Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့တွင် ကိုဗစ်သံသယလူနာ ၁၅ ဦးသေဆုံး

ကလေးမြို့တွင် ကိုဗစ်သံသယလူနာ ၁၅ ဦးသေဆုံး

0
By Editor on July 21, 2021 Khonumthung

ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဆက်လက်မြင့်တက်နေသည့် ကလေးမြို့တွင် ကိုဗစ်သံသယလူနာ ၁၅ ဦး ယမန်နေ့၊ ဇူလိုင်လ ၂၀ ရက်နေ့က သေဆုံးမှုရှိခဲ့သည်ဟု ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ထံမှ သိရသည်။

“ဒီနေ့သေဆုံးသူ အားလုံးက (၁၅) ဦးလို့ပြောရမယ်။ (၂) ဦးက သာမန်အခြားရောဂါနဲ့သေဆုံးတာ။ (၁၃) ဦးကတော့ သံသယလူနာ အဲလိုမှတ်တမ်းပြုရမှာပေါ့။ ဒီနေ့ အိတ်စွတ်ကွာရန်တင်းစင်တာနဲ့ ပြည်သူ့ဆေးရုံက သေဆုံးတာမရှိဘူး။ သေဆုံးသူတွေက နေအိမ်မှာပဲ ဆုံးတာများတယ်။ ရောဂါအခံနဲ့ အသက်ကြီးပိုင်းဖြစ်တယ်” ဟု ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး Volunteer မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့ သေဆုံးသူများမှာ ခရစ်ယာန်သချိုင်းတွင် (၂) ဦး၊ ဗုဒ္ဓဘာသာသချိုင်းတွင် (၁၂) ဦးနှင့် ထောက်ကြန့်သချိုင်းတွင် (၁) ဦးရှိကြောင်း သိရသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဇူလိုင်လ (၁) ရက်နေ့မှ (၂၀) ရက်နေ့အထိ အစိုးရမှ Positive အတည်ပြုသေဆုံးသူ (၇၀) ဦးနှင့် သံသယလူနာ (၃၉၆) ဦး စုစုပေါင်း (၄၆၆) ဦး သေဆုံးသွားပြီဖြစ်သည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်မားခြင်းကြောင့် အောက်ဆီဂျင်မလုံလောက်မှုမှာလည်း ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အမျိုးသားတော်လှန်ရေးဆင်နွှဲမှုတွင် ရန်ပုံငွေ ထည့်ဝင်၍ ပံ့ပိုးပါဝင်ကြရန် ချင်းအမျိုးသားတပ်ဦး ထုတ်ပြန်

ဖလမ်းမြို့သို့ ထိုးစစ်ဆင်လာသော စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေ

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.