Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့တွင် လျှပ်စစ်မီတာခွန် မဆောင်သူများကို စစ်ကောင်စီက မီးဖြတ်တောက်

ကလေးမြို့တွင် လျှပ်စစ်မီတာခွန် မဆောင်သူများကို စစ်ကောင်စီက မီးဖြတ်တောက်

0
By Editor on October 11, 2023 Headline

(004SS)

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လျှပ်စစ်မီတာကြေး အခွန်မဆောင်သည့်အိမ်များကို စစ်ကောင်စီက လျှပ်စစ်မီးမပေးတော့ပဲ ဖြတ်တောက်မှုရှိနေကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ကလေးမြို့ပေါ် ရပ်ကွက်အချို့တွင် လုံခြုံရေးအပြည့်နှင့် လျှပ်စစ် မီတာခွန်များ ပေးဆောင်ရန် လိုက်လံသတိပေးပြီးနောက် အောက်တိုဘာလ ပထမပတ်ကစ၍ အခွန်မဆောင်သော အိမ်များကို စတင်ဖြတ်တောက်လိုက် ခြင်းဖြစ်သည်။

ထို့ကြောင့် ရပ်ကွက်နေပြည်သူများသည် ကလေးခရိုင် လျှပ်စစ်ရုံးသို့ သွားရောက်ကာ မီတာခွန်များ ပေးဆောင်နေကြရ သည်ဟု တောင်ဖီလာရပ်ကွက်နေ အမျိုးသမီးတစ်ဦးကပြောသည်။

“ကျွန်မတို့ရပ်ကွက်မှာ မီးမရတာ အခုဆိုရင် တစ်လ ကျော်ပြီ။ မီတာခမပေးဆောင်တဲ့သူတွေ မီးဖြတ်တယ်ဆိုလို့ ကျွန်မ တို့လဲ စုပြီး မီတာခသွားဆောင်တာ။ ရုံးက တစ်ပါတ်နေပြန်ရမယ်လို့ ပြောတယ် ဒါပေမဲ့ အခုတစ်ပါတ်ကျော်နေပြီ မီးပြန် မရသေးဘူး။ မီးမရတော့ အခက်တွေ့တာပေါ့” ဟု ၎င်းက ပြောသည်။

အောက်တိုဘာလဆန်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များသည် လုံခြုံရေးအပြည့်ဖြင့် ချင်းလူမျိုးအများစုနေထိုင်ကြသော တာဟန်းရပ်ကွက်တွင် မီတာခွန်များပေးဆောင်ရန် လိုက်လံသတိပေးခဲ့သည်ဟု သိရသည်။

ထို့နောက် ရပ်ကွက်လူကြီးများ အဖွဲ့အစည်းများ စုပေါင်းကာ ရုံးသို့ သွားရောက်အခွန်ဆောင်ပြီးနောက် အောက်တိုဘာလ ၉ ရက်နေ့ညတွင် မီးပြန်လည်ရရှိခဲ့ကြောင်း တာဟန်းရပ်ကွက်နေ ဒေသခံများထံမှ သိရသည်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ကလေးမြို့တွင် စစ်ကောင်စီယန္တရားလည်ပတ်မှုရပ်တန့်စေရန် ပြည်သူ များသည် လျှပ်စစ်မီတာခွန်မဆောင်ကြသည်မှာ လပေါင်း ၂၈ လခန့်ရှိသွားပြီဟုသိရသည်။

ထို့အတွက်ကြောင့် ပြည်သူများအနေဖြင့် လျှပ်စစ်မီတာအခွန်များကို အရစ်ကျဖြင့် ၃ ကြိမ်ပေးသွင်းရမည်ဖြစ်ပြီး အကယ်၍ မပေးသွင်းနိုင်ပါက လျှပ်စစ်မီးဖြတ်တောက်ခံရမည်ဟု စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနက အသိပေးခြိမ်းခြောက် မှုလည်းရှိနေသည်ဟု သိရသည်။

ကလေးမြို့အနောက်ဘက် ကြို့သုံးပင်ရပ်ကွက်တစ်ခုလုံးသည်လည်း မီးဖြတ်တောက်ခံခဲ့ရကာ  ရပ်ကွက်လူကြီးများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ မီတာခလိုက်လံကောက်ခံကာ ပေးသွင်းပြီး ညှိနှိုင်းခဲ့ခြင်းကြောင့် မီးပြန်လည်ရရှိခဲ့သည်ဟု သိရသည်။ 

ထိုသို့ မီတာခွန်များ ပေးဆောင်ရာတွင် မိမိအနေဖြင့် မီတာခွန်မပေးခဲ့သည့် အချိန်မှစ၍ ယနေ့ချိန်ထိ ကျသင့်သည့် ငွေပမာဏကို ပေဆောင်ကြရပြီး အချို့သည် သိန်း ၂၀ ကျော် ကျသင့်သူများရှိသလို အချို့မှာ သောင်းဂဏန်းသာ ကျသင့်သူများလည်း ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ယခုလက်ရှိကလေးမြို့တွင် စစ်ကောင်စီက လျှပ်စစ်မီးပုံမှန်မပေးနိုင်တော့သည်မှာ ၂ နှစ်ကျော်ရှိသွားပြီဖြစ်ကာ မီးလာသည့်အချိန်မှာလည်း နာရီပိုင်းလောက်သာ လာလေ့ရှိ သည့်အတွက် ဒေသခံများအနေဖြင့် အခက်အခဲများ ရင်ဆိုင် နေကြရကြောင်း သိရသည်။

“အရင် နိုင်ငံရေးကောင်းတုန်းကတော့ ကျနော်တို့ လျှပ်စစ်မီးနဲ့ပဲ ချက်စားရတာ။ ရေလဲတင်တယ် အဆင်ပြေတယ်။ အခုနောက်ပိုင်းတော့ မီးလဲ ပုံမှန်မရဘူး ရတဲ့ချိန်မှာလဲ ခဏလေးပဲရတာ ပျက်လိုက် လာလိုက်ပေါ့။ လျှပ်စစ်မီး အဆင်မပြေတော့ ထမင်းဟင်းချက်တာက မီးသွေးခဲတို့ ဂက်စ်တို့ သုံးတယ်လေ နေသားကျနေပါပြီ။ ဒါပေမဲ့ အခုလို မီးလုံးလုံးဖြတ်လိုက်တော့ ရေတင်လို့မရဘူး အဲဒါတော့ တော်တော် အဆင်မပြေပါဘူး” ဟု ကလေးမြို့ ဒေသခံ အိမ်ရှင်မတစ်ဦးက ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.