Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့တိုက်ပွဲ စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးဟု PDF-Kalay ထုတ်ပြန်

ကလေးမြို့တိုက်ပွဲ စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးဟု PDF-Kalay ထုတ်ပြန်

0
By Editor on November 4, 2021 Khonumthung

ကလေးမြို့တောင်ပိုင်းဒေသတွင် နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်မှစတင်၍ PDF (Kalay)၊ CNDF နှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များက ပန်းမွန်ချောင်းတံတားအနီး ကျောက်ခွဲစက်တွင် စခန်းချထားသော စစ်ကောင်စီတပ်ဖွဲ့ကို စစ်ကြောင်း ၂ ကြောင်းဖြင့် ညှပ်ပိတ်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နံနက်ပိုင်း ၁၁ နာရီခွဲအထိ တိုက်ပွဲပြင်းထန်ခဲ့သည်။

ထို့အပြင် ကလေးမြို့ဘက်မှ စစ်ကူတက်လာသော စစ်ကောင်စီယာဉ်တန်းအား စည်သာနှင့် နတ်မြောင်းရွာအကြားတွင် ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထပ်မံစစ်ကြောင်းလျှောက်တက်လာသော စစ်ကောင်စီတပ်သားများကို နတ်မြောင်းရွာအနီးတွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပိတ်ဆို့၍ တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

တိုက်ပွဲများနှင့် မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် ကလေးမြို့စစ်ဆေးရုံသို့ စစ်သားအလောင်း ၄၇ လောင်း ရောက်ရှိခဲ့ကြောင်း အတည်ပြုသိရှိရသည်ဟု PDF (Kalay) က ထုတ်ပြန်ထားသည်။

နတ်ချောင်းရွာနှင့် နတ်မြောင်းရွာအတွင်းသို့ စစ်ကောင်စီမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် လက်နက်ကြီးထိမှန်၍ ပြည်သူတစ်ဦးကျဆုံးခဲ့ပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိကာ ချောင်းခွရာမှ နေအိမ် ၃ လုံးကိုလည်း စစ်ကောင်စီက မီးရှို့ခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.