Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့တွင် ၁၀ ရက်ကျော်ကြာ ဆက်သွယ်ရေးလိုင်း ဖြတ်တောက်ခံရမှုကြောင့် ဒေသခံပြည်သူများ လူမှုဘဝအကြီးအကျယ် ထိခိုက်နေ

ကလေးမြို့တွင် ၁၀ ရက်ကျော်ကြာ ဆက်သွယ်ရေးလိုင်း ဖြတ်တောက်ခံရမှုကြောင့် ဒေသခံပြည်သူများ လူမှုဘဝအကြီးအကျယ် ထိခိုက်နေ

0
By Editor on September 23, 2025 Headline

(004SS)

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ၁၀ ရက်ကျော်ကြာ ဆက်သွယ်ရေး ဖုန်းလိုင်း/အင်တာနက်လိုင်းများ ဖြတ်တောက်ခံရ မှုကြောင့် ဒေသခံ ပြည်သူများသည် ၎င်းတို့၏ လုပ်ငန်း၊ စီးပွားရေးနှင့် နေ့စဉ်လူမှုဘဝများတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ယခုလစက်တင်ဘာ ၁၃ ရက်နေ့ကစ၍ ကလေးမြို့တွင် အင်တာနက် ဝိုင်ဖိုင်လိုင်း နဲ့ မိုဘိုင်းဒေတာလိုင်းများ ပြတ်တောက်ခဲ့ခြင်းဖြစ်ရာ ဖုန်းလိုင်းများလည်း ခေါ်ဆိုရန် အလွန်ခက်ခဲနေသည်ဟု ကလေးမြို့က သတင်းရင်းမြစ်များထံမှ သိရသည်။

“၁၃ ရက်နေ့ကတည်းက ဖုန်းလိုင်း အင်တာနက်လိုင်း ဝိုင်ဖိုင်လိုင်းအကုန်ဖြတ်ထားတယ်၊ အော်ရီဒူးဆိုရင်လည်း 2G အဆင့် ပဲပေးတယ်၊ ဖုန်းခေါ်လို့မရ ခေါ်ရင်လည်း ဟိုဘက်ကပြောတာမကြားရဘူး ဝိုင်ဖိုင်ဆိုရင်လည်းအကုန်ဖြတ်ထားတယ် မြို့ထဲကိုအဓိကဖြတ်တယ်လို့ကြားရတယ်” ဟု ကလေးမြို့က သတင်းရင်းမြစ်တစ်ဦးကပြောသည်။

ကလေးမြို့တွင် ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေသည့် အော်ပရေတာများဖြစ်ကြသော MPT/Mytel/Ooredoo (U9) တို့ အားလုံး၏ ဝိုင်ဖိုင်လိုင်း နှင့် ဖုန်းလိုင်းများအားလုံးကို စစ်ကော်မရှင်တပ်က ဖြတ်တောက်ထားခြင်းဖြစ်သည်ဟုသိရသည်။

ယခုလက်ရှိမှာတော့ ဒေသခံပြည်သူများသည် စတားလင့် အင်တာနက်လိုင်းရသည့်နေရာများတွင် ငွေကြေးဖြင့် အချိန်ပိုင်း အသုံးပြုနေကြရသည်ဟု သိရသည်။

“အခုက ကလေးမြို့မှာ ဘာမှမရဘူး စတားလင့်အင်တာနက်လိုင်းရှိတဲ့နေရာကို စုံစမ်းပြီး လိုင်းသုံးချင်ရင် အဲဒီနေရာကို သွားပြီး တစ်နာရီကို ကျပ် ၁၀၀၀ နဲ့ အသုံးပြုနေရတယ် အဲဒါလည်းလွတ်လွတ်လပ်လပ်သုံးလို့မရဘူး” ဟု ကလေးမြို့က စတားလင့်အင်တာနက်အသုံးပြုခဲ့သူတစ်ဦးကပြောသည်။

ဆက်သွယ်ရေးအင်တာနက်လိုင်းများအပြင် ဖုန်းလိုင်းများပါ အကုန်ဖြတ်တောက်ခံရခြင်းကြောင့် ကလေးမြို့ကဒေသခံပြည် သူများသည် နေ့စဉ်လူနေမှုဘဝမှာအခက်အခဲမျိုးစုံကြုံနေကြရပြီး ငွေလွဲ/ငွေထုတ်လည်းမရသည့်အပြင် ဘဏ်အားလုံးပိတ် ထားသည်ဟု သိရသည်။

“ကလေးမြို့မှာတော့ စီဘီဘဏ်ကအစ ဘဏ်အားလုံးပိတ်ထားတယ် ငွေသွင်း/ငွေထုတ်လို့လည်းမရဘူး၊ တစ်ဆိုင် နှစ်ဆိုင် လောက်မှာတော့ တစ်သိန်းမှာ ၅၀၀ ဖြတ်ပြီး ငွေထုတ်လို့တော့ရတယ် မလွယ်ဘူး တကယ်အခက်အခဲဖြစ်ကြတယ် ပြည်သူ ကို မျက်စိပိတ် နားပိတ် အမှောင်ချထားသလိုဖြစ်နေပြီ” ဟု ကလေးမြို့က သတင်းရင်းမြစ်တစ်ဦးကပြောသည်။

ထို့အပြင် အင်တာနက်ကို အဓိကထား လုပ်ကိုင်နေရသည့် လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများအတွက်လည်း ဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ကြီးမားသော ပြဿနာများ ရင်ဆိုင်နေကြရသည်။

စစ်ကောင်မရှင်တပ်ဖွဲ့သည် စက်တင်ဘာလဆန်းပိုင်းကစ၍ ကလေးမြို့မြောက်ပိုင်း ကလေး-တမူးကားလမ်းမပေါ်ရှိ နန်းစောင်းပု၊ နန်းဟံနွဲကျေးရွာဘက်ကို ပျူစောထီး၊ ကသည်းလက်နက်ကိုင်တပ်ဖွဲ့များနှင့်အတူ စစ်ကြောင်းထိုးရာမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားကာ အကြီးအကျယ်အထိနာတာကြောင့် ဆက်သွယ်ရေးလိုင်းများ အားလုံးကို ဖြတ်တောက်ထားခြင်းဖြစ်နိုင်သည်ဟု ယူဆနေကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.