွာအတွင်းမှ နေအိမ်တချို့ မီးလောင်ပျက်စီးနေပြီး ကျေးရွာနေပြည်သူ ၁၅၀ ကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရဿည်။

ယနေ့အထိလည်း ဖျန်ချောင်းကျေးရွာတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားဆဲဖြစ်ပြီး ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဖြင့် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ယင်းစစ်ဘေးရှောင်ပြည်သူများကို ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေပြီး ပြည်တွင်း/ပြည်ပ ပြည်သူများအနေဖြင့်လည်း တတ်စွမ်းသမျှ ပံ့ပိုးကူညီပေးကြရန် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.