Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့မြောက်ပိုင်းဒေသတိုက်ပွဲ စစ်ကောင်စီဘက် ၇ ဦးသေဆုံး

ကလေးမြို့မြောက်ပိုင်းဒေသတိုက်ပွဲ စစ်ကောင်စီဘက် ၇ ဦးသေဆုံး

0
By Editor on April 6, 2023 Headline

ကလေးမြို့မြောက်ပိုင်းဒေသ ပျဉ်းတောဦးကျေးရွာအနီးတဝိုက်တွင် ဖြစ်ပွားသောတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၇ ဦး သေဆုံးခဲ့သည်ဟု CDF-KKG က ယမန်နေ့ ဧပြီလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကလေးမြို့မြောက်ပိုင်းဒေသတွင် မတ်လ ၃၁ ရက်နေ့က နန်းစောင်းပုကျေးရွာမှ ချီတက်လာသော စကစနှင့် ပျူစောထီးတပ်ဖွဲ့နှင့် CDF-KKG တို့အကြား ကနဦးတိုက်ပွဲတရပ် ပျဉ်းတော်ဦးသုသာန်တွင် ၃ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲတွင် TCDF, CNDF, PDF Kalay, HNB, CR, PDA, ပကဖ, CDM Siyin စသည့် တော်လှန်ရေးတပ်ဖွဲ့များက ပါဝင်အားဖြည့်လာပြီးနောက် တိုက်ပွဲပိုမိုပြင်းထန်လာပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးပစ်ကူသာမက တိုက်ခိုက်ရေးရဟတ်ယာဉ်များအသုံးပြုကာ ဝေဟင်မှတိုက်ခိုက်မှုများပါ ပြုလုပ်ခဲ့သည်ဟု CDF-KKG က ဆိုသည်။

ယင်းတိုက်ပွဲတွင် သေဆုံးနေသော စစ်ကောင်စီတပ်သား အလောင်း ၇ လောင်းကို မျက်မြင်တွေ့ရှိခဲ့ကြပြီး MA3 ကျည်ဘောက်တစ်ခု၊ ၅.၅၆ ကျည် ၂၀ တောင့်၊ ဓါးတစ်လက်နှင့် ကျောပိုးအိတ်အပါအဝင် အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိသည်ဟု CDF-KKG က ထုတ်ပြန်သည်။

CDF-KKG ဘက်က ရဲဘော်တစ်ဦးသည် မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဧပြီလ ၁ ရက်နေ့တွင်လည်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာတွင် MA3 ကျည်ဘောက်တစ်ခုနှင့် ၅.၅၆ ကျည် ၈ တောင့် ထပ်မံသိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။

ဧပြီလ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိနာသဖြင့် ဝေဟင်ကနေပါ အကြိမ်ပေါင်းများစွာ တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့သည် ညောင်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းနှင့် ပျဉ်းတောဦးကျေးရွာအနီးတဝိုက်တွင် သာလွန်အင်အားဖြင့် တပ်စွဲထားလျှက်ရှိပြီး ထိုမှတဆင့် အနီးနားဝန်းကျင်ကျေးရွာများသို့ အင်အားဖြန့်ကာ စစ်ကြောင်းများထိုးလျှက်ရှိသောကြောင့် ထိတွေ့တိုက်ပွဲများအချိန်မရွေးဖြစ်ပွားနိုင်သည်ဟု CDF-KKG က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.