Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့မြောက်ပိုင်းဒေသတိုက်ပွဲ စစ်ကောင်စီဘက် ၇ ဦးသေဆုံး

ကလေးမြို့မြောက်ပိုင်းဒေသတိုက်ပွဲ စစ်ကောင်စီဘက် ၇ ဦးသေဆုံး

0
By Editor on April 6, 2023 Headline

ကလေးမြို့မြောက်ပိုင်းဒေသ ပျဉ်းတောဦးကျေးရွာအနီးတဝိုက်တွင် ဖြစ်ပွားသောတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၇ ဦး သေဆုံးခဲ့သည်ဟု CDF-KKG က ယမန်နေ့ ဧပြီလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကလေးမြို့မြောက်ပိုင်းဒေသတွင် မတ်လ ၃၁ ရက်နေ့က နန်းစောင်းပုကျေးရွာမှ ချီတက်လာသော စကစနှင့် ပျူစောထီးတပ်ဖွဲ့နှင့် CDF-KKG တို့အကြား ကနဦးတိုက်ပွဲတရပ် ပျဉ်းတော်ဦးသုသာန်တွင် ၃ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲတွင် TCDF, CNDF, PDF Kalay, HNB, CR, PDA, ပကဖ, CDM Siyin စသည့် တော်လှန်ရေးတပ်ဖွဲ့များက ပါဝင်အားဖြည့်လာပြီးနောက် တိုက်ပွဲပိုမိုပြင်းထန်လာပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးပစ်ကူသာမက တိုက်ခိုက်ရေးရဟတ်ယာဉ်များအသုံးပြုကာ ဝေဟင်မှတိုက်ခိုက်မှုများပါ ပြုလုပ်ခဲ့သည်ဟု CDF-KKG က ဆိုသည်။

ယင်းတိုက်ပွဲတွင် သေဆုံးနေသော စစ်ကောင်စီတပ်သား အလောင်း ၇ လောင်းကို မျက်မြင်တွေ့ရှိခဲ့ကြပြီး MA3 ကျည်ဘောက်တစ်ခု၊ ၅.၅၆ ကျည် ၂၀ တောင့်၊ ဓါးတစ်လက်နှင့် ကျောပိုးအိတ်အပါအဝင် အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိသည်ဟု CDF-KKG က ထုတ်ပြန်သည်။

CDF-KKG ဘက်က ရဲဘော်တစ်ဦးသည် မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဧပြီလ ၁ ရက်နေ့တွင်လည်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာတွင် MA3 ကျည်ဘောက်တစ်ခုနှင့် ၅.၅၆ ကျည် ၈ တောင့် ထပ်မံသိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။

ဧပြီလ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိနာသဖြင့် ဝေဟင်ကနေပါ အကြိမ်ပေါင်းများစွာ တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့သည် ညောင်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းနှင့် ပျဉ်းတောဦးကျေးရွာအနီးတဝိုက်တွင် သာလွန်အင်အားဖြင့် တပ်စွဲထားလျှက်ရှိပြီး ထိုမှတဆင့် အနီးနားဝန်းကျင်ကျေးရွာများသို့ အင်အားဖြန့်ကာ စစ်ကြောင်းများထိုးလျှက်ရှိသောကြောင့် ထိတွေ့တိုက်ပွဲများအချိန်မရွေးဖြစ်ပွားနိုင်သည်ဟု CDF-KKG က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.