Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့တိုက်ပွဲအတွင်း ဗိုလ်ကြီး (၁) ဦးအပါအဝင် စစ်ကောင်စီတပ်သား (၁၅) ဦး သေဆုံး

ကလေးမြို့တိုက်ပွဲအတွင်း ဗိုလ်ကြီး (၁) ဦးအပါအဝင် စစ်ကောင်စီတပ်သား (၁၅) ဦး သေဆုံး

0
By Editor on February 25, 2024 Khonumthung

စစ်ကိုင်းတိုင်း ကလေးခရိုင်အတွင်းရှိ စစ်ကောင်စီအခြေစိုက်စခန်းများကို ပြည်သူ့ကာကွယ်ရေးကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ၃ ရက်တာတိုက်ခိုက်မှုတွင် ဗိုလ်ကြီးတစ်ဦးအပါအ၀င် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အမှတ် ၁ စစ်ဒေသက ယနေ့ (ဖေဖော်ဝါရီ ၂၅ ) ရက်တွင် ထုတ်ပြန်သည်။

ကလေးခရိုင်အတွင်းရှိ စစ်ကောင်စီ အခြေပြုစခန်းများဖြစ်ကြသော စက္ကန့်ရွာ၊ ကံကြီးရွာနှင့် ကံသာရွာတို့ကို ကလေးခရိုင် တပ်ရင်းများ၊ အထူးလှုပ်ရှား တပ်ရင်းများ၊ ကလေးခရိုင် မိုင်းတပ်ဖွဲ့၊ ကလေးခရိုင်/မြို့နယ် ပကဖ၊ ကလေးမြို့ပြစီမံချက် (UG) တပ်ဖွဲ့၊ VOKOK(PDF) တပ်ရင်း၊ CNDF TZ Vapual၊ RKDF၊ CDF (KKG)၊ HNB၊ GRF၊ S2UG၊ EFDF၊ TCDF၊ CDF-CDM siyin ပူးပေါင်းအဖွဲ့တို့မှ ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၃ ရက်ထိ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ကြီး မင်းခန့်ဇင် ဦးစီးသော ဒကစ (ကလေး) လက်အောက်ရှိ စက္ကန့်ရွာ၊ ကံကြီးရွာနှင့် ကံသာရွာတို့မှ စစ်ကောင်စီ အခြေပြုစခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီး (၁) ဦးအပါအဝင် (၁၅) ဦး သေဆုံးပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် (၂) ဦး ကျဆုံးခဲ့သည်။

တိုက်ပွဲအတွင်း လက်နက်ငယ် (၁၀) လက်၊ RPG-7 (၁) လက်၊ ၆၀ မမ ပြောင်းတို (၁) လက်၊ ဗုံးမျိုးစုံ (၉) လုံး၊ 7.62 ကျည် (၃၈၈) တောင့်၊ 5.56 ကျည် (၆၄၁) တောင့်၊ ကျည်အိမ် (၄) ခု သိမ်းဆည်းရသည်ဟု အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.