Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့တွင် စစ်ကောင်စီက လူငယ်များကို ဖမ်းဆီးပြီး အတင်းအဓမ္မ စစ်သင်တန်းတက်ခိုင်းမှုကြောင့် မိဘပြည်သူများ စိုးရိမ်ပူပန်မှုမြင့်တက်

ကလေးမြို့တွင် စစ်ကောင်စီက လူငယ်များကို ဖမ်းဆီးပြီး အတင်းအဓမ္မ စစ်သင်တန်းတက်ခိုင်းမှုကြောင့် မိဘပြည်သူများ စိုးရိမ်ပူပန်မှုမြင့်တက်

0
By Editor on May 21, 2024 Khonumthung

(002MG)

စစ်ရေးအခြေအနေတင်းမာနေသော ကလေးမြို့တွင် စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ခေါ်ယူရာမှာ လူငယ်များကို ဖမ်းဆီးကာ အတင်းအဓမ္မ တပ်သားစုဆောင်းမှုရှိနေသောကြောင့် မိဘပြည်သူများ၏ စိုးရိမ်ပူပန်မှု မြင့်တက်နေသည်ဟု သိရသည်။

ဒေသကွပ်ကဲမူစစ်ဌာနချုပ်ရှိရာ ကလေးမြို့တွင် မေလဆန်းပိုင်းကစ၍ စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် (၁) နှင့် (၂) အထိ ဖွင့်လှစ်ခဲ့ပြီဟုသိရသည်။

ယင်းစစ်မှုထမ်းသင်တန်းတွင် တက်ရောက်နေသူအများစုမှာ စစ်တပ်ထောက်ခံသူများနှင့် မြို့တွင်း ပေါ်တာဆွဲဖမ်းဆီးခံရသူအများဆုံးပါဝင်ကြသောကြောင့် သားသမီးများအတွက် စိုးရိမ်ပူပန်နေရသည်ဟု ကလေးမြို့ အောင်သစ္စာရပ်ကွက်သူနေထိုင်သူ အမျိုးသမီးတဦးက ပြောသည်။

”ကိုယ့်ဆန္ဒ သဘောနဲ့မရှိကြပါဘူး သူတို့ဆွဲပြီးမှ တက်ခိုင်းတဲ့ဟာမျိုးပဲရှိတာ။ အဲ့လိုမျိုးဆွဲဆွဲ ပြီးမှ မိဘတွေနဲ့ ဆက် သွယ်မရဘူး၊ ကျမတို့ရပ်ကွက်ထဲက အမျိုးသားရော၊အမျိုးသမီးရော စာရင်းကောက်သွား တဲ့အိမ်က လူငယ်တွေ ကိုဆိုရင် သူတို့မိဘတွေက အိမ်မှာ မထားတော့ဘူး၊ လွတ်ရာ လွတ်ကြောင်း ပို့လိုက်တယ်၊ တကယ်လို့ လာလို့စစ်လို့ မတွေ့လို့ မိဘတွေကို ပြဿနာရှာရင်လည်း ကိစ္စမရှိဘူးဆို ပြီး အဲ့လိုနေတဲ့မိဘတွေများတယ်” ဟုပြောသည်။

စစ်ကောင်စီသည် ကလေးမြို့ပေါ် ရပ်ကွက်တချို့တွင်လည်း စစ်မူထမ်းရန်အသက်ပြည့်မီသည့် အမျိုးသား၊အမျိုး သမီး စာရင်းများကို ရပ်ကွက်အုပ်ချုပ်ရေးမူများထံမှတဆင့် ကောက်ခံနေသည့်အပြင် ညနေ (၆) နာရီ နောက်ပိုင်း သွားလာ သောလူငယ်များအား အဓိကပစ်မှတ်ထား တပ်သားစုဆောင်း ဖမ်းဆီးခြင်းများ ပြုလုပ်နေသည်ဟုသိရသည်။

ဧည့်စာရင်းစစ်မည်ဟု အကြောင်း ပြုကာ လူငယ်များအား အိမ်တိုင်ရာဝင်ရောက်ဖမ်း ဆီးခြင်း၊ မြို့တွင်း စစ်ဆေးရေး ဂိတ်တို့တွင် ဖမ်းဆီးမှုများလာခြင်းကြောင့် မိဘပြည်သူများအနေဖြင့် သားသမီးများကို လွတ်မြောက်ရာဒေသကို စေလွှတ်သူများလာကြောင်း မိခင်တစ်ဦးက ပြောသည်။

“စာရင်းကတောင်ဇလပ်ရပ်ကွက်ဖက်တော့ ကောက်တာမရောက်သေးပေမယ့် သားရှိတော့ သူ့တွက်စိတ်ပူ နေရတယ်၊ နယ်စပ်ဖက်သွားခိုင်းမလို့၊ အခုလည်း ရပ်ကွက်ထဲက လူငယ် တော်တော်များ များသွားနေပြီ” ဟု အဆိုပါမိခင်က ပြောသည်။

လက်ရှိကလေးမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့သည် မြို့တွင်းလုံးခြုံရေးစစ်ဆေးမှုများတင်းကြပ်စွာ ပြုလုပ်လာ သည့်အ ပြင် ကလေးမြို့နယ်မြောက်ပိုင်းတွင်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ရေးတင်းမာနေဆဲ သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.