Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့နယ်အတွင်း ည ၈ နာရီနောက်ပိုင်း အသွားလာမပြုရန် ဒေသကာကွယ်ရေးတပ်ဖွဲ့ က သတိပေး

ကလေးမြို့နယ်အတွင်း ည ၈ နာရီနောက်ပိုင်း အသွားလာမပြုရန် ဒေသကာကွယ်ရေးတပ်ဖွဲ့ က သတိပေး

0
By Editor on July 19, 2023 Khonumthung

(03PT)

ကလေးမြို့နယ်တွင် ည ၈ နာရီမှ မနက် ၄ နာရီအကြား ကားနှင့် ဆိုင်ကယ်တို့ဖြင့် အသွားလာမပြုလုပ်ကြရန် ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော CNO/CNDF Upper Chindwin Region က ဇူလိုင် ၁၅ ရက်နေ့မှာ အသိပေး ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ညအချိန်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေတာကြောင့် အရပ်သားပြည်သူသေဆုံးမှုတိုးလာကာ လူနေအိမ်များလည်းထိခိုက်ပျက်စီးမှု များပြားလာခြင်းကြောင့် ပြည်သူများ၏ လုံခြုံရေးအတွက် ညတွင်း အသွားလာ မပြုလုပ်ကြရန် ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း CNO/CNDF -Upper Chindwin Region က ဆိုသည်။

“ည ၈ နာရီကျော်ရင် မြောက်ပိုင်းရော၊ တောင်ပိုင်းရော တောင်ပေါ်ကနေ ဆင်းလာတဲ့ကားတွေ မြို့ထဲဝင်လာတဲ့အခါမှာ စကစဖက်ကနေ အမြောက်ကြီးနဲ့ထုတဲ့အခါကျတော့ လိုင်းဆွဲတဲ့ကားတွေရော၊ ကျွန်တော်တို့ မြို့တွင်းကားတွေရော အဲ့လိုမျိုး အသွားလာ နည်းနည်း ဆင်ခြင်ကြဖို့ထုတ်ပြန်လိုက်တာပါ” ဟု CNO/CNDF -Upper Chindwin Region တာဝန်ရှိသူကဆိုသည်။

ညမထွက်ရန်အမိန့်ကို ဇူလိုင် ၁၅ ရက်နေ့မှ စတင်ကာ သြဂုတ်လ ၃၁ ရက်နေ့အထိဖြစ်ပြီး ပြည်သူများအနေဖြင့် ထုတ်ပြန်ချက်အတိုင်းလိုက်နာကြရန် CNO/CNDF-Upper Chindwind Region က တောင်းဆိုထားသည်။

လွန်ခဲ့သည် ဇူလိုင်လ ၆ ရက်နေ့က စစ်ကောင်စီ၏လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် တာဟန်ရပ်ကွက်က အမျိုးသမီးတစ်ဦး‌ သေဆုံးပြီး ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရှိသည့်အပြင် ဇူလိုင် ၁၄ ရက်ကလည်း စီးစံကျေးရွာက လင်မယား နှစ်ဦး သေဆုံးကာ အရပ်သားပြည်သူ ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.