Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့နယ်အတွင်း မူးယစ်ဆေးရောင်းဝယ်သူတစ်ဦးနှင့် သုံးစွဲသူ ၈ ဦး ဖမ်းမိ

ကလေးမြို့နယ်အတွင်း မူးယစ်ဆေးရောင်းဝယ်သူတစ်ဦးနှင့် သုံးစွဲသူ ၈ ဦး ဖမ်းမိ

0
By Editor on August 29, 2022 Khonumthung

စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး ရောင်းချသူတစ်ဦးနှင့် မူးယစ်ဆေးဝါးသုံးစွဲသူ ၈ ဦးကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရန် သြဂုတ်လ ၂၄ ရက်နေ့က ၎င်းတို့ထံ လာရောက်လွဲပြောင်းခဲ့သည်ဟု ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

မူးယစ်ဆေးဝါးရောင်းချသုံးစွဲသူ ၉ ဦးနှင့်အတူ မူးယစ်ဆေးဝါးပင်နီစလင် ၂ လုံး၊ ဆေးထိုးအပ်တစ်ချောင်းနှင့် မူးယစ်ဆေးဝါးရောင်းချရာတွင်အသုံးပြုသော ဆိုင်ကယ် ၃ စီးလည်းပါဝင်ပြီး ကလေးမြို့နယ် တရားရေးအဖွဲ့သို့ တရားစွဲတင်နိုင်ရေး ဆောင်ရွက်ထားသည်ဟု ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

သြဂုတ်လ ၂၂ ရက်နေ့ကလည်း ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့နှင့် CDF-KKG တပ်ရင်း ၃ မှ တပ်ဖွဲ့ဝင်များနှင့်အတူ မူးယစ်ဆေးဝါးရောင်ချသူတစ်ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ ကာလတန်းကြေး ကျပ် ၈ သိန်းခန့်ရှိသော ဘိန်းဖြူ ဆပ်ပြာခွက် ၂ ခွက်၊ ကျပ်ငွေ သုံးသောင်းခန့်တန်ဖိုးရှိသော ဘိန်းဖြူပင်နီစလင် ၁ လုံး၊ ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်း ၂ လုံးဖမ်းဆီးရခဲ့သည်ဟု ကလေးမြို့နယ် ပြည်သူရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.