Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့နယ် စက္ကန့်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီဖက်က ၃ ဦးသေဆုံးပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဖက် ၂ ဦးထိခိုက်ဒါဏ်ရာရရှိ

ကလေးမြို့နယ် စက္ကန့်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီဖက်က ၃ ဦးသေဆုံးပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဖက် ၂ ဦးထိခိုက်ဒါဏ်ရာရရှိ

0
By Editor on October 10, 2023 Headline

(004SS)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အနောက်တောင်ပိုင်းရှိ စက္ကန့်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ် ရေးပူး ပေါင်းတပ်ဖွဲ့တို့အကြားဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတက်ဖွဲ့ဖက်က ၃ ဦးသေဆုံးကာ ၈ ဦးထက်မနည်း ထိခိုက်ခဲ့ကြောင်း CDF-KKG ၊ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့များသည် အောက်တိုဘာလ ၇ ရက်နေ့၊ နံနက်ပိုင်း ၈ နာရီခန့်တွင် ကလေးမြို့တောင်ပိုင်း မြို့လှ ရပ်ကွက်မှ စက္ကန့်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာကာ ဒေသကာကွယ်ရေးပူပေါင်းတပ်ဖွဲ့များဖြစ်သည့် CDF-KKG, CNDF (TZ), CNDF (NA), Kalay-PDF ပူးပေါင်းတပ်ဖွဲ့များနှင့် ၁ နာရီခန့်ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဟု CDF-KKG က အောက်တိုဘာလ ၈ ရက်နေ့က ထုတ်ပြန်သည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့များသည်  တောင်ဖီလာတောင်ပေါ်မှ လက်နက်ကြီးများဖြင့် တရဆပ်ပစ်ကူခဲ့ခြင်း ကြောင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၂ ဦး လက်နက်ကြီးကျည်စ ထိမှန်ကာ ဒါဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

၎င်းဒါဏ်ရာရရှိသူများမှာ CDF-KKG မှ ရဲဘော်တစ်ဦး (မစိုးရိမ်ရဒါဏ်ရာ) နှင့် CNDF (TZ) မှ ရဲဘော်တစ်ဦး ပြင်းထန်ဒါဏ်ရာရရခဲ့ကြောင်း သိရသည်။

“CNDF (TZ) က ရဲဘော်တစ်ဦး လက်နက်ကြီးကျည်စထိမှန်တော့ သူ့ရဲ့ မျက်လုံးတစ်ဘက် ထိခိုက်ထားတယ်၊ နောက် ပေါင်နဲ့ ဝမ်းဗိုက်မှာလဲ နဲနဲ ထိထားတယ်၊ သူ့ကို ဆေးကုသနိုင်ဖို့ ‌ပို့လိုက်ပြီ” ဟု ‌CDNF (TZ) နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ထို့နောက် ယမန်နေ့ အောက်တိုဘာလ ၈ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်များမှ drone ဖြင့် တစ်ကြိမ် ထပ်မံပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။

အလားတူ အောက်တိုဘာလ ၈ ရက်နေ့က ဂန့်ဂေါမြို့နည် မြစ်သာဆည်တွင် အထိုင်ချထားသော စစ်ကောင်စီတပ်များနှင့် CDF-KKG တပ်ရင်း ၅ တို့ထိတွေ့ရှိခဲ့ပြီုး စစ်ကောင်စီတပ်ဖက်က ၂ ယောက်သေဆုံးခဲ့သည်ဟု သိရသည်။

ယခုလက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များသည် ကလေးမြို့နယ်အနောက်တောင်ပိုင်း စက္ကန့်ကျေးရွာတွင် တပ်ဆွဲထားပြီး ပြည်သူနေအိမ်များအား မီးရှုဖျက်ဆီးကာ နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျခဲ့သလို လက်ရှိတွင်လည်း ဆက်လက်မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.