Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့က ကျေးရွာတချိူ့ကို စစ်ကောင်စီက လျှပ်စစ်မီး စတင်ဖြတ်တောက်

ကလေးမြို့က ကျေးရွာတချိူ့ကို စစ်ကောင်စီက လျှပ်စစ်မီး စတင်ဖြတ်တောက်

0
By Editor on September 13, 2022 Headline

ကလေးမြို့မြောက်ဘက် နတ်ပျဉ်းအုပ်စုထဲက ကျေးရွာ ၆ ရွာကို ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ကစလို့ စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်လိုက်တယ်လို့သိရပါတယ်။

ကလေးမြို့နယ် နတ်ကြီးကုန်းနှင့် ပျဉ်းခုံလေး (နတ်ပျဉ်း) အုပ်စုထဲက နတ်ကြီးကုန်း (Tuivar)၊ ပျဉ်းခုံလေး၊ မင်းလှ၊ စံပြ၊ ရွာလှ (Khawmawi) နှင့် နန်းဇလုံ စတဲ့ကျေးရွာ ၆ ရွာကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

ခုလို လျှပ်စစ်မီး ရုတ်တရက်ဖြတ်တောက်ခံရတဲ့အကြောင်းရင်းကို တိတိကျကျမသိရပေမယ့် လျှပ်စစ်မီတာကြေး အခွန်မဆောင်တာကြောင့်ဖြစ်နိုင်တယ်လို့ နတ်ကြီးကုန်းကျေးရွာသားတစ်ဦးက ပြောပါတယ်။

“လွန်ခဲ့တဲ့ ၃ လလောက်က လျှပ်စစ်ဌာနက ခေါ်ပြီး လျှပ်စစ်မီတာကြေးအခွန်ဆောင်ကြဖို့ ပြောတယ် တကယ်လို့အခွန် မဆောင်ရင်တော့ လျှပ်စစ်မီးဖြတ်တောက်ခံရ နိုင်တယ်ဆိုပြီး ပြောတယ်၊ ကျနော်တို့ရွာသားတွေကလည်း ဘယ်လိုဘယ်လို ဆောင်ရမလဲဆိုတာမသိတော့ ရွာကိုလာပြီး လျှပ်စစ်မီးတာကြေးတွေလာကောက်ကျဖို့ လျှပ်စစ်ဌာနကလူတွေကို ကျနော်တို့ ကပြန်ပြောတယ် ဒါပေမယ့် သူတို့ကလည်းမလာဘူး ကျနော်တို့ဘက်ကလည်း သွားမဆောင်တော့ ခုလိုလျှပ်စစ်မီးဖြတ် တောက်သွားတာဖြစ်မယ်လို့ယူဆရပါတယ်” လို့ နတ်ကြီးကုန်းရွာသားတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့နဲ့ လျှပ်စစ်ဌာနက တာဝန်ရှိသူတွေဟာ သူတို့ကျေးရွာအတွင်းက လျှပ်စစ်မီး ဖျူးကြိုး (Fuse) တွေကိုလည်း အားလုံးလာဖြုတ်လိုက်ကြတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်လိုက်တာကြောင့် ကျေးရွာနေပြည်သူတွေဟာ အတော်လေးအခက်ကြုံနေရပြီး ထမင်း၊ ဟင်းချက်ဖို့ ထင်းနဲ့မီးသွေးတွေကို ပြန်လည်အသုံးပြုနေရသလို ညမှာလည်း အလင်းရရှိဖို့ ကိုယ်ထူကိုယ်ထနဲ့ ဆိုလာမီးတွေကို ပြန်လည်အသုံးပြုလာရတယ်လို့ သူကဆိုပါတယ်။

ယခုရက်ပိုင်းအတွင်း မိုးအုံ့၊ မိုးရွာပြီး နေသိပ်မထွက်တာကြောင့် ဆိုလာလည်း ဘက်ထရီအားမဝင်နိုင်တဲ့အတွက် ညမှာ မီးလင်းဖို့ကိုတောင် အဆင်မပြေကြဘူးလို့ သိရပါတယ်။

နတ်ပျဉ်းအုပ်စုထဲက အဲဒီကျေးရွာ ၆ ရွာဟာ မဟာဓာတ်အားလိုင်းကို လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က စတင်ရရှိခဲ့ကြတာလို့ သိရသိပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို နည်းမျိုးစုံနဲ့တော်လှန်ခဲ့ကြပြီး စစ်ကောင်စီယန္တရား လည်ပတ်မှုရပ်တန့်စေဖို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်ခဲ့ကြသလို အာဏာသိမ်းစစ်ကောင်စီထံ လျှပ်စစ်မီတာကြေးလည်း အခွန်မဆောင်ခဲ့ကြတော့ပါဘူး။

နောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကလေးမြို့ပေါ်ရပ်ကွက်တွေမှာ တအိမ်ဝင်တအိမ်ထွက်ပြီး ပြည်သူတွေအနေနဲ့ လျှပ်စစ်မီတာကြေးပေးဆောင်ကြဖို့ မပေးဆောင်ရင် မီးဖြတ်တောက်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပြီးနောက် ခုလို လက်တွေ့ မီးဖြတ်တောက်မှု စတင်လုပ်ဆောင်လာတာလို့ ယူဆရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.