Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးတောင်းပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ ခန့်​သေဆုံးဟုဆို

ကလေးတောင်းပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ ခန့်​သေဆုံးဟုဆို

0
By Editor on March 18, 2022 Khonumthung

ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး-ဂန့်ဂေါ လမ်းမပေါ်ရှိ ကလေးနည်းပညာတက္ကသိုလ်မှတဆင့် နတ်မြောင်း၊ နတ်ချောင်း ကျေးရွာဘက်သို့ အင်းအားသုံးရာဝန်းကျင်ဖြင့် စစ်ကြောင်းထိုုးလာသော စစ်ကောင်စီ တပ်ဖွဲ့များနှင့် ကလေးပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့ (PDF-Kalay) တို့အကြား မတ်လ ၁၄ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၂၀ ခန့် သေဆုံးနိုင်ဟု PDF-Kalay တပ်ရင်း (၁) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“၁၄ ရက််နေ့ကစတာ ဒီနေ့ဆိုရင် လေးရက်မြောက်ပါ။ သူတို့ကတော့ ကလေးမြို့တောင်ပိုင်းဟံသာဝတီကို လက်နက်ခဲယမ်း၊ ရိက္ခာတွေသွားပို့ရင်းနဲ့ နယ်မြေရှင်းလင်းရင်းနဲ့ တခါတည်းထိုးစစ်ဆင်တာ သုံးမျိုးပေါင်းပြီးမှ တခါတည်းလာ လိုက်တာသူတို့က။ မနေ့က သုံးရက်အတွင်းမှာ ၂၀ အထက်ရှိမယ် သူတို့ဖက်က ကျတာ။ မနေ့ကဆိုရင် လက်ဖြောင့်တပ်သားပစ်တဲ့ဟာ ၇ ယောက်ကျတယ်။ အဓိက မိုင်းဆွဲတိုက်ခိုက်တာ များတယ်။” ဟု PDF-Kalay တပ်ရင်း (၁) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နတ်မြောင်းရွာဘက်မှ နတ်ချောင်း၊ ချောင်းခွ၊ ဟားခါးလေးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့များကို လမ်းကြောင်းတလျှောက်တွင် PDF-Kalay၊ CNDF ၊ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များက အကြိမ်ကြိမ် ဖြတ်တောက်တိုက်ခိုက်ခဲ့ကြသည်ဟု ဆိုသည်။

ယနေ့ မတ်လ ၁၇ ရက်နေ့မနက်ပိုင်းတွင်လည်း ချောင်းခွကျေးရွာနှင့် အောင်ချမ်းသာကျေးရွာကြားတွင် ထပ်မံတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟုလည်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် စည်သာရွာနှင့် နတ်မြောင်းရွာအကြားတွင် PDF-Kalay တပ်ဖွဲ့တို့ အသင့်တပ်ဆင် ထားသည့် တိုက်မိုင်းကွင်းများအတွင်းဝင်ရောက်ပြီး တိုက်မိုင်းများဖြင့် အကြိမ်ကြိမ် တိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားထိခုုိက်သေဆုံးနိုင်သည်ဟု Kalay PDF ကဆိုသည်။

စည်သာရွာဘက်မှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို သုံးကြိမ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ပြီး ကားတစ်စီး ထိမှန်ခဲ့သောကြောင့် အထိနာသည့် စစ်ကောင်စီတပ်ဖွဲ့မှ နတ်မြောင်း၊ နတ်ချောင်းကျေးရွာမှ လူနေအိမ်အလုံး ၃၀ ခန့် မီးရှို့ခဲ့ကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.