Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့မှာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကြပ်တည်းမှုဖြစ်နေ

ကလေးမြို့မှာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကြပ်တည်းမှုဖြစ်နေ

0
By Editor on November 7, 2024 Headline

(002MG)

ချင်းတောင်ခြေ၊ စစ်ကိုင်းတိုင်း ကလေးမြို့မှာ အခြေခံစားသောက်ကုန်ပစ္စည်းများနေ့စဉ်နှင့်အမျှ ဈေးနှုန်း မြင့်တက်နေပြီး ဒေသခံပြည်သူများအထွေထွေကြပ်တည်းမှုနှင့်ရင်ဆိုင်နေကြရသည်ဟု သိရသည်။

ကလေးမြို့ခံ ကုန်စိမ်းအရောင်းအဝယ်သူ အမျိုးသမီးတဦးက “ကုန်စိမ်းတွေက မဝင်တာမဟုတ်ဘူး၊ ဝင်တယ် တန်ဆာခက ဈေးတက်တာ အရင်က ကုန်စိမ်းအိတ်တအိတ်ဆိုရင် တန်ဆာခက ၁ သောင်းလောက်ပဲရှိတာ၊ အခုက နှစ်သောင်းကျော် ရှင်းရတာကိုး၊ ကျမတို့က တန်ဆာခနဲ့ အလုပ်သမားခတွေ တွက်ပြီးတော့ ပြန်ရောင်းရတာဆိုတော့ ဈေးတွေက ပိုမြင့်သွားပြီလေ။ အစစအရာရာ အတက်တွေကြီးပါပဲ။ ကုန်းစိမ်းတွေဝယ်ရင် ဒီနေ့ဈေးနဲ့ နောက်ရက်ယူတဲ့ ဈေးနှုန်းတွေတောင် မတူတော့ဘူးလေ ပစ္စည်းစုံအောင်လို့တာ ယူရောင်းနေရတာ ကုန်စိမ်းရောင်းရတာလည်း မလွယ်လာတော့ဘူး” ဟု ပြောသည်။

လက်ရှိ ကလေးမြို့တွင် အခြေခံစားကုန်များဖြစ်သည့် အာလူး တပိဿာ ၁၀,၀၀၀ ကျပ်၊ ကုလားပဲ တပိဿာ ၁၂,၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တပိဿာ ၈၀၀၀ ကျပ်၊ ခရမ်းသီး တပိဿာ ၈၀၀၀ ကျပ်၊ ဂေါ်ရခါးသီး တပိဿာ ၃၀၀၀ ကျပ်၊ ကြက်သွန်နီ တပိဿာ ၈၀၀၀ ကျပ်၊ ရုန်းပတီးသီး တပိဿာ ၆၀၀၀ ကျပ်၊ ရွှေဖရုံသီး တပိဿာ ၇၀၀၀ ကျပ်၊ အမဲသား တပိဿာ ၂၈,၀၀၀ ကျပ်၊ ဝက်သား တပိဿာ ၃၂,၀၀၀ ကျပ်၊ ကြက်သား တပိဿာ ၃၀,၀၀၀ ကျပ်ရှိသည်ဟု သိရသည်။

ယင်းသို့ အခြေခံစားသုံးကုန်များ နေ့စဉ်နှင့်အမျှ မြင့်တက်နေသောကြောင့် ဒေသခံပြည်သူများ စားဝတ်နေရေးအတွက် အခက်ကြုံနေကြရပြီး အထူးသဖြင့် နေ့စားအလုပ်သမားများမှာ ပို၍အကြပ်အတည်းဖြစ်နေကြသည်ဟု သိရသည်။

“ခေတ်ကာလက မကောင်းတဲ့ထဲမှာ အလုပ်ကလည်းရှားတယ်၊ ပုံမှန်လုပ်ဖို့လည်းမရှိဘူး၊ ဒီကြားထဲမှာ ကုန်ဈေးနှုန်းကလည်း အတက်ပဲရှိတာ အကျမရှိဘူး ဘယ်လိုမှအဆင်မပြေဘူးဗျား” ဟု ကလေးမြို့က ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

အခြေခံစားကုန်များဈေးနှုန်းမြင့်တက်လာခြင်းကြောင့် တနိုင်တပိုင် အိမ်ဆိုင်ဖြင့် ကုန်စိမ်း ဖွင့်လှစ်ရောင်းချနေသူများ လည်း ယခင်ထက် ရောင်းအားကျဆင်းလာသည်ဟု ကုန်စိမ်းဆိုင် ဖွင့်လှစ် ရောင်းချသူအမျိုးသမီးက ပြောသည်။

“အသားဈေးထက် ကုန်စိမ်းတွေက ပိုဈေးတက်နေတာ၊ ဖောက်သည်ဈေးနဲ့ ယူတာတောင် ဈေများတော့ ကိုယ်ပြန် ရောင်းတဲ့အခါကျတော့ ဈေးနည်းနည်းတင်ရင်လည်း များသွားပြန်တော့ ဝယ်တဲ့သူကနည်းလာပြန် တယ်၊ မြတ်မယ့် ပစ္စည်းတွေက ကျန်နေတော့ အရင်းကပြန်မရတဲ့အချိန်တွေတောင်ရှိတယ်၊ အိမ်မှာ ချက်စားတာက အမြတ်ပါပဲ ဈေးတွေကလည်း မကျတဲ့အပြင် နေ့တိုင်းကို ဈေးတက်နေတာ” ဟု ကုန်စိမ်းဆိုင် ဖွင့်လှစ် ရောင်းချသူအမျိုးသမီးက ပြောသည်။

ကလေးမြို့သို့ ကုန်ပစ္စည်းများ အဓိက သယ်ယူရာတွင် အသုံးပြုသည့် မဟာမြိုင်ကားလမ်းသည်လည်း ကားလမ်း ပျက်စီးမှုအခြေအနေကြောင့် ကုန်တင်ကားကြီးများပြေးဆွဲ၍မရဘဲ လူစီးယာဉ်များသာ ပြေးဆွဲနေသေးသည်ဟု ကလေးမှ မန္တလေးသို့ ပြေးဆွဲနေသော ကားသမားများထံမှ သိရ သည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ကလေးမြို့တွင် ဓာတ်ဆီ တလီတာလျှင် ၁၂,၀၀၀ ကျပ် အထိ မြင့်တက်ခဲ့ သော်လည်း လက်ရှိတွင် တလီတာ (၈၀၀၀) ကျပ်သို့ အနည်းငယ်ကျဆင်းခဲ့ပြီး တဂါလံတွင် ၂၈၀၀၀ မှ ၃၂၀၀၀ ကျပ်အထိ ရှိသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လိုင်ဇာတွေ့ဆုံပွဲတွင် NUG အစိုးရ၊ KIO/KIA တို့နှင့် မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့ဟု CB ပြော

ဇိုမီးအမျိုးသားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

UNHCR မှ ဒုက္ခသည်အဆင့်အတန်းသတ်မှတ်ချက် (RSD) Interview ကို မနက်ဖြန်မှစ၍ စတင်ခေါ်ယူမည်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.