Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့တွင် မီတာခများအခွန်ဆောင်ကြရန် စစ်ကောင်စီက တအိမ်တက်ဆင်း လိုက်လံပြောဆိုနေ

ကလေးမြို့တွင် မီတာခများအခွန်ဆောင်ကြရန် စစ်ကောင်စီက တအိမ်တက်ဆင်း လိုက်လံပြောဆိုနေ

0
By Editor on May 23, 2022 Khonumthung

စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်ရှိ ဒေသခံပြည်သူများအနေဖြင့် လျှပ်စစ်မီးအသုံးပြုခ (မီတာ) အခွန်ဆောင်ကြရန် စစ်ကောင်စီတပ်ဖွဲ့က တအိမ်တက်ဆင်း လိုက်လံပြောဆိုနေပြီး အကယ်၍ သတ်မှတ်ချိန်အတွင်း မပေးဆောင်ပါက မီးဖြတ်မည်ကို ခြိမ်းခြောက်မှုလည်းရှိနေသည်ဟု သိရသည်။

ချင်းလူမျိုးအများစုနေထိုင်ကြသည့် ကလေးမြို့အနောက်ဘက် တာဟန်းရပ်ကွက်တွင် လွန်ခဲ့သည့် ၃ ရက်ခန့်ကစ၍ စစ်ကောင်စီတပ်ဖွဲ့များသည် RPG အပါအဝင် လက်နက်အပြည့်အစုံကိုင်ဆောင်ကာ လူနေအိမ်များသို့ဝင်ရောက်ကာ မီတာခပေးဆောင်ကြရန် ပြောဆိုေနသည်ဟု တာဟန်းရပ်ကွက်ဒေသခံတစ်ဦးက ပြောသည်။

“တာဟန်းရပ်ကွက်ဘက်ကို သူတို့တွေလာတာ ၃ ခါလောက်ရှိသွားပြီ၊ စစ်သားတွေလက်နက်အပြည့်အစုံနဲ့ RPG လိုလက်နက်ကြီးလည်းထမ်းလာကြတယ်၊ မီတာဘောက်တပ်ထားတဲ့အိမ်တွေကို တအိမ်ဝင်တအိမ်ထွက်လုပ်နေတယ်၊ အဲဒီမှာ အိမ်ရှင်တွေကို လျှပ်စစ်ရုံးကိုလာပြီး မီတာခပေးဆောင်ကြဖို့ပြောတယ်၊ တချို့အိမ်တွေဆို လာပြီးမပေးဆောင်ရင် မီးဖြတ်မယ်ဆိုပြီးခြိမ်းခြောက်တာတွေရှိတယ်” ဟု တာဟန်းရပ်ကွက်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် လက်နက်အပြည့်အစုံဖြင့် လူနေအိမ်များသို့ဝင်ရောက်ကာ ယခုကဲ့သို့ ပြုမူဆောင်ရွက်နေသည့်အတွက် ရပ်ကွက်နေပြည်သူများသည်လည်း စိုးရိမ်ထိပ်လန့်နေကြသည်ဟု သိရသည္။

“ကျမတို့အိမ်ကို သူတို့လာတော့ မီတာစာရွက် ၆ လာတာအတွက်လာပေးတယ်၊ သတ်မှတ်ချိန်အတွင်းမှာ လျှပ်စစ်ရုံးကို အခွန်လာမဆောင်ဘူးဆိုရင် မီးဖြတ်ပစ်မယ်ဆိုပြီးပြောသွားတယ် ကျမတို့လည်း ဘယ်လိုလုပ်ရမလဲမသိဘူးဖြစ်နေတယ်၊ တကယ်မီးဖြတ်ခံရမှာလည်းစိုးရိမ်ရတယ်လေ” ဟု တာဟန်းဒေသခံတစ်ဦးက ပြောသည်။

ကလေးမြို့တွင် လျှပ်စစ်မီး ပုံမှန်မရရှိကြတော့သည်မှာ လနှင့်ချီရှိသွားပြီဖြစ်ကာ နေ့လည်ပိုင်းတွင် ၃ နာရီခန့်သာ လျှပ်စစ်မီးလာလေ့ရှိပြီး ညပိုင်းတွင်လည်း ၃ နာရီကျော်ကျော်ခန့်သာ လာလေ့ရှိတော့သည်ဟု သိရသည်။

ကလေးမြို့တွင် ၂၄ နာရီ တစ်ရက်လျှင်ပျမ်းမျှအားဖြင့် လျှပ်စစ်မီး ၇ နာရီခန့်သာ ရရှိနိုင်ကြသည်ဟု တာဟန်းဒေသခံများက ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.