Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့တွင် ဧပြီ ၁ ရက်နေ့မှစတင်၍ ကားနှင့်ဆိုင်ကယ်များ စုံ/မ စနစ်ဖြင့်သာ သွားလာခွင့်ပြုမည်

ကလေးမြို့တွင် ဧပြီ ၁ ရက်နေ့မှစတင်၍ ကားနှင့်ဆိုင်ကယ်များ စုံ/မ စနစ်ဖြင့်သာ သွားလာခွင့်ပြုမည်

0
By Editor on March 31, 2026 Headline

လိုင်စင်မရှိသော ယာဉ်များဖမ်ဆီးးမည်ဟုဆို

(004SS)

စစ်ကိုင်းတိုင်း၊ ကလေးမြို့အတွင်း လောင်စာဆီပြတ်လပ်မှု အခက်အခဲကြောင့် မော်တော်ယာဉ်နှင့် ဆိုင်ကယ် များကို နံပါတ်ပြားနောက်ဆုံးဂဏန်းအပေါ် မူတည်ပြီး စုံ/မ စနစ်ဖြင့်သာ သွားလာခွင့်ပြုတော့မည်ဟု ဒေသခံများထံမှ သိရသည်။

ကလေးမြို့တွင် ဧပြီလ ၁ ရက်နေ့မှစတင်ကာ ကျင့်သုံးမည်ဟု ယမန်နေ့ မတ်လ ၃၀ ရက်နေ့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့များ သည် မြို့ထဲ့သို့ ကွင်းဆင်းကာ အသိပေးခဲ့ကြောင်း ဆိုသည်။

“မနေ့က RTC ရပ်ကွက် ပြည်လမ်းမှာ မော်တော်ပီကယ်တွေက ကားတွေ၊ ဆိုင်ကယ်တွေရပ်ခိုင်း စုဝေးခိုင်းပြီးတော့ ဘယ်နံပါတ်တွေ ဘယ်နေ့ထွက်ရမယ်၊ ဆိုင်ကယ်လိုင်စင်မရှိရင် ဖမ်းမယ်ဆိုပြီး ကွင်းဆင်းပြီး အသိပေးတာပါ။ လောလောဆယ်တော့ ကလေးမြို့မှာ စမှာပေါ့နော်။ ကြားရသလောက် တနိုင်ငံလုံးမှာ အဲလိုလုပ်မယ်ထင်ပါတယ်။ ” ဟု ကလေးမြို့နေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ယာဉ်ထိန်းရဲများ၏ ပြောကြားချက်အရ ဧပြီ ၁ ရက်နေ့မှစတင်ကာ အဆိုပါ စုံ/မ စနစ်ကို စတင်စစ်ဆေးမည်ဖြစ်ပြီး ဆိုင်ကယ်လိုင်စင်မရှိသူများကိုလည်း တင်းကျပ်စွာ ဖမ်းဆီးအရေးယူသွားမည်ဟု သတိပေးခဲ့ကြောင်း ဆိုသည်။

ဘက်ထရီဆိုင်ကယ်များကိုမူ လောင်စာဆီအသုံးမပြုသည့်အတွက် ယခုကန့်သတ်ချက်တွင် အကျုံးမဝင်ဘဲ ပုံမှန်အတိုင်း သွားလာနိုင်ကြောင်း သိရသည်။

စစ်ကော်မရှင်၏ထုတ်ပြန်ချက်အရ လစဉ် “စုံ” ရက်များတွင် စုံနံပါတ် အက္ခရာပါသော ယာဉ်များ၊ “မ” ရက်များ၌ မ နံပါတ်ပါသည့်ယာဉ်များ မောင်းနှင်အသုံးပြုရမည်ဟု ဆိုထားသည်။

ယာဉ်မောင်းနှင်သူများအနေဖြင့် မိမိ ယာဉ်နံပါတ်ပြား နောက်ဆုံးဂဏန်း (ဉပမာ- ၁၃ ယ ဆိုပါက) မဂဏန်း ၁၊၃၊၅၊၇၊၉ထဲက ၃ ဖြစ်သည့်အတွက် ရက်သတ္တပါတ်၏ ၁၊၃၊၅၊၇၊ ၉ ရက်နေ့များတွင် သွားလာရမည်ဖြစ်ပြီး စုံဂဏန်း (၂၊၄၊၆၊၈) ဆိုပါက ရက်သတ္တပါတ်၏ ၂၊၄၊၆၊၈ ရက်နေ့များတွင်သာ သွားလာရမည်ဟု နားလည်ရသည်။

ယနေ့ မတ်လ ၃၁ ရက်နေ့တွင်လည်း ကလေးမြို့အတွင်း စစ်ကော်မရှင်လက်အောက်ခံ ယာဉ်ထိန်းရဲများမှ လမ်းသွား လမ်းလာ ယာဉ်အချို့ဖမ်းဆီးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အစိုးရသစ် သမ္မတ ဖြစ်လာမည့် မင်းအောင်လှိုင်ကို ဂျာကာတာမှာ လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲမည်

ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ စစ်မှုထမ်းမူဝါဒနှင့် တပ်သားစုဆောင်းမှုပုံစံများ ဝေဖန်မှုမြင့်တက်လာ

ZFU/PDF Zoland က စစ်မှုထမ်းကင်းလွတ်ခွင့်ရှိသည့် သင်တန်းဆင်းလူငယ် ၁၇ ဦးကို ဒုတိယအသုတ်အဖြစ် ပြန်လွှတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.