(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်သို့ တိမ်းရှောင်လာကြသည့် ခမ်းပတ်၊ ကနန် စစ်ရှောင်ပြည်သူများအကြား ရာသီတုပ် ကွေးရောဂါအဖြစ်များနေပြီး အသက် (၈) နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း စစ်ဘေး ရှောင်များ ကူညီကယ်ဆယ်ရေး နှင့် စောင့်ရှောက်ရေးကော်မ တီထံမှ သိရသည်။
မိုးတွင်းကာလရောက်လာသည်နှင့်အမျှ ရာသီဥတုအပြောင်းအလဲတို့ကြောင့် လက်ရှိ စစ်ဘေးခိုလှုံနေကြရသည့် ကလေးမြို့ပေါ်ရှိ စစ်ဘေးရှောင်ပြည်သူ များအကြားတွင် ဖျားနာသူများပြားလာကာ အခြေခံ ကျန်းမာရေးစောင့် ရှောက်မှုနှင့် ဆေးဝါးများ အကူအညီလိုအပ်နေခြင်းဖြစ်သည်။
“အဓိက လိုအပ်တာကတော့ ကျန်းမာရေး၊ ဆေးဝါးပေါ့နော် အဲ့တာက အခက် အခဲဆုံးဖြစ်မယ်။ မိုးတွင်း ဆိုတော့ မိုးလည်း နေ့တိုင်းလိုလိုမိုးရွာ၊ နေပူတဲ့အချိန်မှာ တအားနေပူတဲ့အချိန်မှာ မခံနိုင်ကြဘူး လေ။ ပြီးခဲ့တဲ့အပတ်ကလည်း ခမ်းပတ်စစ်ဘေးရှောင် ကလေးမလေးတစ်ယောက် အသက်ပါသွားတယ်။ အသည်း ရောင်အသားဝါနဲ့ သွေးလွန် တုပ်ကွေး နှစ်ခုစလုံးပိုးတွေ့တယ်၊ ဖြစ်ချင် တော့ အဲ့ဒီပိုးက ဦးနှောက် ထိတက် သွားတာ။ ရှင်းဟုန်ဆေးရုံမှာကုတယ် လုံးဝကုလို့မ ရတော့လို့ သောကြာနေ့ညဆုံးသွားတယ်။ ကလေး မက ၈ နှစ်အရွယ်ပဲရှိသေးတယ်။ တချို့ကလေးတွေက ၂ ပတ်လောက်နဲ့ ဆေးရုံမှာ အသည်း ရောင် အသားဝါနဲ့ ဆေးကုရတယ်။ အဲ့လိုမျိုးနေမကောင်းဖြစ်ကြတာ ရောဂါအမျိုး မျိုးနဲ့။” ဟု စစ်ဘေးရှောင် ကူညီရေးတာဝန်ခံက ပြောသည်။
ကလေးမြို့ပေါ်ရှိ စစ်ဘေးရှောင်ပြည်သူများသည် ချောင်းဆိုး၊ တုပ်ကွေး၊ အ သည်းရောင်အသားဝါ၊ သွေး လွန်တုပ် ကွေး ရောဂါ များဖြစ်ပွားနေသော ကြောင့် ကလေးမြို့ပေါ်ရှိ ဝယ်စလီဆေးရုံ၊ အဂ္ဂါပေး (မေတ္တာ) ဆေးရုံ၊ ရှင်းဟုန်၊ ပြည်သူ့ဆေးရုံ၊ Royal City ဆေးရုံ တို့တွင် ဆေးကုသမှုများခံယူနေကြသော်လည်း ဆေးရုံစရိတ်၊ ဆေးဝါးကုသစရိတ် မြင့်တက်ခြင်းတို့ကြောင့် ငွေ ကြေးအခက်အခဲများ ရင်ဆိုင်နေကြရ သည်ဟု သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၇) ရက်မှစတင်၍ စစ်ကောင်စီတပ်သည် ကလေး – တမူးလမ်းပိုင်းအား ပြန်လည် ထိန်းချုပ်ရန် ထိုးစစ်ဆင်ခဲ့သောကြောင့် ခမ်းပတ်၊ ကနန် အပါအဝင် အနီးအနားရှိ ကျေးရွာ (၅၀) နီးပါး က ပြည်သူများသည် လက် ရှိအထိ အိန္ဒိယနယ်စပ်ဘက်နှင့် ကလေးမြို့ဒေသဘက်တွင် စစ်ဘေးတိမ်း ရှောင်နေကြသည်မှာ (၂) လ နီးပါးရှိလာခဲ့ပြီးဖြစ်သည်။
