Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့ဗိုလ်ချုပ်လမ်းမပေါ်တွင် စစ်ကောင်စီက အရပ်သားတစ်ဦးကို ပစ်သတ်

ကလေးမြို့ဗိုလ်ချုပ်လမ်းမပေါ်တွင် စစ်ကောင်စီက အရပ်သားတစ်ဦးကို ပစ်သတ်

0
By Editor on February 27, 2024 Headline

(002MG)

စစ်ကိုင်းတိုင်း ကလေးမြို့၊ ဗိုလ်ချုပ်လမ်းမ ဘူတာလမ်းခွဲအနီးတွင် ယနေ့မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဖွဲ့က အရပ်သားပြည်သူတစ်ဦးကို ပစ်သတ်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးအခြေအနေတင်းမာနေသော ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့မနက်ပိုင်းကတည်းက ဗိုလ်ချုပ်လမ်းမအတိုင်း အရှေ့မှ အနောက်ဘက်ကို စစ်ကားများဖြင့် လှည့်လည်ကာ လမ်းမပေါ်က တွေ့သမျှလူများကို ပစ်ခတ်ခဲ့သည်ဟု သိရသည်။

သေဆုံးသူမှာ အိတ်စွပ် (Kawlkulh) ကျေးရွာမှ အသက် ၅၂ နှစ်အရွယ် Pu Lalengliana ဖြစ်ပြီး ကလေးမြို့သို့ ဘုရားကျောင်းကိစ္စဖြင့်အသွား ဘူတာလမ်းခွဲတွင် စစ်ကောင်စီ၏ သေနတ်ပစ်ခတ်မူကြောင့် ဘယ်ဖက်ရင်ဘတ်တွင် ဒဏ်ရာရရှိကာ သေဆုံးခဲ့ရသည်ဟု သေဆုံးသူ၏ သားဖြစ်သူက ပြောသည်။

“ဘူတာလမ်းခွဲ မရောက်ခင်မှာ စစ်သားတွေက သေနတ်ဖောက်တာ အဖေက ပွဲချင်းမသေဘူး၊ ဆိုင်ကယ်နဲ့နည်းနည်းသွားပြီး စမ်းမြို့နားမှာ လဲကျသွားတော့ လူငယ်တွေကတွေ့ပြီး ဖုန်းမှာ အဖေတို့ရုံးကဖုန်းတွေ့လို့ ဆက်တာ အဲ့ဒီချိန်ကျမှ သိရတာ၊ အလောင်းကတော့ အိမ်ရောက်လာပြီ” ဟု သားဖြစ်သူက ပြောသည်။

ယနေ့တရက်တည်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် နောက်ထပ်ပြည်သူတစ်ဦးလည်း သေဆုံးကာ မည်သူ မည်၀ါဖြစ်ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိသည်ဟု သိရသော်လည်း ခိုနူမ်းသုန်အနေဖြင့် သီးခြား အတည်ပြု၍မရခဲ့ပေ။

ကလေးမြို့ပေါ် အနီးတဝိုက်တွင် ဖေဖော်ဝါရီ ၂၁ နေ့စတင်ပြီး ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲနှင့်စစ်ကောင်စီတို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယခုတစ်ပတ်အတွင်း အရပ်သား ပြည်သူ ၇ ဦးခန့် သေဆုံးခဲ့ပြီးဖြစ်သည်။

ယမန်နေ့ကလည်း ချင်း-စစ်ကိုင်းအစပ် ချင်းပြည်နယ် ခိုင်ကမ်းမြို့ရဲစခန်းရှေ့တွင် အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦး စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်ဟု သိရသည်။

ထိုအမျိုးသားမှာ ချင်းပြည်နယ် တီးတိန်မြို့နယ် မွောလ်ပီးကျေးရွာသားဖြစ်ပြီး ကလေးမြို့သို့ အသိမိတ်ဆွေလိုက်ပို့ရာ အပြန်လမ်းတွင် ထိုကဲ့သို့ပစ်သတ်ခံရခြင်းဖြစ်သည်ဟု သိရသည်။

ကလေးမြို့နယ်အတွင်း စစ်ရေးအရှိန်အဟုန် တိုးမြင့်တိုက်ခိုက်တော့မည့်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် အသက်အိုးအိမ်စည်းစိမ် ထိခိုက်နစ်နာမူများ မဖြစ်စေရန် ကလေးမြို့အတွင်းမှ ထွက်ခွာပြီး တိမ်းရှောင်ကြရန် ကလေး ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.