Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

0
By Editor on September 19, 2026 Headline

(004SS)

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မွန်လိုင်ရပ်ကွက်တွင် နာရေးမဏ္ဍပ် ဆောက်လုပ်ပေးနေသည့် ချင်းလူငယ် ၂ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့ပြီး ကျပ်သိန်း ၂၀၀ ဖြင့် ပြန်လည်ရွေးခိုင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက် တနင်္လာနေ့က မွန်းလိုင်ရပ်ကွက်ရှိ MZBC အသင်းသားတစ်ဦး၏ နာရေးတွင် မဏ္ဍပ် ဆောက်၍ ကူညီလုပ်ကိုင်ပေးနေသည့် လူငယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်ည်ဟု သိရသည်။

“ပြီးခဲ့တဲ့တနင်္လာနေ့က မွန်လိုင်မှာ MZBC အသင်းတော်က အသုဘမှာ မဏ္ဍပ်ဆောက်နေတဲ့ လူငယ် ၂ ဦးကို စစ်သားတွေက ဖမ်းလိုက်တယ်။ တစ်ယောက်က Pu Lal Rin Zual ရဲ့သားပေါ့နော်။ သု့ကို သိန်း ၂၀၀ နဲ့ ရွေးခိုင်းတယ်။ အဲလိုနဲ့ ၁၄ ရက်နေ့ က လွှတ်ပေးတယ်။ နောက်သူနဲ့အတူ ဖမ်းခံရတဲ့ တစ်ယောက်ကိုတော့ ဘယ်လောက်နဲ့ရွေးခိုင်းမလဲ မသိဘူး။” ဟု ကလေး မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် စက်တင်ဘာ ၁၆ ရက်နေ့ကလည်း တောင်ဖီလာရပ်ကွက်ရှိ နေအိမ်တစ်အိမ်သို့ နက်ပြာရောင်ဝတ်စုံဝတ်ဆင်သော ပြည်သူ့စစ်များ ဝင်ရောက်စီးနင်းခဲ့ရာ အိမ်ထဲမှာရှိနေကြသော လူငယ် ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်ဟု သိရသည်။

သို့သော်လည်း ပြည်သူ့စစ်များသည် နေအိမ်ထဲရှိနေသော မိခင်ဖြစ်သူကို အဓမ္မဖမ်းဆီးရန် ကြိုးပမ်းခဲ့ပြီး နောက်ဆုံးတွင် ကျပ်သိန်း ၃၀ ပေးဆောင်ပါက ဖမ်းဆီးမည်မဟုတ်ကြောင်းပြောဆိုကာ ခြိမ်းခြောက်၍ငွေညှစ်တောင်းခံခဲ့ကြောင်း သိရသည်။

“တောင်ဖီလာရပ်ကွက်မှာ လူငယ်ရှိတဲ့ အိမ်တစ်အိမ်ကို ပြည်သူ့စစ်တွေက ဝင်စီးတာ။ သူတို့အလာကိုတွေ့လို့ အဲဒီလူငယ် လေးရယ် လာလည်တဲ့ သူ့သူငယ်ချင်းရယ် ၂ ယောက် ထွက်ပြေးသွားတယ်။ ဒါနဲ့ အဲဒီ ပြည်သူ့စစ်တွေကလဲ သူတို့ပြန်လာ တာကို စောင့်နေကြတယ်။ သူတို့လဲ အကြာကြီးမစောင့်နိုင်ဘူးလေ၊ အဲလိုနဲ့ အဲဒီအိမ်က အမေဖြစ်သူကို ဖမ်းခေါ်သွားဖို့ လုပ်တယ်။ မဖမ်းဖို့တောင်းပန်ပြီး နောက်ဆုံး သိန်း ၃၀ ပေးရင် မဖမ်းတော့ဘူးဆိုပြီး ပြည်သူ့စစ်တွေက သဘောတူထား တယ်။ အဲဒီငွေကို စက်တင်ဘာလ မကုန်ခင် အကုန်ပေးရမယ်တဲ့”ဟု ကလေးမြို့ ဒေသခံအမျိုးသားက ပြောသည်။

လက်ရှိမှာ ကလေးမြို့အတွင်း စစ်တပ်နှင့် နက်ပြာရောင်ဝတ်စုံဝတ်ဆင်သည့်ပြည်သူ့စစ်များသည် အိမ်စီးကားများဖြင့် တစ်ဖွဲ့လျှင် ၅ ဦးမှ ၁၀ ဦးအထိ မြို့တွင်း လှည့်လည်သွားလာနေသည့်အပြင်၊ အချို့မှာ ဝတ်စုံမဝတ်ဘဲ အရပ်သားဟန်ဆောင် ကာ လူစုလူဝေးရှိရာ နေရာများတွင် ကြိုတင်စောင့်ဆိုင်း ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.