(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဓာတ်ဆီ ၁ လီတာ ကျပ်တစ်သောင်းအထိ စျေးမြင့်တက်သွားပြီး ဝယ်ယူရန်ပင် မရှိတော့သည်အထိ ဓာတ်ဆီပြတ်လပ်မှုများ ကြုံနေရသည်ဟု သိရသည်။
ကလေးမြို့ခံတစ်ဦးက ”နေ့လယ်က ဓာတ်ဆီသွားဖြည့်တာ ဘူတာစျေးနားက ဓာတ်ဆီဆိုင်နှစ်ဆိုင်လုံး ဆီပြတ်ပြီး ဆိုင် ပိတ်ထားတယ်။ မီးပွိုင့်နားမှာ ရေသန့်ဗူးနဲ့ ရောင်းတာ ၁ဗူးကို ကိုးထောင်ငါးရာတဲ့၊ စျေးကြီးရင်လည်း မရှိတော့ ဖြည့်ခဲ့ လိုက်တယ်။တချို့နေရာတွေမှာဆိုရင် တစ်သောင်းထိတက်တယ်” ဟု ပြောသည်။
ကလေးမြို့နှင့် ပြည်မဘက်သို့ဆက်သွယ်ရာတွင် အဓိအားထားနေရသော မဟာမြိုင်ကားလမ်းပိုင်းသွားလာရန် ခက်ခဲနေ ခြင်းကြောင့် ကလေးမြို့သို့ စက်သုံးဆီအပါဝင် လူသုံးကုန်ပစ္စည်းများအဝင်နည်းကာ ပစ္စည်များပြတ်လုနီးပါးအထိ ဖြစ်လာ သည်ဟု ကုန်စုံဆိုင်များထံမှသိရသည်။
ထို့အပြင် စက်သုံးဆီပြတ်လပ်မှုကြောင့် မြတ်မေတ္တာမွန် စက်သုံးဆီဆိုင်အပါအဝင် အခြား စက်သုံးဆီဆိုင်များလည်း ပိတ်ထားရပြီး ဖွင့်သည့်ဆိုင်အချို့တွင်လည်း ဂါလံဖြင့်ဖြည့်ပေးခြင်းများမဟုတ်ပဲ ဆိုင်ကယ်တစီးလျှင် တစ်သောင်းဖိုးစီ အကန့်အသတ်ဖြင့် ရောင်းချပေးနေသည်ဟု သိရသည်။
ကလေးမြို့တွင် စက်သုံးဆီအပါဝင် ကုန်စျေးနှုန်းများအဆမတန်စျေးမြင့်တက်ခြင်းကြောင့် အခြေခံလူတန်း စားများ၊ ကုန်စိမ်းရောင်းသူများ၊ စစ်ဘေးရှောင်နေကြရသည့် ပြည်သူများမှာ သွားလာရေးအခက်အခဲ နှင့် စားဝတ်နေရေး အခက်အခဲများ ပိုမိုကြုံလာကြရသည်ဟု သိရသည်။
လက်ရှိ ကလေးမြို့တွင် ပြေးဆွဲနေသောလေကြောင်းလိုင်းခရီးစဉ်များကိုလည်း နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ခေတ္တရပ်နားထားသည်ဟု လေယာဉ်လက်မှတ်အရောင်းဌာနများထံမှသိရသည်။