(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်တွင် ခိုးဆိုးလုယက်မှုကျုးလွန်ခဲ့သည့် စစ်ကောင်စီတပ်သား (၃) ဦးကို ရပ်ကွက်လုံခြုံရေးအဖွဲ့က ဖမ်းဆီးပြီးနောက် ရဲလက်အပ်နှံခဲ့သော်လည်း ရဲတပ်ဖွဲ့က အရေးမယူဘဲ ပြန်လွတ်ပေးခဲ့ သည်ဟု သိရသည်။
ကလေးမြို့တွင် လုယက်မှုများ ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် ရပ်ကွက်လူငယ်များက ည ၉ နာရီအထိ လုံခြုံရေး ကင်းလှည့် စောင့်ကြည့်မှုများ ဆောင်ရွက်နေစဉ် ဇူလိုင် ၃ ရက်ညမှာ အဆိုပါ စစ်သား ၃ ဦးကို တပ်ဦးသီတာရပ်ကွက် တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ရပ်ကွက်လူငယ်ခေါင်းဆောင်များက ရဲတပ်ဖွဲ့ထံသတင်းပို့ကာ တာဝန်ကျ ရဲများမှ ရပ်ကွက် လူငယ်များ ရှေ့ မှာ စစ်ဆေး ခဲ့ရာ အဆိုပါ စစ်သား ၃ ဦးက ကလေးမြို့ ထောက်ပို့ တပ်ရင်းမှဖြစ်ကြောင်း ထွက်ဆိုခဲ့ကြပြီး ၊ KTV သွားရန် နှင့် စစ်ယူ နီဖောင်း၊ လက်ထိတ်(Handcuff) ပါ ယူလာကြောင်းထုတ်ပြခဲ့သည်သိရသည်။
ထို့နောက် ထောက်ပို့တပ်ရင်းက စစ်သားများဖြစ်သည့်အတွက် ရဲတပ်ဖွဲ့ကလည်း အရေးမယူရဲဘဲ ညတွင်းချင်းပြန်လွှတ် ပေးလိုက်သည်ဟု ကလေးမြို့ဒေသခံတစ်ဦးကပြောသည်။
ကလေးမြို့ဒေသခံတဦးက “အခုက တပ်ဦးသီတာရပ်ကွက်ပဲ မဟုတ်ဘူး သူခိုးတွေက ရပ်ကွက် တိုင်း လိုလိုမှာကို ရှိနေတာ။ နေ့ခင်းဖက်တွေဆိုရင်လည်း ခြံတံခါးပိတ်ပြီး အိမ်ရှေ့တံတားဖွင့်ထားမိတာ ခန လေး အနောက်ဖက် သွား တဲ့အချိန်လေးမှာတောင် ဖုန်းပျောက် သွားတာတွေရှိတယ်။ တောင်ဇ လပ် ရပ်ကွက်ဖက်ဆို လမ်းသွားရင်းလည်း အနောက်ကနေ လွယ်အိတ်ဆွဲလုသွားတာတွေ တောင်ရှိတယ်။ သောကြာနေ့ကတော့ ရပ်ကွက်ကင်းလှည့်တဲ့အဖွဲ့နဲ့ တိုးလို့သာ ဝိုင်းဖမ်းပြီးမိတာလေ။သူတို့ပဲ မဟုတ်ဘူး သူခိုးတွေက ရှိသေးတယ်။” ဟု ပြောသည်။
ကလေးမြို့ပေါ်ရှိ ရပ်ကွက်တိုင်းတွင် ခိုးဆိုးလုယက်သူများရှိလာသောကြောင့် ရပ်ကွက်လုံခြုံရေးအတွက် ရပ်ကွက် လူငယ်များသည် ရဲစခန်းသို့ အကြောင်းကြားကာ ည ၇ နာရီမှ ည ၉ နာရီအထိ ကင်းလှည့်ခြင်း များပြုလုပ်နေကြရ သည်ဟ သိရသည်။

