Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့နယ် ပျဉ်းတောဦးကျေးရွာထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ၃ ဦးသေဆုံး

ကလေးမြို့နယ် ပျဉ်းတောဦးကျေးရွာထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ၃ ဦးသေဆုံး

0
By Editor on April 24, 2024 Khonumthung

(005MK)

ကလေးမြို့မြောက်ပိုင်း ပျဉ်းတောဦး (Tuingo) ကျေးရွာတွင် ယနေ့ညနေပိုင်း ၄ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ယနေ့ ဧပြီလ ၂၄ ရက်ညနေပိုင်း ၄ နာရီခန့်တွင် ပျဉ်းတောဦးကျေးရွာထဲ လက်နက်ကြီးကျည် ၂ နေရာတွင် ကျရောက်ပေါက်ကွဲကာ အသက် ၁၀ နှစ်ဝန်းကျင်ခန့်ရှိသော ကလေးငယ် ၂ ဦးနှင့် အသက် ၆၅ နှစ်အရွယ်ခန့်ရှိသော အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်သည်။

နောက်ထပ်ကလေးငယ်တစ်ဦးမှာလည်း လက်နက်ကြီးကျည်ကြောင့် ပြင်းထန်ဒဏ်ရာရရှိပြီး စိုးရိမ်ရသည်ဟု သိရသည်။

ကလေး-လက်ပံချောင်း ကားလမ်းမပေါ်တွင်တည်ရှိသော ပျဉ်းတောဦးကျေးရွာသည် ကလေးမြို့မှ ၁၂ မိုင်ခန့်ကွာဝေးပြီး ချင်းလူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်သည်။

ကလေးမြို့မြောက်ပိုင်း နန်းချောင်းကျေးရွာအနီးတွင် ယနေ့မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ကလေးမြို့ပေါ်မှ လက်နက်ကြီး များဖြင့် အဆက်မပြတ်ပစ်ကူခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယခုဧပြီလဆန်းပိုင်းကစ၍ ကလေးမြို့မြောက်ပိုင်းဒေသ ကလေး-လက်ပံချောင်း ကားလမ်းမပေါ်ရှိ ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပျဉ်းခုံကြီး၊ ယောက်ချိုကွင်း၊ မိုင်နွဲ စသည့်ကျေးရွာများကို မီးရှို့ဖျက်စီးခဲ့သည်။

ဒေသခံပြည်သူများသည် နီးစပ်တောတောင်များ၊ ကလေးမြို့ပေါ်နှင့် အိန္ဒိယ-မြန်မာနယ်စပ်ဘက်တို့တွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.