Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့တွင် ကိုဗစ်သံသယလူနာ ၁၅ ဦးသေဆုံး

ကလေးမြို့တွင် ကိုဗစ်သံသယလူနာ ၁၅ ဦးသေဆုံး

0
By Editor on July 21, 2021 Khonumthung

ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဆက်လက်မြင့်တက်နေသည့် ကလေးမြို့တွင် ကိုဗစ်သံသယလူနာ ၁၅ ဦး ယမန်နေ့၊ ဇူလိုင်လ ၂၀ ရက်နေ့က သေဆုံးမှုရှိခဲ့သည်ဟု ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ထံမှ သိရသည်။

“ဒီနေ့သေဆုံးသူ အားလုံးက (၁၅) ဦးလို့ပြောရမယ်။ (၂) ဦးက သာမန်အခြားရောဂါနဲ့သေဆုံးတာ။ (၁၃) ဦးကတော့ သံသယလူနာ အဲလိုမှတ်တမ်းပြုရမှာပေါ့။ ဒီနေ့ အိတ်စွတ်ကွာရန်တင်းစင်တာနဲ့ ပြည်သူ့ဆေးရုံက သေဆုံးတာမရှိဘူး။ သေဆုံးသူတွေက နေအိမ်မှာပဲ ဆုံးတာများတယ်။ ရောဂါအခံနဲ့ အသက်ကြီးပိုင်းဖြစ်တယ်” ဟု ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး Volunteer မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့ သေဆုံးသူများမှာ ခရစ်ယာန်သချိုင်းတွင် (၂) ဦး၊ ဗုဒ္ဓဘာသာသချိုင်းတွင် (၁၂) ဦးနှင့် ထောက်ကြန့်သချိုင်းတွင် (၁) ဦးရှိကြောင်း သိရသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဇူလိုင်လ (၁) ရက်နေ့မှ (၂၀) ရက်နေ့အထိ အစိုးရမှ Positive အတည်ပြုသေဆုံးသူ (၇၀) ဦးနှင့် သံသယလူနာ (၃၉၆) ဦး စုစုပေါင်း (၄၆၆) ဦး သေဆုံးသွားပြီဖြစ်သည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်မားခြင်းကြောင့် အောက်ဆီဂျင်မလုံလောက်မှုမှာလည်း ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply

The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.