Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့၊ ပျဉ်းတောဦးကျေးရွာထဲ လက်နက်ကြီးထပ်မံကျရောက်ပေါက်ကွဲ အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရ

ကလေးမြို့၊ ပျဉ်းတောဦးကျေးရွာထဲ လက်နက်ကြီးထပ်မံကျရောက်ပေါက်ကွဲ အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရ

0
By Editor on April 25, 2024 Khonumthung

(005MK)

ကလေးမြို့မြောက်ပိုင်း ပျဉ်းတောဦး (Tuingo) ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦးထပ်မံသေဆုံးပြီး တစ်ဦးမှာပြင်းထန်ဒဏ်ရာရရှိကြောင်းသိရသည်။

ယနေ့ဧပြီလ ၂၅ ရက်နေ့လည်ပိုင်းတွင် ပျဉ်းတောဦးကျေးရွာထဲ စစ်ကောင်စီ၏ လက်နက်ကြီး ၂ ကြိမ် ကျရောက်ပေါက်ကွဲခဲ့ပြီး ပထမအကြိမ်ပေါက်ကွဲမှုတွင် ဆိုင်ကယ်စီးနေသောအမျိုးသားနှစ်ဦးထိမှန်ကာ တစ်ဦးမှာသေဆုံးသွားပြီး ကျန်တစ်ဦးမှာလည်း စိုးရိမ်ဒဏ်ရာအပြင်းအထန်ရရှိကြောင်း ဒေသခံများထံမှသိရသည်။

“မနေ့က ရွာထဲမှာလက်နက်ကြီးကျပြီး သေဆုံးမှုတွေကြောင့် တရွာလုံးဝမ်းနည်းပူဆွေးနေကြတဲ့အချိန်မှာ ဒီကနေ့မှာလည်း ရွာထဲကို လက်နက်ကြီး ၂ နေရာမှာထပ်မံကျလာတယ် တစ်ယောက်ကတော့သေသွားတယ်၊ ကျန်တဲ့တစ်ယောက်တော့ အသက်ကယ်လို့အချိန်မီနိုင်မယ်လို့မျှော်လင့်ရတယ်’’ ဟု ပျဉ်းတောဦးဒေသခံတစ်ဦးက သူ၏လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြထားသည်။

ဒုတိယအကြိမ်ကျရောက်ပေါက်ပွဲမှုတွင် လူထိခိုက်မှုမရှိသော်လည်း လူနေအိမ်တစ်လုံးထိမှန်ကာ မီးလောင်ပြာကျခဲ့ရသည်ဟုသိရသည်။

ကလေးမြို့မှ ၁၂ မိုင်ခန့်ကွာဝေးသော ပျဉ်းတောဦးကျေးရွာတွင် ယမန်နေ့ညနေပိုင်း ၄ နာရီခန့်က လက်နက်ကြီး ၃ ကြိမ်ကျရောက်ပေါက်ကွဲခဲ့ပြီး ၁၀ နှစ်အရွယ်ကလေးငယ် ၂ ဦးနှင့် အဘိုးအိုတစ်ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယခုဧပြီလဆန်းပိုင်းကစ၍ ကလေးမြို့မြောက်ပိုင်းဒေသ ကလေး-လက်ပံချောင်း ကားလမ်းမပေါ်ရှိ ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပျဉ်းခုံကြီး၊ ယောက်ချိုကွင်း၊ မိုင်နွဲ စသည့်ကျေးရွာများကို မီးရှို့ဖျက်စီးခဲ့သည်။

ဒေသခံပြည်သူများသည် နီးစပ်တောတောင်များ၊ ကလေးမြို့ပေါ်နှင့် အိန္ဒိယ-မြန်မာနယ်စပ်ဘက်တို့တွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.