Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့ထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူ ၃ ဦးသေဆုံး

ကလေးမြို့ထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူ ၃ ဦးသေဆုံး

0
By Editor on May 29, 2022 Headline

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ဘက် တာဟန်းရပ်ကွက်တွင် ယမန်နေ့ည ၈ နာရီဝန်းကျင်ခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၃ ဦးသေဆုံးမှု ဖြစ်ပွားခဲ့သည်။

ယမန်နေ့ည ၇ နာရီဝန်းကျင်ခန့်ကစ၍ ကလေးမြို့ထဲတွင် သေနတ်ပစ်ခတ်သံများတရစပ်ထွက်ပေါ်ကာ စစ်ကောင်စီတပ် ဖက်က လက်နက်ကြီး ၅ ကြိမ်ထက်မနည်းပစ်ခတ်ခဲ့ပြီး တာဟန်းရပ်ကွက် မေတ္တာ (Agape) ဆေးရုံအနောက်ဖက် ကပ်ရပ်နေအိမ်တွင် ကျရောက်ပေါက်ကွဲကာ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့သည်။

တာဟန်းဒေသခံကတစ်ဦးက “မနေ့ညက မီးကလည်းပြတ်တော့ အိမ်ဝရံတာလေးမှာ သူတို့ထွက်ထိုင်ကြတာ၊ အဲဒီချိန်မှာ လက်နက်ကြီးက အိမ်ရှေ့ကျလာပြီး ဗုံးအစတွေထိမှန်ပြီး သေဆုံးသွားတာ၊ နှစ်ယောက်က ပွဲချင်းသေတယ်၊ တစ်ယောက်ကတော့ မနက်ပိုင်း ၂ နာရီလောက်မှာ ဆုံးသွားတာ” ဟု ပြောသည်။

သေဆုံးသူ ၂ ဦးမှာ အသက် ၄၅ နှင့် အသက် ၂၇ နှစ်အရွယ်ခန့်ရှိသော သားအမိဖြစ်ကြပြီး မင်းကင်းဘက်မှ တာဟန်းဘက်သို့ စစ်ဘေးတိမ်းရှောင်သူလာများဖြစ်ကြကာ ကျန်တစ်ဦးမှာ အသက် ၂၃ နှစ်အရွယ်ခန့်ရှိပြီး ခင်ပွန်းနှင့် ၇ လသားအရွယ် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။

အလားတူ တာဟန်းရပ်ကွက်တစ်နေရာတွင်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိူးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ ကုသမှုခံယူလျှက်ရှိသည်ဟု သိရသည်။

ကလေးမြို့တွင် ယမန်နေ့ညကတည်းက ယခုသတင်းရေးသားနေသည့်အချိန်ထိ စစ်ကောင်စီက လျှပ်စစ်မီး ဖြတ်တောက်ထားပြီး အင်တာနက် Wifi လိုင်းများလည်း အသုံးမရဖြစ်နေသည်ဟု သိရသည်။

တာဟန်းရပ်ကွက်တွင် မေလအတွင်း စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု အနည်းဆုံး ၃ ကြိမ်ရှိသွားပြီဖြစ်ကာ မေလ ၁၀ ရက်နှင့် ၂၅ ရက်နေ့ကလည်း လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.