Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့တွင် မီတာခများအခွန်ဆောင်ကြရန် စစ်ကောင်စီက တအိမ်တက်ဆင်း လိုက်လံပြောဆိုနေ

ကလေးမြို့တွင် မီတာခများအခွန်ဆောင်ကြရန် စစ်ကောင်စီက တအိမ်တက်ဆင်း လိုက်လံပြောဆိုနေ

0
By Editor on May 23, 2022 Khonumthung

စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်ရှိ ဒေသခံပြည်သူများအနေဖြင့် လျှပ်စစ်မီးအသုံးပြုခ (မီတာ) အခွန်ဆောင်ကြရန် စစ်ကောင်စီတပ်ဖွဲ့က တအိမ်တက်ဆင်း လိုက်လံပြောဆိုနေပြီး အကယ်၍ သတ်မှတ်ချိန်အတွင်း မပေးဆောင်ပါက မီးဖြတ်မည်ကို ခြိမ်းခြောက်မှုလည်းရှိနေသည်ဟု သိရသည်။

ချင်းလူမျိုးအများစုနေထိုင်ကြသည့် ကလေးမြို့အနောက်ဘက် တာဟန်းရပ်ကွက်တွင် လွန်ခဲ့သည့် ၃ ရက်ခန့်ကစ၍ စစ်ကောင်စီတပ်ဖွဲ့များသည် RPG အပါအဝင် လက်နက်အပြည့်အစုံကိုင်ဆောင်ကာ လူနေအိမ်များသို့ဝင်ရောက်ကာ မီတာခပေးဆောင်ကြရန် ပြောဆိုေနသည်ဟု တာဟန်းရပ်ကွက်ဒေသခံတစ်ဦးက ပြောသည်။

“တာဟန်းရပ်ကွက်ဘက်ကို သူတို့တွေလာတာ ၃ ခါလောက်ရှိသွားပြီ၊ စစ်သားတွေလက်နက်အပြည့်အစုံနဲ့ RPG လိုလက်နက်ကြီးလည်းထမ်းလာကြတယ်၊ မီတာဘောက်တပ်ထားတဲ့အိမ်တွေကို တအိမ်ဝင်တအိမ်ထွက်လုပ်နေတယ်၊ အဲဒီမှာ အိမ်ရှင်တွေကို လျှပ်စစ်ရုံးကိုလာပြီး မီတာခပေးဆောင်ကြဖို့ပြောတယ်၊ တချို့အိမ်တွေဆို လာပြီးမပေးဆောင်ရင် မီးဖြတ်မယ်ဆိုပြီးခြိမ်းခြောက်တာတွေရှိတယ်” ဟု တာဟန်းရပ်ကွက်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် လက်နက်အပြည့်အစုံဖြင့် လူနေအိမ်များသို့ဝင်ရောက်ကာ ယခုကဲ့သို့ ပြုမူဆောင်ရွက်နေသည့်အတွက် ရပ်ကွက်နေပြည်သူများသည်လည်း စိုးရိမ်ထိပ်လန့်နေကြသည်ဟု သိရသည္။

“ကျမတို့အိမ်ကို သူတို့လာတော့ မီတာစာရွက် ၆ လာတာအတွက်လာပေးတယ်၊ သတ်မှတ်ချိန်အတွင်းမှာ လျှပ်စစ်ရုံးကို အခွန်လာမဆောင်ဘူးဆိုရင် မီးဖြတ်ပစ်မယ်ဆိုပြီးပြောသွားတယ် ကျမတို့လည်း ဘယ်လိုလုပ်ရမလဲမသိဘူးဖြစ်နေတယ်၊ တကယ်မီးဖြတ်ခံရမှာလည်းစိုးရိမ်ရတယ်လေ” ဟု တာဟန်းဒေသခံတစ်ဦးက ပြောသည်။

ကလေးမြို့တွင် လျှပ်စစ်မီး ပုံမှန်မရရှိကြတော့သည်မှာ လနှင့်ချီရှိသွားပြီဖြစ်ကာ နေ့လည်ပိုင်းတွင် ၃ နာရီခန့်သာ လျှပ်စစ်မီးလာလေ့ရှိပြီး ညပိုင်းတွင်လည်း ၃ နာရီကျော်ကျော်ခန့်သာ လာလေ့ရှိတော့သည်ဟု သိရသည်။

ကလေးမြို့တွင် ၂၄ နာရီ တစ်ရက်လျှင်ပျမ်းမျှအားဖြင့် လျှပ်စစ်မီး ၇ နာရီခန့်သာ ရရှိနိုင်ကြသည်ဟု တာဟန်းဒေသခံများက ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.