လက်ရှိ စစ်ဘေးရှောင်ပြည်သူများအကြားတွင် ကျန်းမာရေးကြောင့် ဆေးဝါးကုသရန် ငွေကြေးမလုံလောက်မှုအပြင် စားဝတ်နေရေး အခက်အခဲများလည်း ထပ်မံရင်ဆိုင်နေကြရသောကြောင့် စစ်ရှောင်ပြည်သူများအကြား စိုးရ မ်မှု မြင့်တက်လာသည်ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
“အစားအသောက်ပေါ့၊ ဟင်းကတော့ ဟင်းကောင်းတွေဘာတွေမပြောနဲ့ ဆန်ဝယ်ဖို့တောင်မရှိကြ ဘူး။ ဆေးဝါးဝယ် ဖို့တောင်မရှိ တော့ သူများစီမှာ ပိုက်ဆံချေးပြီးမှ ဆေးလုံးဝယ်တယ်၊ ဆန်ဝယ်တယ်။ ပြီး တော့ နည်းနည်းကြာလာတော့ ခမ်းပတ်က သူတွေက ဝန်းထမ်းလည်းမရှိဘူးလေ လက်လုပ်လက်စား၊ တနေ့လုပ်တနေ့စားတဲ့သူတွေများတယ်လေ အခုဒီမှာက ဘာမှလုပ်မရှိ အ ကိုင်မရှိတော့ သူတို့ရှိတဲ့ဟာ သုံးပြီးတော့ ရှိတဲ့သူစီလိုက်ချေးပြီး သုံးပြီးတော့ နေကြတော့ ဘယ်လိုလာကြမလဲမသိတော့ဘူး။ မလွယ်ဘူး” ဟု စစ်ဘေးရှောင်က ပြောသည်။
ခမ်းပတ် စစ်ဘေးရှောင်များ ကူညီကယ်ဆယ်ရေးနှင့် စောင့်ရှောက်ရေးကော်မ တီ၏ စာရင်းအရ ကလေး မြို့ပေါ်တွင် ခမ်းပတ်ဘက်စစ်ရှောင် အိမ် ထောင်စု (၁၃၀) ခန့်နှင့် လူဦးရေ (၄၆၀) ဝန်းကျင်သာ စာရင်းရရှိထားသော် လည်း မြို့ပေါ်တွင် ယခုထက် စစ်ဘေးရှောင်လူဦးရေ ပိုများသည်ဟု သိရသည်။
စစ်ရေးအခြေအနေကြောင့် ကလေးမြို့ပေါ်တွင် စစ်ဘေးရှောင်နေကြသည့် ပြည်သူများသည် လက်ရှိအထိ နေရပ်ပြန် နိုင်ခြင်းမရှိသေးသည့်အပြင် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး ကူညီပံ့ ပိုးမှုများလိုအပ်နေသောကြောင့် ပြည်သူများအနေဖြင့် တတ်နိုင်သမျှကူညီပေးရန် လိုအပ်ကြောင်း စစ်ဘေးရှောင်များ ကူညီကယ်ဆယ်ရေး နှင့် စောင့်ရှောက်ရေးကော်မတီက ပြောသည်။
အိန္ဒိယ- မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါသော ကလေး- တမူးကားလမ်းအား စစ်ကောင်စီ သည် ပြန်လည်ထိန်းချုပ်နိုင်ရန် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသောကြောင့် လက်ရှိတွင် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ခမ်းပတ်မြို့အပြင် ကနန်၊ ကမ္မကြီးရွာ တို့အား စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်ဟု သိရသည်။

