Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့တွင် အရပ်သားကား အစီး ၁၀၀ ခန့် ထပ်မံ ချောဆွဲခံရဟုဆို

ကလေးမြို့တွင် အရပ်သားကား အစီး ၁၀၀ ခန့် ထပ်မံ ချောဆွဲခံရဟုဆို

0
By Editor on March 24, 2023 Headline

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီတပ်များသည် မတ်လ ၂၃ ရက်နေ့က အရပ်သားကုန်တင်ကား အစီး ၁၀၀ ခန့် ချောဆွဲထားပြီး ကလေးမြို့ ဒကစတွင် ထားရှိကာ ထောက်ပို့အတွက် ထပ်မံအသုံးပြုလိုခြင်းကြောင့် ဖြစ်နိုင်သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲမှ တာဝန်ရှိသူတစ်ဦး ပြောပြချက်အရ သိရသည်။

“ကျွန်တော်တို့ သတင်းရတာတော့ ဒကစမှာ ကားအစီး ၁၀၀ နီးပါလောက်ရှိတယ်၊ ကလေးမြို့ထဲကကားလဲ တော်တော်များများပါတယ်၊ တခြားဟာတော့ အတိအကျ ပြောလို့မရဘူး၊ ပြီးတော့မနေ့ညကဘဲ ကလေးဝဘက်ကို ၆ ဘီးကား ၄ စီးသွားတယ်လို့ကြားတယ်၊ အခု သူတို့ချောဆွဲထားတဲ့ကားတွေကို ထောက်ပို့အတွက် အဓိကသုံးကြတာပေါ့နော်၊ အခုနောက်ပိုင်း သူတို့က ပြည်သူပိုင်ကားတွေကို အဲလိုသုံးတာ တွေရှိလာတယ်“ ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါချောဆွဲခံထားရသည့် ကားများကို ငွေကြေးဖြင့် ပြန်လည်ရွေးခိုင်းခြင်းများရှိနေကြောင်း သတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။

“သူတို့ ကားတွေ အစီးတော်တော်များဖမ်းတယ်၊ အဲထဲမှာ ပိုက်ဆံပေးနိုင်တဲ့သူတွေကို လွှတ်ပေးတယ်။ မပေးနိုင်တဲ့သူတွေကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်ပြီးတော့သုံးဘီးတွေကိုတောင် အဲလိုလုပ်ကြတယ် လို့ သတင်းရထားပေမဲ့ ချောဆွဲခံရတဲ့ သူတွေနဲ့တော့အဆက်အသွယ်မရနိုင်သေးဘူး” ဟု သူကပြောသည်။

၎င်းတို့အား ငွေကြေးဖြင့် ပြန်လည်ရွေးခိုင်းမှုအပေါ် ခိုနူမ်းသုန်သတင်းဌာနအနေဖြင့်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

စစ်ကောင်စီတပ်များသည် မတ်လ ၉ ရက်နေ့တုန်းကလည်း ပြည်သူပိုင်ကားများ ချောဆွဲပြီး သံချပ်ကားအပါအဝင် ကုန်တင်ကား အစီး ၃၀ ဖြင့် ရိကွာ၊ လက်နက်များတင်ဆောင်ပြီး ချင်းတောင်ဖလမ်း၊ ဟားခါးဘက်သို့ ချီတက်လာခဲ့ရာ လမ်းတစ်လျှောက် ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် မကြာခဏ ထိတွေ့တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.