Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကရင်ပြည်နယ်အတွင်း PDF အကြမ်းဖက်သောင်းကျန်းသူ ကင်းစင်ရေး KNU ခေါင်းဆောင်ပိုင်းနဲ့ တပ်မတော်သဘောတူညီမှုရသွားပြီဆိုတဲ့သတင်းအမှား

ကရင်ပြည်နယ်အတွင်း PDF အကြမ်းဖက်သောင်းကျန်းသူ ကင်းစင်ရေး KNU ခေါင်းဆောင်ပိုင်းနဲ့ တပ်မတော်သဘောတူညီမှုရသွားပြီဆိုတဲ့သတင်းအမှား

0
By Editor on December 30, 2021 Headline

နှစ်သစ် ၂၀၂၂ ကို မကူးပြောင်းမီ ကရင်ပြည်နယ်အတွင်း PDF အကြမ်းဖက်သောင်းကျန်းသူ ကင်းစင်ရေး KNU ခေါင်းဆောင်ပိုင်းနဲ့ တပ်မတော်သဘောတူညီမှုရသွားပြီဆိုတဲ့သတင်းအမှား တစ်ခုဟာ ဒီဇင်ဘာလ ၂၇ ရက်နေ့က Minn Thet Naing ဆိုတဲ့အကောင့်ပိုင်ရှင်ကနေ ရေးသားလာခဲ့ပါတယ်။

ဒါ့အပြင် “KNU(ဗဟို) နဲ့ KNU တပ်မဟာမှူးတွေရဲ့ ညွန်ကြားချက်တွေကို မလိုက်နာတဲ့ KNU အဖွဲ့ငယ်တွေကိုလည်း ပြင်းထန်စွာခြေမှုန်းဖို့ တပ်မတော်ကို အပ်နှံလိုက်ပြီလို့လည်း ကြားသိရပါတယ်” ဆိုပြီးထပ်မံရေးသားထား တာတွေ့ရပါတယ်။

အဲဒီရေးသားမှုဟာ သတင်းအမှားသာဖြစ်ပါတယ်။ Minn Thet Naing အကောင့်ပိုင်ရှင်ရေးထားသလို PDF အရေးနဲ့ပတ်သက်ပြီး KNU ခေါင်းဆောင်ပိုင်းနဲ့ တပ်မတော်သဘောတူညီမှုရရှိတယ်ဆိုတာ KNU ဘက်က တရားဝင်ထုတ်ပြန်တာမရှိခဲ့လို့ပါပဲ။ ဒါ့အပြင် လေးကေကော်ဒေသမှာ ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KNU နဲ့ PDF တို့က ပူးပေါင်းတိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ကထုတ်ပြန်တဲ့ KNU ရဲ့ကြေညာချက်ထဲမှာ စစ်ကောင်စီဟာ ဆိုးဝါးပြင်းထန်သော လူသတ်မှုနဲ့ လူ့အခွင့်အရေးချိူးဖောက်မှုများ ဖြစ်ပေါ်စေမည့်လေကြောင်းတိုက်ခိုက်မှုများအား လေးကေကော်ဒေသတွင် အချိန်မရွေး ပြုလုပ်လာနိုင်သည့်အတွက် ကမ႓ာ့ကုလသမဂ္ဂမှ ဦးစီးလျှက် အရေးပေါ်အစည်းဝေးများကျင်းပပြီး လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုံအဖြစ် သတ်မှတ်ဖို့၊ စစ်ကောင်စီအနေနဲ့ ကျဆင်းနေတဲ့ ဂုဏ်သိက္ခာကို ပြန်လည်ထိန်းသိမ်းသည့်အနေဖြင့် ၎င်းတို့ရဲ့ တပ်ဖွဲ့ဝင်တွေကိုတိုက်ပွဲဖြစ်ပွားရာဒေသမှ ပြန်ရုပ်သမ်းဖို့၊ စစ်ကောင်စီတပ်အတွင်းရှိ တပ်ဗိုလ်၊ တပ်မှူးများမှလည်း ကျရှုံးနိုင်ငံအဖြစ်သို့ရောက်ရှိနေသော မိမိတို့၏ နိုင်ငံအား ပြန်လည်ကယ်ဆယ်သည့်အနေဖြင့် ပြည်သူလူထုဘက်တွင် ပူးပေါင်းပါဝင်ကြဖို့ ရေးသားဖော်ပြထားပါတယ်။

KNU ကြေညာချက်ကြည့်ရန်………https://www.facebook.com/365915613790768/posts/1591183874597263/

ဒါကြောင့် Minn Thet Naing တင်ထားတဲ့အကြောင်းအရာဟာ သတင်းအမှားသာဖြစ်ပြီး KNU နဲ့ PDF အကြား သဘောထားအမြင်လွဲမှားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဖြန့်ဝေရေးသားခြင်းသာဖြစ်ပါတယ်။

Minn Thet Naing ရဲ့ သတင်းအမှားကို Like & React ပြုလုပ်သည် ၈၀၀ ကျော်ရှိခဲ့ပြီး မှတ်ချက်ရေးသားသူ ၂၂ ဦး နဲ့ ထပ်ဆင့်ပြန်လည်ဖြန့်ဝေသူ ၆၁ ဦးထိရှိခဲ့ပါတယ်။

နိုင်ငံရေးမတည်ငြိမ်တဲ့ အနေအထားမှာ သတင်းအတုသတင်းအမှားတွေက ဆိုရှယ်မီဒီယာပေါ်မှာ ပျံနှံ့လျက်ရှိပါတယ်။ သတင်းဖတ်သူတွေအနေနဲ့ ယုံကြည်စိတ်ချရတဲ့သတင်းဌာနက သတင်းများကိုသာဖတ်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.