Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့တာဟန်းရပ်ကွက်လူနေအိမ်ရှေ့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ

ကလေးမြို့တာဟန်းရပ်ကွက်လူနေအိမ်ရှေ့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ

0
By Editor on April 12, 2022 Khonumthung

ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ (၁၂) The Methodist (Mission Veng) ဘုရားကျောင်းအနီး လူနေအိမ်မျက်နှာစာတွင် ယနေ့နံနက်ပိုင်း ၃ နာရီခွဲခန့်က စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ လူတစ်ဦး ဒဏ်ရာရရှိပြီး နေအိမ်မှန်တံခါးများလည်း အတော်များများ ပျက်စီးခဲ့သည်။

ယနေ့နံနက်ပိုင်း ၂ နာရီခွဲခန့်ကစ၍ ၄ နာရီခန့်အထိ ကလေးမြို့ပေါ်ရှိ နေရာအတော်များများတွင် သေနတ်ပစ်ခတ်မှုများ တရစပ်ထွက်ပေါ်ခဲ့ပြီးနောက် လက်နက်ကြီးပစ်ခတ်သံ ၃ ကြိမ် ကျယ်ကျယ်လောင်လောင် ကြားခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

“ဒီမနက် ၂ နာရီခွဲလောက်ကနေ သေနတ်သံတွေစကြားရတယ်၊ သေနတ်သံတွေ တရစပ်ကြားနေရတော့ အိပ်မရတော့ဘူး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်ကြတာလားတော့မသိဘူး၊ နောက်ပိုင်းမှာတော့ လက်နက်ကြီးသံ ၃ ခါလောက်ကြားရတယ် အသံက တော်တော်ကျယ်တယ် တုန်ခါသွားတယ်” ဟု တာဟန်းဘက်မှေဒသခံတစ်ဦးက ပြောသည်။

ကလေးမြို့တွင် ဧပြီလ ၇ ရက်နေ့ကစ၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား မြို့ပေါ်တိုက်ပွဲများ ခပ်စိတ်စိတ်ဖြစ်ပွားလာပြီး လုံခြုံရေးလည်း ယခင်ထက် တင်းကြပ်ထားသည်။

ယနေ့နံနက်ပိုင်းကစ၍ စစ်ကောင်စီတပ်ဖွဲ့များ နေရာယူထားသည့် ဗိုလ်ချုပ်လမ်းမပေါ်ရှိ နေကြာတိုက်နှင့် တောင်ဖီလာလမ်းခွဲအကြားကိုလည်းဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.