Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့က ပုဂ္ဂလိကဆေးရုံဝန်ထမ်း ၈ ဦးထံ ကိုဗစ်ပိုးတွေ့ရှိမှုကြောင့် ဆေးရုံကို ရက်အကန့်အသတ်မရှိ ခေတ္တပိတ်ပင်

ကလေးမြို့က ပုဂ္ဂလိကဆေးရုံဝန်ထမ်း ၈ ဦးထံ ကိုဗစ်ပိုးတွေ့ရှိမှုကြောင့် ဆေးရုံကို ရက်အကန့်အသတ်မရှိ ခေတ္တပိတ်ပင်

0
By Editor on June 3, 2021 Khonumthung

By လားနွန် – ကလေးမြို့တာဟန်းရပ်ကွက်ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်သည့် ဝယ်စလီဆေးရုံတွင် ဆရာဝန်တစ်ဦးအပါအဝင် သူနာပြုဆရာမ (၇) ဦးထံ ကိုဗစ် ၁၉ရောဂါပိုးတွေ့ရှိမှုကြောင့် ဇွန်လ ၂ ရက်နေ့ ညနေ ၅ နာရီကစ၍ ပြင်ပ လူနာကုသခြင်းနှင့်အတွင်းလူနာအသစ် လက်ခံကုသခြင်းအား အချိန်အကန့်အသတ်မရှိ ခေတ္တဆိုင်းငံ့ထား သည် ဟုသိရသည်။

ဝယ်စလီဆေးရုံတွင် ကိုဗစ်ရောဂါကာကွယ်ရေး ထိန်းချုပ်ရေးအဖွဲ့မှ Positive လူနာနှင့် ထိတွေမှုရှိသူ (၂၁) ဦးအား ပိုးရှိမရှိ စစ်ဆေးရာမှ ဝန်ထမ်း (၈) ဦးထံ Positive တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ဒီနေ့စစ်ဖြစ်တယ် လူနာနဲ့ ထိတွေဆက်စပ်တဲ့သူတွေလို့ ယူဆရတဲ့ အယောက် (၂၁) ယောက်စစ်ဆေးတယ် အဲ့ထဲမှာ (၈) ယောက် Positive ဖြစ်တယ် ကျနော်သိတာမမှားဘူးဆိုရင် ကူးဆက်ခံရတဲ့သူ ကျနော်တို့ ဆရာဝန်အပါအဝင်ဆရာဆရာမတွေအားလုံးကို ကွာရန်တင်း စင်တာပို့လိုက်ပြီ အိတ်စွပ်ကွာရန်တင်းစင်တာမှာ အားလုံးကိုပို့လိုက်ပြီကျနော်တို့က အခုဆိုရင် ကျနော်လည်း Night duty ပေါ့နော် ကျနော်တို့ ဒီနေ့မှာ စစ်ဆေးမှုတွေလုပ်တယ် မနက် ၉နာရီလား ၁၀ နာရီလားစစ်ဆေးသွားတယ် ကျနော်ကျ Night duty ဆိုတော့ နေ့လည်ပိုင်းကျန်သွားတယ် ကျနော့်လိုNight duty ဆရာဆရာမတွေအများကြီးရှိပါတယ် ကျနော်တို့ မနက် Round ပြီးပြန်တယ် အားလုံးက ကျနော်တို့Positive ဖြစ်တဲ့သူတွေနဲ့ ထိတွေ့တဲ့သူတွေလည်းဖြစ်တယ် အဲဒါကြောင့် ကျနော်တို့အကုန်လုံး ပြန်လာရတယ်ဆေးရုံပြန်လာပြီးတော့ ကျနော်တို့ ဆေးရုံမှာပဲ တောက်လျှောက်နေတော့မယ် ကျနော်တို့ ဆေးရုံမှာ Lockdown ကျသွားတဲ့ထဲမှာပါတယ် အိမ်မှာနေလို့မရတော့ဘူးပေါ့နော်” ဟု ဝယ်စလီဆေးရုံမှ ဆရာဝန်တစ်ဦးကပြောသည်။

ကိုဗစ် ၁၉ ရောဂါပိုးတွေလူနာ (၈) ထဲမှ ဆရာဝန်တစ်ဦးသည် ယခင်ရက်ကတည်းမှ ဖျားနာနေရခြင်းကြောင့် အလုပ်မဆင်းနိုင်သည့်အခြေအနေရှိပြီး ကျန် (၇) ဦးထဲမှာ ဆရာမတစ်ဦးမှာလည်း အဖျားအနည်းငယ်ရှိပြီး ကျန်(၆) ဦးမှာ အနံ့ကောင်းကောင်းမရကြောင်း သူကဆက်ပြောသည်။

ဝယ်စလီဆေးရုံတွင် ပြင်ပလူနာပြန်လည်ကုသနိုင်ရန်အတွက် ခွင့်ပြုချက်ရှိသည်နှင့် တပြိုင်တည်း ပြည်သူများထံ ဆက်လက်အသိပေးသွားမည်ဖြစ်ကြောင်း ဝယ်စလီလူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထား သည်။

ကလေးမြို့နယ်တွင် ကိုဗစ် ၁၉ ကူးစက်မှုမြင့်တက်လာသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဇွန်လ ၃ ရက်နေ့ မနက်၄ နာရီမှစပြီး Stay at home ထုတ်ပြန်ထားကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အမျိုးသားတော်လှန်ရေးဆင်နွှဲမှုတွင် ရန်ပုံငွေ ထည့်ဝင်၍ ပံ့ပိုးပါဝင်ကြရန် ချင်းအမျိုးသားတပ်ဦး ထုတ်ပြန်

ဖလမ်းမြို့သို့ ထိုးစစ်ဆင်လာသော စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေ

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.