Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့တွင် အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီဈေးနှုန်း မြင့်တက် ဝယ်ယူရန်ပင် ခက်ခဲ

ကလေးမြို့တွင် အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီဈေးနှုန်း မြင့်တက် ဝယ်ယူရန်ပင် ခက်ခဲ

0
By Editor on August 24, 2023 Headline

(04SS) 

ကလေးမြို့နှင့် ပြည်မဘက်သို့ ဆက်သွယ်သည့် ကလေး-ဂန့်ဂေါကားလမ်းနှင့် မဟာမြိုင်ကားလမ်းများ ပိတ်ထားမှုကြောင့် ယခုရက်ပိုင်းအတွင်း ကလေးမြို့ပေါ်တွင် အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီ‌ဈေးနှုန်း မြင့်တက်နေသည့်အပြင် ဝယ်ယူရန်ပင် ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ဩဂုတ်လ ၂၁ ရက်နေ့တွင် ကလေးမြို့ပေါ်ရှိ ဓါတ်ဆီဆိုင်များတွင် ခွဲတန်းဖြင့်သာ ရောင်ချပေးနိုင်ပြီး ယနေ့တွင်မူ ဝယ်ယူရန်ပင် မရနိုင်တော့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အခုက ဓါတ်ဆီတွေဝယ်ဖို့ခက်တယ် မနေ့က ၂ နာရီလောက်မှာပေါ့ သွားဝယ်တာ ကျန်မကတစ်ဂါလံရခဲ့တယ် ကျွန်မ ဝယ်လို့ပြီးရော ထပ်ရောက်လာကြတယ် အဲမှာ ဆိုင်က တစ်ယောက် ၅၀၀၀ ဖိုးပဲ ခွဲတန်းသဘောနဲ့ ပေးတယ်၊ ဒီနေ့ကျတော့ ရပ်ကွက်ထဲကသူတွေ သွားဝယ်မယ်ပေါ့ ဘာမှမရဘဲ ပြန်လာကြတယ် ပြီးတော့ တခြားဆိုင်သွားမေးကြည့်မယ်ဆိုပြီး ပြန်သွားရှာတယ် အဲလိုမျိုး။ ပြီးတော့ ဈေးနှုန်းကလဲ အရင်တပါတ်ထက် ၄၀၀၀ လောက်တက်တယ်” ဟု က‌လေးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လွန်ခဲ့သည့်တစ်ပါတ်က ဓါတ်ဆီ တစ်ဂါလံ ၁၆၀၀၀ ကျပ်ဖြင့် လိုသလောက် ဝယ်ယူနိုင်ခဲ့သော်လည်း ယခုတွင် ဓါတ်ဆီ တစ်ဂါလံ ၂၀၀၀၀ ကျပ်ဖြင့် ဝယ်ယူရန်ပင် ခက်ခဲနေခြင်းဖြစ်သည်။

အလားတူ ဆန်၊ ဆီ စသည့် အခြေခံစားသောက်ကုန်ဈေးနှုန်းမှာလည်း အဆမတန် မြင့်တက်နေကြောင်း သိရသည်။

ဩဂုတ်လဆန်းပိုင်းတွင် အများစုစားသုံးသည့် ကနန်ဧရာမင်းကော်ချက် တစ်အိတ် ၈၇,၀၀၀ ကျပ်ဖြင့် ဝယ်ယူခဲ့သော်လည်း ယခုတွင် ကျပ် ၁၂၀,၀၀၀ ကျော်ဖြင့် ဝယ်ယူနေကြရသည်။

ထို့အပြင် နေကြာဆီ- တစ်ပိသာ ၁၃,၀၀၀ ကျပ်၊ ပဲဆီ တစ်ပိသာ ၁၅,၀၀၀ ကျပ်၊ ကြက်ဥ တစ်လုံး ၅၀၀ ကျပ်ဖြင့် ဝယ်ယူရန်မရှိ၊ ကြက်သား၊ ငါး၊ တစ်ပိသာ ၂၀,၀၀၀ ဝန်းကျင်၊ အမဲသား တစ်ပိသာ ၂၂,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိသာ ၁၀,၀၀၀ ကျပ် စသည်ဖြင့် ဈေးနှုန်းများ မြင့်တက်နေသည်ဟု သိရသည်။

ကလေးမြို့နယ် အတွင်း ကုန်ဈေးနှုန်းတက်ရခြင်းနှင့် ပါတ်သက်၍ အမျိုးသား ညီညွှတ်ရေးအစိုးရ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန်ဒရယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာန ကလေးမြို့နယ် တာဝန်ခံ ဦးအောင်ဇော်ထွန်းက “ကုန်ဈေးနှုန်းတက်ရတဲ့ အဓိက ရိုက်ခတ်မှုကတော့ ငွေကြေးဖောင်းပွမှုနဲ့ ၂၀၀၀၀ တန် ငွေစက္ကူဂရက်ပေါ့နော် အဲဒါ ကြောင့်လဲ တစိတ်တပိုင်းပါပါတယ်ဗျ အဲဒီလိုပဲ ဒီကလေးမြို့ပေါ်မှာလဲ ဒကစမှူးအသစ်ရောက်တာနဲ့ ထိတွေ့တိုက်ပွဲ ပြင်းထန်တာရော ပါတယ်ဗျ” ဟု ပြောသည်။

ဇူလိုင်လကုန်ပိုင်းမှ စတင်ကာ ကလေးတောင်ဘက်သို့ စစ်ကောင်စီ စစ်ကြောင်းထိုးမှုကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားကာ ဂန်ဂေါ-ကလေး လမ်းမ၊ မဟာမြိုင်လမ်းပိုင်းအား သွားလာ၍မရသည်မှာ တစ်လနီးပါးခန့်ကြာလာပြီဖြစ်သည်။

ထိုသို့ ကလေး-ဂန်ဂေါလမ်းပိုင်းအား ဖြတ်သန်းသွားလာနိုင်ခြင်းမရှိသောကြောင့် ကလေးမြို့သို့ ကုန်စည်စီးဆင်းနိုင်ရန် ဂန့်ဂေါ-ဟားခါး-ကလေး လမ်းပိုင်းအား လက်ရှိတွင် အားထားအသုံးပြုနေရကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.