Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားသို့ မြန်မာနိုင်ငံသားများ မပါဝင်ကြရန် ချင်းဒုက္ခသည်ကော်မတီ (CRC) နယူးဒေလီ တိုက်တွန်း

ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားသို့ မြန်မာနိုင်ငံသားများ မပါဝင်ကြရန် ချင်းဒုက္ခသည်ကော်မတီ (CRC) နယူးဒေလီ တိုက်တွန်း

0
By Editor on June 9, 2025 Headline

(004SS)

ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဒုက္ခသည်များနေ့ (World Refugee Day) အခမ်းအနားသို့ မြန်မာနိုင်ငံသားများ လုံးဝမပါဝင်ရန် ချင်းဒုက္ခသည်ကော်မတီ (CRC) နယူးဒေလီက တိုက်တွန်းထုတ်ပြန်သည်။

နယူးဒေလီမြို့အခြေစိုက် ချင်းဒုက္ခသည်ကော်မတီ (CRC) သည် ဇွန်လ ၇ ရက်နေ့က အစည်းအဝေးတရပ်ကျင်းပပြုလုပ်ကာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ ဦးဆောင်သော ကမ္ဘာ့ ဒုက္ခသည်များနေ့ အခမ်းအနားများတွင် မြန်မာဒုက္ခသည်များ ပူးပေါင်းပါဝင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

“ အခုလို ထုတ်ပြန်ရတာက ကျွန်တော်တို့ရဲ့ နိုင်ငံမှာ အခုချိန်ထိ ပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ အသက်သေဆုံးရတယ်၊ ထိခိုက်ဒါဏ်ရာတွေနဲ့ မင်းအောင်လှိုင်လက်အောက်မှာ ဘာလုံခြုံရေးမှ မရှိဘဲ ဒုက္ခရောက်နေတယ်။ အချင်းချင်း ပစ်ခတ် တိုက်ခိုက်နေတုန်းဖြစ်တယ်။ ဒီလိုအချိန်မှာ ကျွန်တော်တို့က လွတ်မြောက်နယ်မြေမှာ ရောက်နေပြီ ဆိုပေမဲ့ ကျွန်တော် တို့စိတ်မှာ အမြဲတမ်းထိတ်လန့်နေတုန်းပါ။ ကျွန်တော်တို့ နိုင်ငံဟာ ဘယ်လိုမှ မလုံခြုံသေးဘူးဆိုတာ UNHCR ရော ကမ္ဘာသိအောင် အဓိက ချပြချင်တာပါ။ နောက်တစ်ချက်က ၂၀၂၁ ခုနှစ်နောက်ပိုင်းက ရောက်လာတဲ့သူတွေ အခုထိ UN card မရကြသေးပါဘူး။ UN card မပေးတာဟာ ကျွန်တော်တို့ကို ဒုက္ခသည်လို့ မသတ်မှတ်တာလားပေါ့ အဲဒီရည်ရွယ်ချက်နဲ့ ထုတ်ပြန်တာပါ။” ဟု CRC New Delhi မှ တာဝန်ရှိသူက ပြောသည်။

ကမ္ဘာ့ဒုက္ခသည်များနေ့ ကျင်းပရန် BOSCO အဖွဲ့မှ ထောက်ပံ့မည့် အလှူငွေများလက်မခံရန်၊ အထူးသဖြင့် BOSCO နှင့် SLIC နှင့် ဆက်စပ်လျက်ရှိသည့် အပြင်ဖြေ (NIOS) ကျောင်းသားများ ၊ ကွန်ပျူတာကျောင်းသားများ ၊ လူငယ်အသင်းအဖွဲ့များ ၊ဘာသာပြန်များ တို့သည် ၎င်းတို့ ကျင်းပသည့် အစီစဥ်များတွင် မပါဝင်စေရန် ခေါင်းဆောင်က သက်ဆိုင်ရာ ကွန်မြူ နတီအသီးသီသို့ အသိပေးရန်လည်း CRC က ဆုံးဖြတ်ထားသည်ဟု သိရသည်။

ယခင်နှစ်များတွင် ကမ္ဘာ့ဒုက္ခသည်များနေ့ကို သက်ဆိုင်ရာ လူကြီးများ ဖိတ်ကြားကာ မြန်မာဒုက္ခသည်များ အားလုံးပါဝင်ပြီး အခမ်းအနားကျင်းပခြင်း၊ လူငယ်များမှ ရိုးရာအကများ၊ သီချင်းများဖြင့် ဖျော်ဖြေခြင်းစသည်ဖြင့် စည်စည်ကားကား ကျင်းပလေ့ရှိကြောင်း သိရသည်။

“အရင်နှစ်တွေ အားလုံးမှာ လူကြီးလူကောင်းတွေ ဖိတ်၊ နေရာကောင်းကောင်းမှာ အခမ်းအနားကြီးကြီးကျယ်ကျယ် ကျင်းပ၊ လူငယ်တွေ ကခိုင်း၊ က္ခသည်အားလုံး‌ခေါ်၊ ဒေလီရှိ ဒုက္ခသည်တွေရဲ့ အခြေအနေက ဒီလိုရှိပါတယ်။ သူတို့ကို ကောင်းကောင်း စောင့်လျှောက်ထားတယ်။ သူတို့ လိုအပ်တာ ‌ဖြည့်‌ဆည်းပေးတယ်။ လိုအပ်ချက်၊ ပညာရေးကအစ အကုန်လုပ်ပေးတားတယ် ပေါ့။ သူတို့ နေထိုင်စားသောက်ရေးအဆင်ပြေပြေ ကြည့်ရှုထားပါတယ်၊ ဆိုပြီး ဒီနှစ်မတိုင်ခင်အထိ လုပ်လေ့ရှိတာပေါ့နော် ဒါပေမဲ့ ဒီနှစ်တော့ ကျွန်တော်တို့ အဲလိုမလုပ်နိုင်ဘူးပေါ့နော်” ဟု CRC New Dehli မှ တာဝန်ရှိသူက ပြောသည်။

သို့သော် နယူးဒေလီရှိ မြန်မာဒုက္ခသည်များအနေဖြင့် ကမ္ဘာ့ဒုက္ခသည်များနေ့ကို အဓိပ္ပာယ်ပြည့်ဝသော အထိမ်းအမှတ် နေ့အဖြစ် ကိုယ်ပိုင်စီစဉ်မှုများဖြင့် ကျင်းပသွားမည်ဟု သိရသည်။

အဆိုပါ အစီအစဉ်များနှင့်ပတ်သက်သည့် အသေးစိတ်ကို နောက်ထပ် အသိ ပေးသွားမည်ဟု CRC, New Delhi မှ တာဝန်ရှိသူ က ဆိုသည်။

CRC အနေဖြင့် နယူးဒေလီရှိ မြန်မာဒုက္ခသည်များ၏ အခွင့်အရေးများ ရရှိရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး ဒုက္ခသည်အသိုင်းအဝိုင်းအား ပူးပေါင်းပါဝင်ရန် တိုက်တွန်းထားသည်။

ယခုထုတ်ပြန်ချက်သည် UNHCR နှင့် အခြားနိုင်ငံတကာအဖွဲ့များ၏ ဒုက္ခသည်ဆိုင်ရာ လှုပ်ရှားမှုတစ်ခုဖြစ်သော ကမ္ဘာ့ ဒုက္ခသည်များနေ့တွင် မြန်မာဒုက္ခသည်များ၏ ပါဝင်မှုကို ယာယီရပ်ဆိုင်းထားခြင်းသာဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် CDF-Hakha ထုတ်ပြန်

CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း

CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.