Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့၊ ပြည်တော်သာရွာကို စစ်ကောင်စီမီးရှို့၊ အရပ်သား ၂ ဦးသတ်ဖြတ်ခံရ

ကလေးမြို့၊ ပြည်တော်သာရွာကို စစ်ကောင်စီမီးရှို့၊ အရပ်သား ၂ ဦးသတ်ဖြတ်ခံရ

0
By Editor on May 3, 2024 Khonumthung

ကလေးမြို့မြောက်ပိုင်းဒေသ ကလေး-လက်ပံချောင်း ကားလမ်းမပေါ်မှာတည်ရှိသော ပြည်တော်သာကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့နေပြီး အရပ်သား ၂ ဦးကိုလည်း သတ်ဖြတ်ခဲ့သည်ဟု သိရသည်။

အင်အား ၁၀၀ ကျော်ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီလ ၃၀ ရက်နေ့က ပြည်တော်သာကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြသည်ဟု သိရသည်။

ထို့နောက် မေလ ၁ ရက်နေ့ကစ၍ ၂ ရက်နေ့ညပိုင်းအထိ ပြည်တော်သာကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့များက စတင်မီးရှို့ခဲ့ကြပြီး အိမ်ခြေမည်မျှလောင်ကျွမ်းသွားသည်ကို မသိရသေးပေ။

ထို့အပြင် မေလ ၂ ရက်နေ့တွင် ပြည်တော်သာကျေးရွာသား ၂ ဦးအား စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်သွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“စိတ်ပိုင်းဆိုင်ရာမသန်စွမ်း အမျိုးသား ၂ယောက် အသတ်ခံရတယ်၊ အသက် က ၄၀ ပတ်ဝန်းကျင်လောက်ပါ။သူတို့က ရွာထဲမှာ ကျန်ခဲ့ကြတာ၊ သူတို့ရွာမှာလဲ ဟိုဖက် (စကစ) က တပ်စွဲထားတုန်းပဲလေ” ဟု ယင်းဒေသခံကပြောသည်။

ယခုလက်ရှိတွင် စစ်ရေးအခြေအနေတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြောက်ပိုင်းဒေသကို ဆက်လက်ထိုးစစ်ဆင်မည့်အနေအထားရှိသည်ဟု သိရသည်။

ထို့ကြောင့် ကလေးမြောက်ပိုင်းဒေသတွင်နေထိုင်ကြသော ဒေသခံပြည်သူများသည် ကလေးမြို့ပေါ်နှင့် အိန္ဒိယ-မြန်မာနယ်စပ်ဘက်သို့ အလုံးအရင်းဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.