Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ၁၀ နှစ်ရွယ် ကလေးငယ်တစ်ဦးအပါအ၀င် အရပ်သား (၃) ဦးသေဆုံး
Photo crd

ကလေးမြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ၁၀ နှစ်ရွယ် ကလေးငယ်တစ်ဦးအပါအ၀င် အရပ်သား (၃) ဦးသေဆုံး

0
By Editor on March 16, 2024 Headline

(002MG)

စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း ပျဉ်းခုံလေးကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သော လက်နက်ကြီးကြောင့် ၁၀ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအ၀င် ဒေသခံပြည်သူ (၃) ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည်ဟု သိရသည်။

ကလေးမြို့မြောက်ပိုင်းဒေသ ပျူစောထီးရွာဟုဆိုသော ကျောင်းတိုက်ကျေးရွာကို ယနေ့မနက်ပိုင်း ၃ နာရီခန့်တွင် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားကာ ကလေးမြို့ပေါ် အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ကူသည့်အပြင် လေကြောင်းဖြင့်လည်း တိုက်ခိုက်ခဲ့သည့် အတွက် ပျဉ်းခုံလေးကျေးရွာထဲ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူများ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

“လက်နက်ကြီးကြောင့် (၃) ယောက်ဆုံးတယ်၊(၁) ယောက်ပျောက်တယ်၊ ဒဏ်ရာရတဲ့ဟာတွေထဲမှာ စိုးရိမ်ရတာ တွေရှိတယ်၊ မြေပြင်မှာ ထိတွေ့မူရှိတယ် မနက်မိုးမလင်းခင်ကတည်းကနေ၊ လက်နက်ကြီးနဲ့ပစ်တယ်၊ပြီးတော့ ရဟတ်ယာဉ်နဲ့ (၃) ကြိမ်ပစ်တယ်၊ရက်ရက်စက်စက်ပစ်တာ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့၀င်တစ်ဦးက ပြောသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူများမှာ အသက် ၁၀ နှစ်အရွယ် Angel Vanrempuii၊ အသက် ၃၂ နှစ်အရွယ် Pi Edenthari နှင့် အသက် ၆၂ နှစ်အရွယ် Pi Lalfamkimi တို့ဖြစ်ကြသည်ဟု Zofa Journal က ဖော်ပြသည်။

ထိခိုက်ဒဏ်ရာရရှိသူ ကလေးငယ်တစ်ဦးအပါအ၀င် အနည်းဆုံး ၅ ဦးရှိခဲ့သည်ဟု သိရသည်။

ယနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့မှ လက်နက်ကြီးဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့သည့်အပြင် Mi-35 စစ်ရဟတ်ယာဉ်ဖြင့်လည်း လူနေကျေးရွာထဲ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ကလေးမြို့ကခံတဦးက “ဒီနေ့မှာ လေးကြောင်းတိုက်ခိုက်မှုက အတော်လေးပြင်းထန်နေတယ်၊ ကလေးမြောက်ပိုင်းကို Mi-35 နဲ့ ဗုံးကြဲတယ်၊ စစ်ဖက်နဲ့ မတိုက်ဆိုင်တဲ့နေရာတွေကိုလည်း ပစ်ခတ်တာတွေရှိတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျဉ်းခုံလေး၊ နတ်ကြီးကုန်း၊ နန်းချောင်း၊ လက်ပံချောင်း စသည့်ကျေးရွာများမှ လူနေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

ပျဉ်းခုံလေးကျေးရွာသည် ကလေးမြို့မှ ၅ မိုင်ခန့်ကွာ‌ဝေးပြီး ချင်းလူမျိုးများနေထိုင်သော ကျေးရွာဖြစ်သည်။

မတ်လ ၁၄ ရက်နေ့ကလည်း ကလေးမြို့မြောက်ပိုင်းဒေသ လက်ပံချောင်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့မှပစ်ခတ်လိုက် သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း မရာပြည်သူ အမျိုးသား၊ အမျိုးသမီးအားလုံး စစ်မှုထမ်းရမည်ဟု MTC/ MDF ကြေညာ

တော်လှန်ရေးလုပ်ငန်းများ အနှောက်အယှက်ပြုသော Non- CDM များကို အရေးယူမည်ဟု တီးတိန်မြို့ပညာရေးဘုတ်အဖွဲ့ ကြေညာ

မင်းတပ်မြို့ပေါ် မော်တော်ယာဉ်စည်းကမ်းများ ပြဌာန်းလိုက်ကြောင်း မင်းတပ်ပအဖ ကြေညာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.