Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့နယ် သာယာကုန်းကျေးရွာတွင် စစ်ကောင်စီမှ နေအိမ် ၄ လုံး မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသား ၃ ဦး ဖမ်းဆီးခံရ

ကလေးမြို့နယ် သာယာကုန်းကျေးရွာတွင် စစ်ကောင်စီမှ နေအိမ် ၄ လုံး မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသား ၃ ဦး ဖမ်းဆီးခံရ

0
By Editor on October 12, 2021 Khonumthung

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ နည်းပညာတက္ကသိုလ် (GTC) ကျောင်းအနီးရှိ သာယာကုန်းကျေးရွာတွင်် အောက်တိုဘာလ ၈ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်းဝင်ရောက်လာကာ လူနေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသား ၃ ဦးကိုလည်း ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက သာယာကုန်းရွာသားများကို ဖမ်းဆီးခြင်းနှင့် လူနေအိမ်များ မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် ပြည်သူများ စိုးရိမ်ကြောက်ရွပြီး ရွာ၏အနောက်ဖက်ရှိ ကျေးရွာ၊ တောထဲနှင့် ကလေးမြို့တွင်ရှိသော ဆွေးမျိုးများထံ ထွက်ပြေးခိုလှုံနေကြရသည်ဟု သာယာကုန်းကျေးရွာမှ ကလေးမြို့တွင် ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦးက ပြောသည်။

“ဒီမနက်ပိုင်း စစ်သားတွေရွာထဲဝင်လာတယ်၊ အိမ်တွေလည်းမီးရှို့တယ် ရွာအပြင်က အိမ် ၃ လုံး၊ ရွာထဲက ၁ လုံး၊ အသိ ၁ ယောက်လည်း အဖမ်းခံရတယ်၊ ကျန်အဖမ်းခံရတာ အတိအကျတော့မသိဘူး။ ကျမတို့လည်း ကလေးမြို့ ဆွေမျိုးတွေစီမှာ ပြောင်းပြီးလာနေတယ်၊ အိမ်မှာ ပစ္စည်း တွေ ဒီအတိုင်းပဲထားခဲ့ရတယ်။” ဟု ပြောသည်။

အဆိုပါမီးလောင်မှုကြောင့် ပျက်ဆီးသည့်အိမ်မှာ ကလေး-ဂန့်ဂေါကားလမ်းဘေးတွင်ရှိသော ဆိုင်ကယ်ပြင်ဆိုင် ၁ ဆိုင်၊ သီဟထွန်း ဆန်စက် ၂ ပိုင်ရှင်၏ တိုက်အိမ် ၁ အိမ်၊ အလုပ်သမားအဆောင်၊ အလုပ်သမားများနေအိမ်နှင့် အိမ်သာအပြင် ဆိုင်ကယ် ၂ စီး ခိုးယူသွားကြသည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီက စက်တင်ဘာလ ၂၅ ရက်နေ့တွင် ၂ ပတ်အတွင်း ချင်းပြည်နယ်အားလုံး ကို စစ်ရေးအပြတ်ချေမှုန်းမည်ဟု အမိန့်ပေးထားခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့များက တပ်အင်အား တိုးချဲ့ခြင်းများပြားလာပြီး အောက်တိုဘာလ ၈ ရက်နေ့တွင်လည်း သံချပ်ကား (၂) စီးအပါအဝင် စစ်ကား ၄၀ စီးဝင်ရောက်လာကာ လက်ရှိတွင် ၎င်းသံချပ်ကား ၂ စီးနှင့် စစ်ကား ၅၅ စီးတို့သည် ဖလမ်းမြို့နယ် လုမ်းဘန်ကျေးရွာ အထက်တန်ကျောင်းတွင် တပ်စွဲထားကြောင်းလည်း သိရသည်။

စစ်ကောင်စီမှ တပ်အင်အားအများအပြား ဖြည့်တင်းလာခြင်းမှာ ချင်းလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) ၏ စစ်ဌာနချုပ်အား ဝင်ရောက်တိုက်ခိုက်ရန်အတွက် ဖြစ်နိုင်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) Twitter စာမျက်နှာတွင် သုံးသပ်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.