Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့တောင်ပိုင်းက စစ်ဘေးရှောင်ပြည်သူများ သောက်သုံးရေနှင့် ဆေးဝါးများ အကူအညီလိုအပ်နေ
ပုံစာ - ယခင်ပုံဟောင်း

ကလေးမြို့တောင်ပိုင်းက စစ်ဘေးရှောင်ပြည်သူများ သောက်သုံးရေနှင့် ဆေးဝါးများ အကူအညီလိုအပ်နေ

0
By Editor on March 13, 2024 Headline

(002MG)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းဖက်က စစ်ဘေးရှောင်ပြည်သူများသည် လက်ရှိတွင် သောက်သုံးရေသန့်နှင့် ဆေး၀◌ါးအကူအညီများ လိုအပ်နေပြီး စစ်ရှောင်ပြည်သူများကြားတွင် ဝမ်းပျက်ဝမ်းလျှောများလည်းဖြစ်ပွားနေသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူထံမှ သိရသည်။

ကလေးတောင်ပိုင်းဖက် စစ်ဘေးရှောင်များကိုကူညီပေးနေသူတဦးက “သူတို့ကအခုလောလောဆယ်ဒုက္ခရောက်တာက စားနပ် ရိက္ခာကထားပါအုံး တကိုယ်ရေသန့်ရှင်းရေးအတွက် ရေလိုတယ်။ရာသီအကူးဆိုတော့ တွင်းရေတွေက ခမ်းတယ်၊ လူအများ နဲ့ဆိုတော့ အိမ်သာ၊ ရေချိုးသုံးဖို့ရေကတော်တော်လေးအဆင်မပြေ ဖြစ်နေတာ။ ထင်း ရယ် ပြီးတော့ ကျန်းမာ ရေးပိုင်း အများနဲ့ဆိုတော့ ဝမ်းလျောဝမ်းပျက်တို့ ရာသီ အကူးအပြောင်းကာလဆိုတော့ ကလေးငယ်တွေ၊လူကြီးမှအစ ချောင်းဆိုး၊နှာစီးတာတွေ တော်တော်လေးခံ စားကြရတယ်” ဟု ပြောသည်။

ကလေးမြို့တောင်ပိုင်းဒေသ ထိုမာ၊ သာယာကုန်းကျေးရွာဖက်တွင် မတ်လဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲနှင့် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်း ထန်ဖြစ်ပွားနေချိန်တွင် ဟားခါးလေးကျေးရွာသို့ အိုးအိမ်စွန့်ခွါ စစ်ဘေးတိမ်းရှောင်ခိုလုံခဲ့ကြရသည်။ လူဦးရေ (၃,၀၀၀) နီးပါးရှိ သည်ဟု သိရသည်။

အဆိုပါစစ်ဘေးရှောင်များမှာ ထိုမာ၊ သာယာကုန်း၊ ကြာအင်း၊ တွန်းချောင်း၊ အောင်သာယာ ကြံသာ၊ ရှားဖိုစသည့် ကျေးရွာတို့ကဖြစ်ကြပြီး လူဦးရေအနည်းဆုံး ၃၀၀၀ ခန့်ရှိကာ ရေးအဆောက်အအုံ ၊ စာသင်ကျောင်းတို့တွင် ခိုလုံနေကြသည်ဟု စစ်ဘေးရှောင်ကူညီနေထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့နယ်ထဲက ထိုမာကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ထောက်ကြန့်ကျေးရွာ၊ မြောင်း စုံကျေးရွာ၊ စက္ကန့်ကျေးရွာ၊ စီးစံကျေးရွာ၊ သုံးအိမ်စု၊ လေးအိမ်စု ကျေးရွာဖက်တို့ နေ့စဉ်လက်နက်ကြီး များဖြင့် ပစ်ခတ် နေသောကြောင့် လူနေအိမ်များထိခိုက်ပျက်စီးခြင်း၊ အရပ်သားပြည်သူများထိခိုက်သေဆုံး ဒဏ်ရာရသူ များရှိသည်ဟု သိရသည်။

ထို့အပြင် မတ်လ (၉) ရက်နေ့ကလည်း ထိုမာကျေးရွာဖက်သို့ Mi-35 စစ်ရဟတ်ယာဉ်ဖြင့် လေကြောင်းမှ ဗုံကြဲတိုက်ခိုက် ခြင်းများပြုလုပ်ခဲ့ပြီး ထိုမာကျေးရွာက လူနေအိမ် (၂၀) နီးပါးမီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များသည် ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ကစပြီး တိုက်ပွဲပြင်းထန်ဖြစ်ပွားကာ ယနေ့ချိန်ထိ စစ်ရေးအခြေအနေတင်းမာနေဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.