(002MG)
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုကျေးရွာသို့ ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်တပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ (၁၀) ရက်ကြာ တိုက်ပွဲမှာ စစ်ကော်မရှင်တပ်သား (၃) ဦးအပါအဝင် ဟိန္ဒူဂေါ်ရ ခါးလူမျိုး စစ်မှူထမ်းစစ် သား အများအပြား သေဆုံးခဲ့သည်ဟု အမှတ် (၁) စစ်ဒေသက ဩဂုတ်လ ၂၄ ရက် ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ် သြဂုတ်လ (၆) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကလေးမြို့နယ်၊ နန်းစောင်းပုကျေးရွာသို့ ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်တပ် တတက-၁၀ မှ ဗိုလ်မှူး သန်းမင်းထိုက်၊ ဗိုလ်ကြီး ထွန်းလင်းသူ နှင့် စကခ-၁၀ လက် အောက်ခံ ခမရ -၃၆၃ မှ ကြည်း-၄၇၁၇၁ ဗိုလ်ကြီး ဝင်းမင်းစိုးတို့ဦးစီးသည့် ခန့်မှန်းအင်အား (၁၂၀) ကျော်ပါသည့် စစ်ကြောင်းကို ပြည် သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကော်မရှင်တပ်သားအလောင်း (၃) လောင်းရရှိခဲ့ပြီး သုံ့ပန်း (၁) ဦးဖမ်းမိခဲ့သည့်အပြင် ရန်သူ့ဖက် မှ အတင်းအဓမ္မစစ်သားစုဆောင်းထားသော ဟိန္ဒူ ဂေါ်ရ ခါးလူမျိုး စစ်မှူထမ်းစစ်သား အများအပြား သေဆုံးခဲ့ကြောင်း အမှတ် (၁) စစ်ဒေသသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။
တိုက်ပွဲအတွင်း MG-42 (၁) လက်၊ BA-100 (၁) လက်၊ MA-4 (၁) လက်၊MA-E (၂) လက်၊MA-1 (၂) လက်၊ MA-3 (၂) လက် ၊G-3 (၁) လက်၊MG-42 ပြောင်းပို (၂) ခု၊ RPG ဒုံးသီး (၅) ခု၊ ကျည်ဘောက်မျိုးစုံ (၂၄) ခု၊ ၄၀ မမ ဗုံးသီး (၁၂) လုံး၊ ၇.၆၂ ကပစကျည် (၁၉၀၃ ) တောင့်၊ ၅.၅၆ ကပစကျည် (၁၃၈၉ ) တောင့်၊ ၁၄ မိုင်း (၅) ခု၊ ၈၄ မမ မှန်ပြောင်း (၁) ခု၊၈၁ မမ မှန် ပြောင်း (၁) ခု၊အီနာဂါ ဗုံးသီး (၁) ခုနှင့် ကျည်ကာဦးထုပ် (၁) လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် အမှတ် (၅) အထူးလှုပ်ရှား တပ်ရင်း၊ အမှတ် (၆) အထူးလှုပ်ရှား တပ်ရင်း၊ ကလေးခရိုင် အမှတ် (၄) တပ်ရင်း၊ ကလေးခရိုင် အထူးစစ်ကြောင်း (PDF + ပကဖ)၊ ကလေးမြို့နယ် ပကဖ၊ ကလေးဝမြို့နယ် ပကဖ၊ မင်းကင်းမြို့နယ် ပကဖ၊ PDF Zoland -Drone Team တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။