Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့တွင်းတိုက်ပွဲ နေအိမ်တစ်လုံးပေါ်လက်နက်ကြီးကျရောက်ပေါက်ကွဲ ၂ ဦးဒဏ်ရာရ၊

ကလေးမြို့တွင်းတိုက်ပွဲ နေအိမ်တစ်လုံးပေါ်လက်နက်ကြီးကျရောက်ပေါက်ကွဲ ၂ ဦးဒဏ်ရာရ၊

0
By Editor on April 11, 2022 Khonumthung

ကလေးမြို့ အင်ဒိုင်းကုန်းနှင့် မြို့လှရပ်ကွက်ဘက်တွင် ယနေ့မနက်ပိုင်း ၁၀ ဝန်းကျင်လောက်ကစ၍ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အင်ဒိုင်းကုန်း(ယခင်မွှန်ထာရွာ)ရပ်ကွပ်ရှိလူနေအိမ်တစ်လုံးပေါ်ကျရောက် ပေါက်ကွဲကာ အိမ်ရှင်လင်မယားထိခိုက်ဒ ဏ်ရာရရှိခဲ့ကြသည်ဟု သိရသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အိမ်ရှင်အမျိုးသား၏ ဦးခေါင်း၊ ကျောကုန်းနှင့် ဇနီးသည်၏ လက်မောင်း၊ နောက်ကျောဘက် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည့် ကလေးမြို့ တောင်ဖီလာတောင်ကုန်းပေါ်တွင် တပ်စွဲထားကြပြီး ထိုနေရာမှတဆင့် လက်နက်ကြီး နှင့် လှမ်းပစ်ကြောင်းယူဆရသည်။

ထို့အပြင် နေ့လယ်ပိုင်း ၂ နာရီလောက်တွင် မြို့လှရပ်ကွက်အကျော် စက္ကန့်ကျေးရွာတွင် အသုဘအိမ်သို့ရောက်ရှိနေကြ သော ဒေသခံရွာသား အယောက် ၅၀ ခန့်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ညနေပိုင်း ၄ နာရီဝန်းကျင်ခန့်ကလည်း ကလေးမြို့ စန်းမြို့ရပ်ကွက်ရဲစခန်းအနီးတွင် ပေါက်ကွဲသံနှင့် ပစ်ခတ်သံများ ထပ်မံ ထွက်ပေါ်ခဲ့ပြီး အသေးစိတ်အခြေနေကိုမူ မသိရသေးပေ။

ကလေးမြို့တွင် ဧပြီလ ၇ ရက်နေ့ကစ၍ နေ့စဉ်ဆက်တိုက် မြို့တွင်းစစ်ဆင်တိုက်ခိုက်မှုများဖြစ်ပွားလျှက်ရှိကာ စစ်ကောင်စီ ဘက်ကလည်း လုံခြုံရေးတင်းကြပ်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.